ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆာင္ရြက္မႈဆုိင္ရာ ကိစၥရပ္မ်ား၊ တပ္မေတာ္၏ ေဆာင္ရြက္ခ်က္မ်ား၊ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင္႕ ပတ္သက္၍ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖဲြ႔ႏွင္႕ သတင္းမီဒီယာမ်ားျပဳလုပ္သည္႕ သတင္းစာ ရွင္းလင္းပြဲ မွတ္တမ္း

ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆာင္ရြက္မႈဆုိင္ရာ ကိစၥရပ္မ်ား၊ တပ္မေတာ္၏ ေဆာင္ရြက္ခ်က္မ်ား၊ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင္႕ ပတ္သက္၍ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖဲြ႔ႏွင္႕ သတင္းမီဒီယာမ်ားျပဳလုပ္သည္႕ သတင္းစာ ရွင္းလင္းပြဲ မွတ္တမ္း

(ယမန္ေန႕မွ အဆက္)

ျပည္တြင္းၿငိမ္းခ်မ္းေရး ေဆာင္ရြက္မႈဆုိင္ရာ ကိစၥရပ္မ်ား၊ တပ္မေတာ္၏ ေဆာင္ရြက္ခ်က္ မ်ားႏွင့္ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားႏွင့္ ပတ္သက္သည့္ သတင္းစာ ရွင္းလင္းပဲြကို ၂ဝ၁၉ ခုႏွစ္  ဇူလိုင္ ၂၃ ရက္ ညေန ၃ နာရီမွ ၄ နာရီခြဲအထိ   တပ္မေတာ္ စစ္သမုိင္းျပတုိက္(ေနျပည္ေတာ္)၌ က်င္းပျပဳလုပ္ခဲ့ၿပီး တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရး ေကာ္မတီအဖဲြ႕ဝင္ ၁၅ ဦးႏွင့္  သတင္းမီဒီယာ ၂၂ ခုမွ သတင္းေထာက္ ၄၄ ဦး တက္ေရာက္ ခဲ့ၾကပါသည္။

ဦးထက္ႏိုင္ေဇာ္(ဧရာဝတီသတင္းဌာန)

ေမး။ ။ ရခိုင္ျဖစ္စဥ္ကို အေၾကာင္းျပဳၿပီး အနည္းဆုံး အရာရွိ၊စစ္သည္ ဘယ္ေလာက္ အေရးယူ ခဲ့ပါသလဲ     သိခ်င္ပါေၾကာင္း  ေမးျမန္းခဲ့ပါသည္။

ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျဖၾကားရာတြင္

ကြၽန္ေတာ္တို႔ သတင္းထုတ္ျပန္ၿပီး ျဖစ္ပါေၾကာင္း၊ ျပန္ေလ့လာ ၾကည့္ေစခ်င္ပါေၾကာင္း၊ ယခင္  သတင္းစာ ရွင္းလင္းပြဲတုန္းကလည္း ေျပာခဲ့ပါေၾကာင္း၊ ၎တို႔၏ ပုဂၢိဳလ္ေရးကို ေထာက္ၿပီး အေရအတြက္တို႔၊ နာမည္တို႔ ေျပာဖို႔ ခက္ခဲတဲ့ အေျခအေနကိုေတာ့ နားလည္ေပးဖို႔ ေျပာလိုပါေၾကာင္းျဖင့္ ေျဖၾကားခဲ့ပါသည္။

ေဒၚေအးေအးမြန္(RFAသတင္းဌာန)

ေမး။  ။ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈနဲ႔ ပတ္သက္ၿပီးေတာ့ ျပည့္ျပည့္စုံစုံ ရွင္းျပသြားတာ ေက်းဇူးတင္ပါတယ္။ နည္းဥပေဒေတြေရာ၊ စံႏႈန္းေတြေရာ   ေတာ္ေတာ္မ်ားမ်ားနဲ႔ေပါ့၊ အျဖစ္အပ်က္ေလး တစ္ခုအေပၚမွာပဲ  ပိုၿပီးတိတိက်က် သိခ်င္ပါတယ္။ လြန္ခဲ့တဲ့ လအနည္းငယ္က ေက်ာက္တန္းရြာမွာ AA ႏွင့္ ဆက္ႏႊယ္တယ္ ဆိုၿပီး တပ္မေတာ္က ရြာသားေတာ္ေတာ္မ်ားမ်ားကို ေခၚယူၿပီး   စစ္ေဆး ေမးျမန္းပါတယ္။ အဲဒီမွာ တခ်ဳိ႕ေၾကာက္လန္႔ၿပီး ထြက္ေျပးတဲ့အခါ  အေျခအေန႐ႈပ္ေထြးၿပီး ပစ္ခတ္မႈ ျဖစ္ပြားရာ လူေျခာက္ဦးေသဆုံးခဲ့ပါတယ္။အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ စံႏႈန္းေတြနဲ႔အညီ၊  ဥပေဒေတြနဲ႔အညီ စစ္ေဆး၊ ရွာေဖြေဖာ္ထုတ္ ေနတယ္လို႔ သိရပါတယ္။အဲဒီကိစၥတစ္ခုတည္းနဲ႔ ပတ္သက္ၿပီးေတာ့ ပိုၿပီးတိက်တဲ့ သတင္းအခ်က္အလက္မ်ား သိခ်င္ပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျဖၾကားရာတြင္

ကြၽန္ေတာ္တို႔ ေျပာႏိုင္တာ ေျပာေပးမွာျဖစ္ေၾကာင္း၊ အင္းဒင္ကိစၥလိုပဲ ထပ္ၿပီး တရားစီရင္ေရးမွာ လက္ရွိအေျခအေနမွာ ထင္ရွားတဲ့ RFA သတင္းေထာက္ေမးျမန္းတဲ့ ကိစၥ၊ၿပီးေတာ့ ေက်ာက္တန္းရြာ ကိစၥတစ္ခုတည္း မဟုတ္ေၾကာင္း၊ မင္းျပားၿမိဳ႕နယ္၊ ပန္းေျမႇာင္ေက်းရြာကိစၥ၊   ေျမာက္ဦးၿမိဳ႕နယ္၊   လကၠာေက်းရြာကိစၥ၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်းရြာကိစၥႏွင့္   ေျမာက္ဦးၿမိဳ႕နယ္၊ ေဝသာလီ ဆုေတာင္းျပည့္ဘုရား အနီးကိစၥ စသည္ျဖင့္ အေျခအေနေတြအေပၚ သံသယႏွင့္ ထိန္းသိမ္း စစ္ေဆးမႈေတြ ေဆာင္ရြက္တဲ့အခါ ေသဆုံးမႈေတြျဖစ္ေၾကာင္း၊ ေသဆုံးမႈေတြ ျဖစ္တဲ့အေပၚ ျမဝတီေန႔စဥ္ထုတ္ သတင္းစာ ဇူလိုင္လ ၁၃ ရက္ေန႔ သတင္းထုတ္ျပန္ခ်က္ေတြမွာ    ျဖစ္စဥ္အမွန္အတိုင္း ေပၚေပါက္ဖို႔ အတြက္   သက္ဆိုင္ရာတိုင္း စစ္ဌာနခ်ဳပ္က တပ္မေတာ္ နည္းဥပေဒ ၁၇၆ ႏွင့္အညီ ဇူလိုင္လ ၁၂ ရက္ေန႔မွစ၍ စုံစမ္းစစ္ေဆးေရးခုံ႐ုံး ဖြဲ႕စည္းၿပီး ေဆာင္ရြက္ေနပါေၾကာင္းကို ေဖာ္ျပခဲ့ေၾကာင္း၊   စစ္ဘက္တရားစီရင္ေရးေရာ၊ နယ္ဘက္ တရားစီရင္ေရးေရာ စုံစမ္းစစ္ေဆးၿပီးေတာ့ ေဆာင္ရြက္ေနဆဲ အေျခအေနမွာ သတင္းထုတ္ျပန္ေပးလို႔ မရႏိုင္ေသးတဲ့အတြက္ သတင္းမထုတ္ျပန္ေသးတာပဲ ျဖစ္ပါေၾကာင္း၊ အားလုံးၿပီးျပည့္စုံတဲ့ အခါမွာ ေတြ႕ရွိခ်က္ေတြကို အားလုံးသိေအာင္ ထုတ္ျပန္ေပးမွာ ျဖစ္ပါေၾကာင္း၊ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ ဥပေဒႏွင့္အညီ လုပ္ငန္းစဥ္ အဆင့္ဆင့္ကို စနစ္တက်ေဆာင္ရြက္ေနတယ္ဆိုတဲ့ အေၾကာင္း ေျဖၾကားခဲ့ပါသည္။

ေဒၚေအးေအးမြန္(RFA သတင္းဌာန)

ေမး။   ။ အခ်ိန္ကာလေလး သိခ်င္ပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျဖၾကားရာတြင္

အခ်ိန္ကာလက စုံစမ္းစစ္ေဆးေရးခုံ႐ုံးေတြရဲ႕စစ္ေဆးေတြ႕ရွိမႈ   ေပၚေပါက္မႈေတြအေပၚမွာ မူတည္မည္ျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါသည္။

ဦးေအာင္သူရ(BBC သတင္းဌာန)

ေမး။  ။ ကခ်င္ျပည္နယ္တြင္  ေျမာက္ပိုင္းတိုင္းမွဴး၊ တပ္မမွဴး  အေရးယူတယ္ဆိုတဲ့ သတင္း ကြၽန္ေတာ္တို႔ ဖတ္လိုက္ရပါေၾကာင္း၊ သူတို႔ကို စစ္ေဆးအေရးယူတဲ့အပိုင္း သိလိုပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ေျဖၾကားရာတြင္

ဒီအေၾကာင္းအရာနဲ႔ ပတ္သက္လို႔လည္း အလားတူေဆာင္ရြက္ခဲ့တာျဖစ္ေၾကာင္း  ျပန္လည္ေျဖၾကားခဲ့ပါသည္။

ဦးေအာင္သူရ(BBC သတင္းဌာန)

ေမး။ ။ ရခိုင္အမတ္မ်ားက၊ ရခိုင္လႊတ္ေတာ္ ကိုယ္စားလွယ္တခ်ဳိ႕က ေရြးေကာက္ပြဲ စည္း႐ုံးေရး ကာလႏွင့္ ေရြးေကာက္ပြဲကာလတို႔တြင္ မူလအေနအထား ျပန္မရမွာကို စိုးရိမ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္     မူလအေနအထားရေအာင္  ဘယ္ကာလေလာက္ကို  မွန္းဆထားလဲ သိခ်င္ပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျဖၾကားရာတြင္

အဓိကကေတာ့   ရခိုင္တြင္  လက္ေတြ႕ျဖစ္ေနတဲ့ အရာေတြကို    အရင္ေျပာခ်င္ပါေၾကာင္း၊ ရခိုင္မွာ အခုမိုးရာသီ စိုက္ပ်ဳိးေရး ကာလေရာက္တဲ့အခ်ိန္မွာ မီဒီယာေတြလည္း ခဏခဏေမးပါေၾကာင္း၊   စစ္ေဘးေရွာင္စခန္းေတြမွာ လူမ်ားေနတယ္ဆိုၿပီး ေျပာပါေၾကာင္း၊ တကယ္ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ ေမးႏိုင္ရင္ေတာ့ ပိုေကာင္းပါေၾကာင္း၊ စစ္ေဘးေရွာင္ စခန္းကလူေတြလည္း စပါးစိုက္ခ်င္ေနပါေၾကာင္း၊ သို႔ေသာ္ AA က  ရြာေတြကေန စစ္ေဘးေရွာင္စခန္းေတြကို ေရာက္ေအာင္ ႏွင္ထုတ္ထားတာ ရွိပါေၾကာင္း၊ ခုနကေျပာတဲ့ ေမးခြန္းမွာ ရခိုင္ျပည္နယ္ဘက္မွာ ေရြးေကာက္ပြဲနီးလာရင္  တည္ၿငိမ္ဖို႔  ရခိုင္လႊတ္ေတာ္အမတ္ေတြက စိုးရိမ္ၾကတယ္လို႔ ေျပာပါတယ္။ စိုးရိမ္ရင္ တည္ၿငိမ္မႈရွိေအာင္   သူတို႔လည္းဝိုင္းဝန္းကူညီ ပါဝင္ေဆာင္ရြက္ေပးပါလို႔ ေျပာခ်င္ပါေၾကာင္း၊ ရခိုင္မွာျဖစ္ပ်က္ေနတဲ့ အေျခအေနေတြကို   မစြပ္စြဲလိုေသာ္လည္း ေျပာရမွာျဖစ္ေၾကာင္း၊ တစ္ခုခုျဖစ္လာတဲ့အခါတိုင္း ရခိုင္မွာ အခုတည္ၿငိမ္ေစခ်င္တယ္လို႔ ေျပာတဲ့ လႊတ္ေတာ္အမတ္ေတြ ဘယ္လိုမ်ဳိးေတြ ေျပာေနသလဲ၊  မီဒီယာေတြနဲ႔ ေျပာတာေတြ၊ ေဝဖန္တာေတြရွိေၾကာင္း၊ ေျပာဆိုခ်က္ေတြက သူတို႔လိုခ်င္ပါတယ္ဆိုတဲ့ တည္ၿငိမ္ေအးခ်မ္းမႈကို ရရွိေစႏိုင္တဲ့ ေျပာဆိုခ်က္ေတြလား၊ အေထာက္အကူျဖစ္ေစႏိုင္တဲ့ ေျပာဆိုခ်က္ေတြလား ဆိုတာ သုံးသပ္ရမွာျဖစ္ေၾကာင္း၊ တကယ္အက်ဳိးလိုခ်င္လို႔ ေျပာတဲ့ဟာလည္းရွိပါေၾကာင္း၊ တခ်ဳိ႕ေျပာဆိုခ်က္ေတြကလည္း အစြန္းေရာက္လြန္းပါေၾကာင္း၊ ဘယ္ကိစၥမွာမဆို အစြန္းေရာက္တဲ့ ေျပာဆိုခ်က္ေတြဟာ တည္ၿငိမ္ေအးခ်မ္းမႈကို   အေထာက္အကူျပဳႏိုင္မွာ မဟုတ္ဘူးလို႔  ေျပာလိုပါေၾကာင္း၊ ဘယ္အခ်ိန္မွာ ေအးခ်မ္းမလဲ ဆိုတာကေတာ့  လုံၿခံဳေရးဆိုတာ ၁ဝဝ ရာခိုင္ႏႈန္း အာမခံခ်က္ရွိတဲ့ ႏိုင္ငံမရွိပါေၾကာင္း၊ သို႔ေသာ္ တပ္မေတာ္အေနနဲ႔လည္း ရခိုင္ျပည္နယ္နဲ႔ ပတ္သက္လာရင္ တပ္မေတာ္ရဲ႕သေဘာထား ရပ္တည္ခ်က္ဟာ ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္ၿပီး လမ္းဖြင့္ေပးထားပါေၾကာင္း၊ တပ္မေတာ္ရဲ႕ ထုတ္ျပန္ ခ်က္မ်ားကို ေသခ်ာျပန္ဖတ္ၾကည့္ရင္ သိႏိုင္ပါေၾကာင္း၊ ဒီဇင္ဘာလ ၂၁ ရက္ ထုတ္ျပန္ခ်က္ ပထမပိုဒ္တြင္ အဖြဲ႕အစည္းသုံးခု နာမည္ေတြပါေၾကာင္း၊ အဖြဲ႕အစည္းသုံးခုရဲ႕နာမည္မ်ားထဲမွာ ရခိုင္နဲ႔ပတ္သက္လို႔ ပါၿပီးသားျဖစ္ပါေၾကာင္း၊ ဒါ့ေၾကာင့္ ၿငိမ္းခ်မ္းေရးႏွင့္ ပတ္သက္လာရင္ အၿမဲတမ္း တံခါးဖြင့္ေပးထားတာ ျဖစ္ပါေၾကာင္း၊ ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းေပၚကို ေလွ်ာက္လွမ္းႏိုင္ဖို႔အတြက္ အားလုံးက ဝိုင္းဝန္း  တိုက္တြန္းေပးႏိုင္ မယ္ဆိုရင္ ရခိုင္ျပည္နယ္၌လိုခ်င္တဲ့ တည္ၿငိမ္ေအးခ်မ္းေရးဆိုတာ ပိုၿပီး ျဖစ္လာႏိုင္ပါေၾကာင္း ေျဖၾကားခဲ့ပါသည္။

ဦးေမာင္ပိုင္(ဒီမိုကေရစီတူေဒး သတင္းဌာန)

ေမး။  ။ ရခိုင္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ ေဆာင္ရြက္ေနတဲ့ ကိစၥေတြမွာ တပ္မေတာ္ႏွင့္ အစိုးရပူးေပါင္းေဆာင္ရြက္မႈေတြ၊ တပ္မေတာ္ႏွင့္ အႀကီးအကဲေတြ တစ္ဦးႏွင့္တစ္ဦး ညႇိႏႈိင္းေဆာင္ရြက္မႈ ရွိ၊မရွိ သိရွိလိုေၾကာင္း၊ မနက္ကၤ Facebook  ေပၚမွာဖတ္လိုက္ရေၾကာင္း၊  တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က အနားယူသြားရင္ ေနာက္ထပ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေနရာကို တာဝန္ယူမယ့္သူ ဘယ္သူဘယ္ဝါဆိုၿပီးေတာ့ ေတြ႕ပါေၾကာင္း၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကေရာ အခု  ၂ဝ၂ဝ   ျပည့္ႏွစ္အတြင္းမွာ  အနားယူဖို႔ အစီအစဥ္မ်ား ရွိပါက သိလိုပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျဖၾကားရာတြင္

စစ္ဆင္ေရးနဲ႔ ပတ္သက္၍ ရခိုင္ျပည္နယ္ စစ္ဆင္ေရးပဲျဖစ္ျဖစ္၊ မည္သည့္ စစ္ဆင္ေရးပဲျဖစ္ျဖစ္ တပ္မေတာ္က တာဝန္ထမ္းေဆာင္ေနတဲ့ ႏိုင္ငံေတာ္ ကာကြယ္ေရး တာဝန္ႏွင့္ လုံၿခံဳေရးတာဝန္ ထမ္းေဆာင္မႈအား အစိုးရ႐ုံးႏွင့္ သမၼတ႐ုံးသို႔ တင္ျပသင့္သည္မ်ား တင္ျပလ်က္ ရွိပါေၾကာင္း၊ ၎မွာ အစိုးရတစ္ရပ္ႏွင့္ ႏိုင္ငံေတာ္ ကာကြယ္ေရးတာဝန္ ထမ္းေဆာင္ေနတဲ့ တပ္မေတာ္တစ္ရပ္ရဲ႕ အၿမဲတမ္း လုပ္ေဆာင္ေနရတဲ့   လုပ္ငန္းစဥ္ျဖစ္ေၾကာင္း၊  ညႇိႏႈိင္း ေဆာင္ရြက္မႈ ရွိတာ၊ ပူးေပါင္းေဆာင္ရြက္မႈ ရွိတယ္ဆိုတာ အထူးေျပာစရာ မလိုပါေၾကာင္း ေျဖၾကားခဲ့ပါသည္။

ဆက္လက္ၿပီး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေျဖၾကားရာတြင္

တပ္မေတာ္မွာေတာ့ ရာထူးအဆင့္ႏွင့္ ပတ္သက္၍    တိက်တဲ့ စစ္ရာထူး ခန္႔ထားေရး စည္းမ်ဥ္းစည္းကမ္းေတြႏွင့္ အညီ ေဆာင္ရြက္လ်က္ ရွိပါေၾကာင္း ေျဖၾကားခဲ့ပါသည္။

ဦးထက္ႏိုင္ေဇာ္(ဧရာဝတီ သတင္းဌာန)

ေမး။ ။ တပ္မေတာ္က AA ဆိုၿပီး  စြပ္စြဲၿပီး အဖမ္းခံရတဲ့ ရြာသားေတြရွိေၾကာင္း၊ စစ္ေဆးေနစဥ္ အတြင္းမွာ ဒဏ္ရာရတာေတြ၊ ေသဆုံးတာေတြ ရွိေၾကာင္း၊ ဒါေတြကို ဗိုလ္ခ်ဳပ္တို႔ သိပါသလား၊ ဒါေတြက ေသြး႐ိုးသား႐ိုး ျဖစ္တာလား၊ ဒါမွမဟုတ္ စစ္ေၾကာေရး ကာလမွာ ႏွိပ္စက္မႈ တစ္စုံတစ္ရာ ရွိခဲ့လား၊အဲဒီလိုမရွိေအာင္ ဘယ္လိုၫႊန္ၾကားခ်က္ ေပးထားလဲ သိခ်င္ပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျဖၾကားရာတြင္

စစ္ေဆးေနစဥ္ အတြင္း ႏွိပ္စက္မႈရွိတယ္ ဆိုတာႏွင့္ပတ္သက္၍ အရင္တစ္ခါကလည္း ေျဖၿပီးျဖစ္ပါေၾကာင္း၊ ႏိုင္ငံသားတိုင္းသည္ ဥပေဒအရ အကာအကြယ္ ရယူပိုင္ခြင့္၊ ဥပေဒအရ ခုခံကာကြယ္ပိုင္ခြင့္ ရွိေၾကာင္း၊ မိမိနစ္နာတယ္ ဆိုရင္ နစ္နာသည္ကို ႏိုင္ငံသားတိုင္းသည္ တိုင္ၾကားပိုင္ခြင့္ ရွိေၾကာင္း၊ ဒါနဲ႔ပတ္သက္လို႔   ခုနက   သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒုတိယ ဥကၠ႒လည္း   ရွင္းၿပီးျဖစ္ပါေၾကာင္း၊ တိုင္းအဆင့္   စုံစမ္း စစ္ေဆးေရးခုံ႐ုံး ဖြဲ႕စည္း ထားၿပီးျဖစ္ေၾကာင္း၊ အရင္တုန္းက မီဒီယာမ်ားကိုလည္း ေျပာပါေၾကာင္း၊ စုံစမ္းစစ္ေဆးေရး ခုံ႐ုံးမွာ ႏွစ္ပိုင္းရွိပါေၾကာင္း၊  နံပါတ္တစ္က စုံစမ္းစစ္ေဆးေရး ခုံ႐ုံးလုပ္သည့္အခါမွာ အဓိကကေတာ့ သက္ေသေတြကို စုံစုံလင္လင္ ရယူပါေၾကာင္း၊ တစ္ဖက္သတ္ ဘယ္ေတာ့မွ မရယူေၾကာင္း၊ တစ္ဖက္သတ္ မရယူဘူးဆိုတာတပ္မေတာ္သားေတြခ်ည္း ေခၚစစ္တာ မဟုတ္ေၾကာင္း၊ အဲဒီေဒသမွာ ျဖစ္ခဲ့တဲ့သူေတြ၊ ေဒသမွာ ရွိေနတဲ့သူေတြ၊ တပ္မေတာ္သားေတြ စုံစုံလင္လင္ ရယူေၾကာင္း၊ အဲဒီသက္ေသေတြကေန စုံစုံလင္လင္ ရယူၿပီး သူတို႔ရဲ႕သက္ေသ ထြက္ဆိုခ်က္အေပၚမွာ မူတည္ၿပီး အဲဒီသက္ေသကေန ေနာက္ထပ္ သက္ေသေတြ ထပ္ေခၚဖို႔လိုရင္ ထပ္ေခၚၿပီး စစ္ေဆးေၾကာင္း၊ စစ္ေဆးၿပီးမွ စစ္တရား႐ုံး ဖြဲ႕စည္းသင့္၊မသင့္ တာဝန္ရွိသူက ဘယ္သူလဲဆိုတာ ေဖာ္ထုတ္ရရွိျခင္း ျဖစ္ပါေၾကာင္း၊ ေက်ာက္တန္းရြာ ကိစၥႏွင့္ပတ္သက္ၿပီး အႀကံေပးလိုတာကေတာ့ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရး ေကာ္မရွင္ကေန အစီရင္ခံစာ ထုတ္ျပန္ၿပီးျဖစ္ပါေၾကာင္း၊ ၎အစီရင္ခံစာကို သူတို႔    တရားဝင္ သတင္းထုတ္ျပန္ၿပီး ျဖစ္ပါေၾကာင္း၊ အဲဒီအစီရင္ခံစာကို ဖတ္လိုက္ရင္ ပိုၿပီးျပည့္စုံစြာ    သိရွိႏိုင္မည္ျဖစ္ေၾကာင္း၊  ဘာေၾကာင့္ျဖစ္ခဲ့ရေၾကာင္း၊ သူတို႔ရဲ႕ သုံးသပ္ခ်က္ေတြက ဘာေၾကာင့္ဆိုတာ သူတို႔မွ်မွ်တတရွိၿပီး ႏွစ္ဖက္စလုံးကို အႀကံေပးထားပါေၾကာင္း၊ ကြၽန္ေတာ္တို႔ တပ္မေတာ္ဘက္ကိုေရာ၊ရြာဘက္ကိုေရာ၊ ေဒသခံဘက္ေတြကိုေရာ အႀကံျပဳထားတာ ရွိပါေၾကာင္း၊ ဒါကိုဖတ္ၾကည့္ရင္  ေက်ာက္တန္းရြာကိစၥ ရွင္းသြားမယ္လို႔ ထင္ပါေၾကာင္း ေျဖၾကားခဲ့ပါသည္။

ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျဖၾကားရာတြင္

RFA သတင္းဌာနမွ Documentary ႐ိုက္ေနတာႏွင့္ ပတ္သက္၍ အခ်က္အလက္ အက်ဥ္းခ်ဳပ္ ေျပာလိုပါေၾကာင္း၊  ေရွ႕တန္းစစ္ဆင္ေရးေတြမွာ တိုင္းျပည္အတြက္ စြန္႔လႊတ္စြန္႔စား တာဝန္ထမ္းေဆာင္ၿပီး အၿမဲတမ္း ေဆးအဆင့္နိမ့္ျဖစ္သြားတဲ့ စစ္သည္ေတြ၊ EA1 ၊ EA2 စစ္သည္ေတြႏွင့္ ပတ္သက္ၿပီး တပ္မေတာ္အေနႏွင့္ ေဆာင္ရြက္ေပးေနတာေတြ ရွိေၾကာင္း၊ နံပါတ္တစ္က EA1(Enemy Action) ဆိုတာ ရန္သူႏွင့္ထိေတြ႕ တိုက္ခိုက္မႈ ျဖစ္ပြားၿပီး ဒဏ္ရာရရွိတဲ့ သူေတြကို အမ်ားအားျဖင့္ အဆင့္တိုးျမႇင့္ေရး ေဆာင္ရြက္ေပးတာ ရွိေၾကာင္း၊ သင့္ေတာ္တဲ့ ဝန္ႀကီးဌာနေတြမွာ အလုပ္အကိုင္ရရွိေရး၊ ေနရာခ်ထားေရးအဖြဲ႕ႏွင့္ ေတြ႕ဆုံၿပီး တင္ျပညႇိႏႈိင္း ေဆာင္ရြက္ေပးတာေတြ ရွိေၾကာင္း၊  ျမန္မာ့စီးပြားေရးဦးပိုင္ႏွင့္ တပ္မေတာ္ပိုင္ စက္႐ုံနဲ႔ အလုပ္႐ုံေတြမွာ လႊဲေျပာင္းတာဝန္ ထမ္းေဆာင္ရန္ ေဆာင္ရြက္ေပးတာေတြ ရွိေၾကာင္း၊ တပ္မေတာ္ အသက္ေမြးဝမ္းေက်ာင္း အတတ္ပညာသင္ စခန္းႏွစ္ခုမွာ အသက္ေမြးဝမ္းေက်ာင္း ပညာေတြ သင္ၾကားေပးေၾကာင္း၊ သင္တန္း ၁၆ မ်ဳိးရွိပါေၾကာင္း၊   စက္ခ်ဳပ္သင္တန္း၊ ဖုန္းျပင္သင္တန္း၊ ဆိုင္ကယ္ျပင္သင္တန္း၊ စိုက္ပ်ဳိးေရးသင္တန္းေတြ သင္ၾကားေပးေနပါေၾကာင္း၊   အင္အားျဖည့္တင္းေရးတပ္ ႏွစ္တပ္ကို ေျပာင္းေရႊ႕ခြင့္ ရရွိေရး ေဆာင္ရြက္ ေပးေနပါေၾကာင္း၊ ၎အျပင္ေနာက္ပိုင္းမွာ စစ္သည္ေတြႏွင့္ ပတ္သက္ၿပီး စစ္မႈထမ္းေဟာင္း အိမ္ရာေတြ၊  အဆင့္ျမင့္ အိမ္ရာေတြ ေဆာင္ရြက္ေပးေနတာရွိေၾကာင္း၊ မသန္မစြမ္း ျဖစ္သြားတဲ့ EA1စစ္သည္ေတြ အသုံးျပဳႏိုင္ဖို႔ Wheel chairs နဲ႔ လွ်ပ္စစ္သုံးဘီး E-Bike ေတြေဆာင္ရြက္ေပးေနတာ ရွိပါေၾကာင္း၊ စစ္ဆင္ေရးမွာ ဒဏ္ရာရရွိတဲ့ EA1 စစ္သည္ေတြကို သုံးသိန္း၊ EA2စစ္သည္ေတြကို ႏွစ္သိန္းက်ပ္ႏႈန္း ေထာက္ပံ့ေပးေနတာ ရွိပါေၾကာင္း၊ ယခုလို ေထာက္ပံ့ေပးေနတဲ့ အျပင္ မူလရပိုင္ခြင့္ေတြျဖစ္တဲ့ မစြမ္းမသန္မႈ အၿငိမ္းစားလစာ၊ အၿမဲတမ္းကူေဖာ္စရိတ္၊ က႐ုဏာစရိတ္၊ ရိကၡာစရိတ္မ်ား ေဆာင္ရြက္ေပးလ်က္ ရွိပါေၾကာင္း၊ EA မ်ားအတြက္ ၆/၂ဝ၁၉ လအထိ ဦးပိုင္ အစုရွယ္ယာမ်ား ထည့္ဝင္မႈ က်ပ္သိန္းေပါင္း ၆၆၈ဝ ထည့္ဝင္ခဲ့ၿပီးျဖစ္ပါေၾကာင္း၊ ေနာင္မွာလည္း ထည့္ဝင္သြားမွာျဖစ္ပါေၾကာင္း၊ စစ္မႈထမ္းေဟာင္း အိမ္ရာေတြ ေဆာက္လုပ္ေပးေနတာေတြ ရွိေၾကာင္း၊ စစ္မႈထမ္းေဟာင္း အိမ္ရာႏွင့္အတူ စီးပြားေရးလုပ္ငန္းေတြ လုပ္ႏိုင္ဖို႔အတြက္ ေမြးျမဴေရးလုပ္ငန္းေတြ၊ စိုက္ပ်ဳိးေရး လုပ္ငန္းေတြ၊ အထည္ခ်ဳပ္လုပ္ငန္း ေတြ ထည့္သြင္း ေဆာင္ရြက္ေပးေနတာ ရွိပါေၾကာင္း၊ ပညာသင္ဆုေၾကးေတြ၊ ပညာသင္စရိတ္ေတြ ေထာက္ပံ့ေပးေနတာရွိပါေၾကာင္း၊ တပ္မေတာ္ရဲ႕  ေဆာင္ရြက္ေပးေနတဲ့အပိုင္း ျဖစ္ပါေၾကာင္း ေျဖၾကားခဲ့ပါသည္။

ဦးထက္ႏုိင္ေဇာ္ (ဧရာဝတီသတင္းဌာန)      

ေမး။ ။ ရခိုင္တိုက္ပြဲေတြမွာ အရပ္သားေသဆုံးမႈ ေနာက္ပိုင္း အရမ္းမ်ားလာေၾကာင္း၊ ဒီလိုမ်ဳိး အရပ္သားေသဆုံးမႈ ေလ်ာ့ေအာင္ ႏွစ္ဖက္လုံးမွာ တာဝန္ရွိပါေၾကာင္း၊ AA ေရာ၊ တပ္မေတာ္ေရာျဖစ္ေၾကာင္း၊ AA ကေတာ့ သူတို႔အပိုင္းေပါ့၊ ဗိုလ္ခ်ဳပ္တို႔ဘက္က အရပ္သား ေသဆုံးမႈ   ေလ်ာ့က်လာေအာင္ ေနာက္ပိုင္းဘယ္လိုမ်ိဳး လုပ္သြားမလဲ၊ ေျဖၾကား ေပးေစလိုပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျဖၾကားရာတြင္

အရပ္သား ေသဆုံးမႈႏွင့္ ႏွိပ္စက္မႈ တစ္စုံတစ္ရာ ရွိ၊မရွိ စစ္ေဆးစဥ္ ကာလမွာ ႏွိပ္စက္မႈေတြ ရွိတယ္လို႔ေျပာေၾကာင္း၊ ႏွိပ္စက္မႈေၾကာင့္ ေသဆုံးတယ္ ဆိုတာေတြကို ခဏခဏေျပာခဲ့ပါေၾကာင္း၊ ၎ႏွင့္ပတ္သက္ၿပီး ေသဆုံးခဲ့ရင္ သတင္းထုတ္ေပးေၾကာင္း၊ ေသဆုံးခဲ့ရင္ ရင္ခြဲစစ္ေဆးခ်က္ကို တပ္မွာမယူေၾကာင္း၊ ေသမႈေသခင္း ဖြင့္ေပးေၾကာင္း၊  တပ္မေတာ္ ေဆး႐ုံမွာ ယူတာမဟုတ္ေၾကာင္း၊ ရင္ခြဲစစ္ေဆးခ်က္ႏွင့္ ပတ္သက္ၿပီး ဘယ္သူ႔မွ ကြယ္ဝွက္လို႔မရပါေၾကာင္း၊ ဒါက သက္ေသခံ ဥပေဒအရ strong evidence ပဲျဖစ္ေၾကာင္း၊ ဒါေတြက ဖုံးကြယ္လို႔ မရေၾကာင္းႏွင့္ ေဆာင္ရြက္ေပးထားတာ ရွိေၾကာင္း၊ ကြၽန္ေတာ္တို႔ရဲ႕ ၫႊန္ၾကားခ်က္က ROE ျဖစ္ေၾကာင္း၊  ROE(Rule of Engagement) ထဲမွာပါၿပီးသား ျဖစ္ပါေၾကာင္း၊ Rule of Engagement ထဲမွာ ဖမ္းဆီးထားတဲ့ လူနဲ႔ပတ္သက္ၿပီး   ဘယ္လိုလုပ္ေဆာင္ ရမလဲ ဆိုတာပါၿပီးျဖစ္ေၾကာင္း၊    Rule of Engagement  ဆိုတာကို စစ္သည္အဆင့္အတန္း အားလုံးကို   ေပးေဝၿပီးျဖစ္ေၾကာင္း၊ Rule of Engagement ႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာ စစ္ဥပေဒခ်ဳပ္႐ုံး၊ သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္မွာရွိတဲ့ စစ္ဥပေဒအရာရွိေတြ၊ ေဒသကြပ္ကဲမႈ စစ္ဌာနခ်ဳပ္မွာရွိတဲ့ စစ္ဥပေဒအရာရွိေတြက တပ္တိုင္းတပ္တိုင္းကို သြားၿပီးေတာ့ Rule of Engagement ႏွင့္ Geneva Convention ပတ္သက္တာေတြကို အၿမဲတမ္း ႏွစ္စဥ္ႏွစ္တိုင္း ျပန္လည္ရွင္းျပေလ့ ရွိပါေၾကာင္း၊   ဒါေတြကို လိုက္နာဖို႔ ေဆာင္ရြက္ထားၿပီး ျဖစ္ပါေၾကာင္း၊ အရပ္သား ေသဆုံးမႈ ေလ်ာ့နည္းေအာင္ဆိုတာ မွန္ပါေၾကာင္း၊ ႏွစ္ဖက္လုံးမွာ တာဝန္ရွိပါေၾကာင္း၊ တပ္မေတာ္ကလည္း  ခဏခဏ ထုတ္ျပန္ေပးပါေၾကာင္း၊  ဒါနဲ႔ပတ္သက္ၿပီး  ရြာေတြနားမွာ၊ လူေနအိမ္နားမွာ တိုက္ပြဲမ်ား မျဖစ္ပြားေစဖို႔အတြက္   ေဆာင္ရြက္လ်က္ရွိပါေၾကာင္း၊ တပ္မေတာ္ကလည္း တိတိက်က်ထုတ္ျပန္ၿပီး ျဖစ္ပါေၾကာင္း၊ ROE ထဲမွာပါၿပီးသား ျဖစ္ေၾကာင္း၊ ROE ထဲမွာ စစ္ဘက္ဆိုင္ရာ ပစ္မွတ္ႏွင့္    အရပ္ဘက္ဆိုင္ရာ ပစ္မွတ္ခြဲျခားဖို႔ ဆိုတာေတြႏွင့္ ပတ္သက္ၿပီး ၫႊန္ၾကားထားၿပီးသား ျဖစ္ပါေၾကာင္း၊ ဒါေတြကို လိုက္နာေဆာင္ရြက္ႏိုင္ေအာင္ ေဆာင္ရြက္လ်က္ ရွိပါေၾကာင္း  ေျဖၾကားခဲ့ပါသည္။

ဦးထက္ႏုိင္ေဇာ္ (ဧရာဝတီသတင္းဌာန)

ေမး။  ။မေန႔ကက်င္းပတဲ့ လႊတ္ေတာ္မွာ ကာကြယ္ေရး ဝန္ႀကီးဌာနမွ    တပ္မေတာ္ အသုံးစရိတ္ေတြ ရွင္းပါေၾကာင္း၊ ဒါေပမဲ့ တခ်ဳိ႕ေဝဖန္ၾကေၾကာင္း၊ တပ္မေတာ္ အသုံးစရိတ္ အကုန္လုံးကို  စစ္မယ္ဆိုရင္ စစ္ခြင့္မရေသးေၾကာင္း၊ ဒီအေပၚမွာလည္း ေဝဖန္မႈေတြ ရွိပါေၾကာင္း၊  ဘာလို႔စစ္ခြင့္ မရတာလဲ၊ ဥပမာဆိုရင္ ကိုယ္စားလွယ္တခ်ဳိ႕က ဘာေျပာသလဲဆိုရင္ တပ္မေတာ္မွာ အင္အားဘယ္ေလာက္ရွိေၾကာင္း၊ စစ္သည္ ဘယ္ေလာက္ရွိေၾကာင္း၊  သူတို႔ရဲ႕  လစာ၊စရိတ္ ဘယ္ေလာက္ေပးေနရတယ္ ဆိုတာ သိခ်င္လို႔ေမးတာ ေျပာခြင့္မရဘူး ဆိုၿပီး တပ္မေတာ္ ကိုယ္စားလွယ္တခ်ဳိ႕က ျပန္ေျပာေၾကာင္း၊ အဲဒါကို ဘယ္လို အေျခအေနမ်ဳိးမွာ ရွင္းလင္းႏိုင္မလဲ သိခ်င္ပါေၾကာင္း ေမးျမန္းခဲ့ပါသည္။

ဗုိလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျဖၾကားရာတြင္

ႏွစ္ခ်က္ေျပာခ်င္ေၾကာင္း၊ နံပါတ္တစ္ အခ်က္က မည္သည့္တပ္မေတာ္မွ ဖြဲ႕စည္းပုံ အင္အားထုတ္ျပန္တာ မရွိပါေၾကာင္း၊ ကမၻာေပၚမွာ အပြင့္လင္းဆုံး ျဖစ္တယ္ဆိုေသာ တပ္မေတာ္ေတြရဲ႕    အခ်က္အလက္ေတြကို ရွာၾကည့္ပါက   မည္သည့္ တပ္မေတာ္မွ ထုတ္ေျပာတာ မရွိပါေၾကာင္း၊ ႏိုင္ငံေတာ္ ကာကြယ္ေရးႏွင့္ ပတ္သက္ၿပီး လွ်ဳိ႕ဝွက္သင့္တာကို လွ်ဳိ႕ဝွက္ရမွာ ျဖစ္ပါေၾကာင္း၊ လစာ၊ရိကၡာႏွင့္ပတ္သက္ၿပီး တပ္မေတာ္အေနႏွင့္ ပိုေတာင္းစရာလည္း  မရွိပါေၾကာင္း၊ တပ္မေတာ္အေနနဲ႔ လိုတာပဲ ေတာင္းမွာျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ကာကြယ္ေရး ဘတ္ဂ်က္ အခက္အခဲျဖစ္မွာစိုးလို႔ စိုက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းေတြ ေဆာင္ရြက္ေနတာျဖစ္ပါေၾကာင္း၊ တပ္မေတာ္က စိုက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းေတြဟာ ႏိုင္ငံေတာ္ဘတ္ဂ်က္ သုံးစြဲမႈကိုေလွ်ာ႔ခ်ႏိုင္ဖို႔အတြက္ စစ္သည္ေတြအေနနဲ႔ ေဆာင္ရြက္ေနတာ ျဖစ္ေၾကာင္း၊ နံပါတ္ႏွစ္အခ်က္ကေတာ့ ကာကြယ္ေရး ဘတ္ဂ်က္ တိုးေတာင္းတာႏွင့္ ပတ္သက္ၿပီး  ေျပာခ်င္တာက ယခင္ႏွစ္က ဆန္တစ္အိတ္ေစ်း ဘယ္ေလာက္လဲ၊ ဒီႏွစ္ေစ်း ဘယ္ေလာက္လဲ၊   ယခင္ႏွစ္က ဆီတစ္ပိႆာေစ်း ဘယ္ေလာက္လဲ၊  ဒီႏွစ္ဘယ္ေလာက္လဲ၊ ယခင္ႏွစ္ တစ္ေဒၚလာကို ဘယ္ေလာက္လဲ၊  ဒီႏွစ္ဘယ္ေလာက္လဲ၊ ဒါေတြကို ခ်ိန္ထိုး အေျဖရွာၾကည့္မယ္ဆိုရင္ သိႏိုင္မွာျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါသည္။

(Unicode Version)

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်၏ ဆောင်ရွက်ချက်များ၊ AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ မှတ်တမ်း

(ယမန်နေ့မှ အဆက်)

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ တပ်မတော်၏ ဆောင်ရွက်ချက် များနှင့် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ၂ဝ၁၉ ခုနှစ်  ဇူလိုင် ၂၃ ရက် ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ   တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေး ကော်မတီအဖွဲ့ဝင် ၁၅ ဦးနှင့်  သတင်းမီဒီယာ ၂၂ ခုမှ သတင်းထောက် ၄၄ ဦး တက်ရောက် ခဲ့ကြပါသည်။

ဦးထက်နိုင်ဇော်(ဧရာဝတီသတင်းဌာန)

မေး။ ။ ရခိုင်ဖြစ်စဉ်ကို အကြောင်းပြုပြီး အနည်းဆုံး အရာရှိ၊စစ်သည် ဘယ်လောက် အရေးယူ ခဲ့ပါသလဲ     သိချင်ပါကြောင်း  မေးမြန်းခဲ့ပါသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားရာတွင်

ကျွန်တော်တို့ သတင်းထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ ပြန်လေ့လာ ကြည့်စေချင်ပါကြောင်း၊ ယခင်  သတင်းစာ ရှင်းလင်းပွဲတုန်းကလည်း ပြောခဲ့ပါကြောင်း၊ ၎င်းတို့၏ ပုဂ္ဂိုလ်ရေးကို ထောက်ပြီး အရေအတွက်တို့၊ နာမည်တို့ ပြောဖို့ ခက်ခဲတဲ့ အခြေအနေကိုတော့ နားလည်ပေးဖို့ ပြောလိုပါကြောင်းဖြင့် ဖြေကြားခဲ့ပါသည်။

ဒေါ်အေးအေးမွန်(RFAသတင်းဌာန)

မေး။  ။ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ ပြည့်ပြည့်စုံစုံ ရှင်းပြသွားတာ ကျေးဇူးတင်ပါတယ်။ နည်းဥပဒေတွေရော၊ စံနှုန်းတွေရော   တော်တော်များများနဲ့ပေါ့၊ အဖြစ်အပျက်လေး တစ်ခုအပေါ်မှာပဲ  ပိုပြီးတိတိကျကျ သိချင်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က ကျောက်တန်းရွာမှာ AA နှင့် ဆက်နွှယ်တယ် ဆိုပြီး တပ်မတော်က ရွာသားတော်တော်များများကို ခေါ်ယူပြီး   စစ်ဆေး မေးမြန်းပါတယ်။ အဲဒီမှာ တချို့ကြောက်လန့်ပြီး ထွက်ပြေးတဲ့အခါ  အခြေအနေရှုပ်ထွေးပြီး ပစ်ခတ်မှု ဖြစ်ပွားရာ လူခြောက်ဦးသေဆုံးခဲ့ပါတယ်။အဲဒါနဲ့ပတ်သက်ပြီးတော့ စံနှုန်းတွေနဲ့အညီ၊  ဥပဒေတွေနဲ့အညီ စစ်ဆေး၊ ရှာဖွေဖော်ထုတ် နေတယ်လို့ သိရပါတယ်။အဲဒီကိစ္စတစ်ခုတည်းနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတိကျတဲ့ သတင်းအချက်အလက်များ သိချင်ပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားရာတွင်

ကျွန်တော်တို့ ပြောနိုင်တာ ပြောပေးမှာဖြစ်ကြောင်း၊ အင်းဒင်ကိစ္စလိုပဲ ထပ်ပြီး တရားစီရင်ရေးမှာ လက်ရှိအခြေအနေမှာ ထင်ရှားတဲ့ RFA သတင်းထောက်မေးမြန်းတဲ့ ကိစ္စ၊ပြီးတော့ ကျောက်တန်းရွာ ကိစ္စတစ်ခုတည်း မဟုတ်ကြောင်း၊ မင်းပြားမြို့နယ်၊ ပန်းမြှောင်ကျေးရွာကိစ္စ၊   မြောက်ဦးမြို့နယ်၊   လက္ကာကျေးရွာကိစ္စ၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာကိစ္စနှင့်   မြောက်ဦးမြို့နယ်၊ ဝေသာလီ ဆုတောင်းပြည့်ဘုရား အနီးကိစ္စ စသည်ဖြင့် အခြေအနေတွေအပေါ် သံသယနှင့် ထိန်းသိမ်း စစ်ဆေးမှုတွေ ဆောင်ရွက်တဲ့အခါ သေဆုံးမှုတွေဖြစ်ကြောင်း၊ သေဆုံးမှုတွေ ဖြစ်တဲ့အပေါ် မြဝတီနေ့စဉ်ထုတ် သတင်းစာ ဇူလိုင်လ ၁၃ ရက်နေ့ သတင်းထုတ်ပြန်ချက်တွေမှာ    ဖြစ်စဉ်အမှန်အတိုင်း ပေါ်ပေါက်ဖို့ အတွက်   သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်က တပ်မတော် နည်းဥပဒေ ၁၇၆ နှင့်အညီ ဇူလိုင်လ ၁၂ ရက်နေ့မှစ၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းပြီး ဆောင်ရွက်နေပါကြောင်းကို ဖော်ပြခဲ့ကြောင်း၊   စစ်ဘက်တရားစီရင်ရေးရော၊ နယ်ဘက် တရားစီရင်ရေးရော စုံစမ်းစစ်ဆေးပြီးတော့ ဆောင်ရွက်နေဆဲ အခြေအနေမှာ သတင်းထုတ်ပြန်ပေးလို့ မရနိုင်သေးတဲ့အတွက် သတင်းမထုတ်ပြန်သေးတာပဲ ဖြစ်ပါကြောင်း၊ အားလုံးပြီးပြည့်စုံတဲ့ အခါမှာ တွေ့ရှိချက်တွေကို အားလုံးသိအောင် ထုတ်ပြန်ပေးမှာ ဖြစ်ပါကြောင်း၊ ဒါနဲ့ ပတ်သက်ပြီးတော့ ဥပဒေနှင့်အညီ လုပ်ငန်းစဉ် အဆင့်ဆင့်ကို စနစ်တကျဆောင်ရွက်နေတယ်ဆိုတဲ့ အကြောင်း ဖြေကြားခဲ့ပါသည်။

ဒေါ်အေးအေးမွန်(RFA သတင်းဌာန)

မေး။   ။ အချိန်ကာလလေး သိချင်ပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားရာတွင်

အချိန်ကာလက စုံစမ်းစစ်ဆေးရေးခုံရုံးတွေရဲ့စစ်ဆေးတွေ့ရှိမှု   ပေါ်ပေါက်မှုတွေအပေါ်မှာ မူတည်မည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

ဦးအောင်သူရ(BBC သတင်းဌာန)

မေး။  ။ ကချင်ပြည်နယ်တွင်  မြောက်ပိုင်းတိုင်းမှူး၊ တပ်မမှူး  အရေးယူတယ်ဆိုတဲ့ သတင်း ကျွန်တော်တို့ ဖတ်လိုက်ရပါကြောင်း၊ သူတို့ကို စစ်ဆေးအရေးယူတဲ့အပိုင်း သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားရာတွင်

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့လည်း အလားတူဆောင်ရွက်ခဲ့တာဖြစ်ကြောင်း  ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးအောင်သူရ(BBC သတင်းဌာန)

မေး။ ။ ရခိုင်အမတ်များက၊ ရခိုင်လွှတ်တော် ကိုယ်စားလှယ်တချို့က ရွေးကောက်ပွဲ စည်းရုံးရေး ကာလနှင့် ရွေးကောက်ပွဲကာလတို့တွင် မူလအနေအထား ပြန်မရမှာကို စိုးရိမ်ကြောင်း၊ တပ်မတော်အနေဖြင့်     မူလအနေအထားရအောင်  ဘယ်ကာလလောက်ကို  မှန်းဆထားလဲ သိချင်ပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင်

အဓိကကတော့   ရခိုင်တွင်  လက်တွေ့ဖြစ်နေတဲ့ အရာတွေကို    အရင်ပြောချင်ပါကြောင်း၊ ရခိုင်မှာ အခုမိုးရာသီ စိုက်ပျိုးရေး ကာလရောက်တဲ့အချိန်မှာ မီဒီယာတွေလည်း ခဏခဏမေးပါကြောင်း၊   စစ်ဘေးရှောင်စခန်းတွေမှာ လူများနေတယ်ဆိုပြီး ပြောပါကြောင်း၊ တကယ်နှိုက်နှိုက်ချွတ်ချွတ် မေးနိုင်ရင်တော့ ပိုကောင်းပါကြောင်း၊ စစ်ဘေးရှောင် စခန်းကလူတွေလည်း စပါးစိုက်ချင်နေပါကြောင်း၊ သို့သော် AA က  ရွာတွေကနေ စစ်ဘေးရှောင်စခန်းတွေကို ရောက်အောင် နှင်ထုတ်ထားတာ ရှိပါကြောင်း၊ ခုနကပြောတဲ့ မေးခွန်းမှာ ရခိုင်ပြည်နယ်ဘက်မှာ ရွေးကောက်ပွဲနီးလာရင်  တည်ငြိမ်ဖို့  ရခိုင်လွှတ်တော်အမတ်တွေက စိုးရိမ်ကြတယ်လို့ ပြောပါတယ်။ စိုးရိမ်ရင် တည်ငြိမ်မှုရှိအောင်   သူတို့လည်းဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ပေးပါလို့ ပြောချင်ပါကြောင်း၊ ရခိုင်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို   မစွပ်စွဲလိုသော်လည်း ပြောရမှာဖြစ်ကြောင်း၊ တစ်ခုခုဖြစ်လာတဲ့အခါတိုင်း ရခိုင်မှာ အခုတည်ငြိမ်စေချင်တယ်လို့ ပြောတဲ့ လွှတ်တော်အမတ်တွေ ဘယ်လိုမျိုးတွေ ပြောနေသလဲ၊  မီဒီယာတွေနဲ့ ပြောတာတွေ၊ ဝေဖန်တာတွေရှိကြောင်း၊ ပြောဆိုချက်တွေက သူတို့လိုချင်ပါတယ်ဆိုတဲ့ တည်ငြိမ်အေးချမ်းမှုကို ရရှိစေနိုင်တဲ့ ပြောဆိုချက်တွေလား၊ အထောက်အကူဖြစ်စေနိုင်တဲ့ ပြောဆိုချက်တွေလား ဆိုတာ သုံးသပ်ရမှာဖြစ်ကြောင်း၊ တကယ်အကျိုးလိုချင်လို့ ပြောတဲ့ဟာလည်းရှိပါကြောင်း၊ တချို့ပြောဆိုချက်တွေကလည်း အစွန်းရောက်လွန်းပါကြောင်း၊ ဘယ်ကိစ္စမှာမဆို အစွန်းရောက်တဲ့ ပြောဆိုချက်တွေဟာ တည်ငြိမ်အေးချမ်းမှုကို   အထောက်အကူပြုနိုင်မှာ မဟုတ်ဘူးလို့  ပြောလိုပါကြောင်း၊ ဘယ်အချိန်မှာ အေးချမ်းမလဲ ဆိုတာကတော့  လုံခြုံရေးဆိုတာ ၁ဝဝ ရာခိုင်နှုန်း အာမခံချက်ရှိတဲ့ နိုင်ငံမရှိပါကြောင်း၊ သို့သော် တပ်မတော်အနေနဲ့လည်း ရခိုင်ပြည်နယ်နဲ့ ပတ်သက်လာရင် တပ်မတော်ရဲ့သဘောထား ရပ်တည်ချက်ဟာ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လမ်းဖွင့်ပေးထားပါကြောင်း၊ တပ်မတော်ရဲ့ ထုတ်ပြန် ချက်များကို သေချာပြန်ဖတ်ကြည့်ရင် သိနိုင်ပါကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက် ထုတ်ပြန်ချက် ပထမပိုဒ်တွင် အဖွဲ့အစည်းသုံးခု နာမည်တွေပါကြောင်း၊ အဖွဲ့အစည်းသုံးခုရဲ့နာမည်များထဲမှာ ရခိုင်နဲ့ပတ်သက်လို့ ပါပြီးသားဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်လာရင် အမြဲတမ်း တံခါးဖွင့်ပေးထားတာ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်ဖို့အတွက် အားလုံးက ဝိုင်းဝန်း  တိုက်တွန်းပေးနိုင် မယ်ဆိုရင် ရခိုင်ပြည်နယ်၌လိုချင်တဲ့ တည်ငြိမ်အေးချမ်းရေးဆိုတာ ပိုပြီး ဖြစ်လာနိုင်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဦးမောင်ပိုင်(ဒီမိုကရေစီတူဒေး သတင်းဌာန)

မေး။  ။ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေတဲ့ ကိစ္စတွေမှာ တပ်မတော်နှင့် အစိုးရပူးပေါင်းဆောင်ရွက်မှုတွေ၊ တပ်မတော်နှင့် အကြီးအကဲတွေ တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းဆောင်ရွက်မှု ရှိ၊မရှိ သိရှိလိုကြောင်း၊ မနက်င်္က Facebook  ပေါ်မှာဖတ်လိုက်ရကြောင်း၊  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အနားယူသွားရင် နောက်ထပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို တာဝန်ယူမယ့်သူ ဘယ်သူဘယ်ဝါဆိုပြီးတော့ တွေ့ပါကြောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကရော အခု  ၂ဝ၂ဝ   ပြည့်နှစ်အတွင်းမှာ  အနားယူဖို့ အစီအစဉ်များ ရှိပါက သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင်

စစ်ဆင်ရေးနဲ့ ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ဆင်ရေးပဲဖြစ်ဖြစ်၊ မည်သည့် စစ်ဆင်ရေးပဲဖြစ်ဖြစ် တပ်မတော်က တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်နှင့် လုံခြုံရေးတာဝန် ထမ်းဆောင်မှုအား အစိုးရရုံးနှင့် သမ္မတရုံးသို့ တင်ပြသင့်သည်များ တင်ပြလျက် ရှိပါကြောင်း၊ ၎င်းမှာ အစိုးရတစ်ရပ်နှင့် နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်တစ်ရပ်ရဲ့ အမြဲတမ်း လုပ်ဆောင်နေရတဲ့   လုပ်ငန်းစဉ်ဖြစ်ကြောင်း၊  ညှိနှိုင်း ဆောင်ရွက်မှု ရှိတာ၊ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်ဆိုတာ အထူးပြောစရာ မလိုပါကြောင်း ဖြေကြားခဲ့ပါသည်။

ဆက်လက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဖြေကြားရာတွင်

တပ်မတော်မှာတော့ ရာထူးအဆင့်နှင့် ပတ်သက်၍    တိကျတဲ့ စစ်ရာထူး ခန့်ထားရေး စည်းမျဉ်းစည်းကမ်းတွေနှင့် အညီ ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

ဦးထက်နိုင်ဇော်(ဧရာဝတီ သတင်းဌာန)

မေး။ ။ တပ်မတော်က AA ဆိုပြီး  စွပ်စွဲပြီး အဖမ်းခံရတဲ့ ရွာသားတွေရှိကြောင်း၊ စစ်ဆေးနေစဉ် အတွင်းမှာ ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေ ရှိကြောင်း၊ ဒါတွေကို ဗိုလ်ချုပ်တို့ သိပါသလား၊ ဒါတွေက သွေးရိုးသားရိုး ဖြစ်တာလား၊ ဒါမှမဟုတ် စစ်ကြောရေး ကာလမှာ နှိပ်စက်မှု တစ်စုံတစ်ရာ ရှိခဲ့လား၊အဲဒီလိုမရှိအောင် ဘယ်လိုညွှန်ကြားချက် ပေးထားလဲ သိချင်ပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားရာတွင်

စစ်ဆေးနေစဉ် အတွင်း နှိပ်စက်မှုရှိတယ် ဆိုတာနှင့်ပတ်သက်၍ အရင်တစ်ခါကလည်း ဖြေပြီးဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်းသည် ဥပဒေအရ အကာအကွယ် ရယူပိုင်ခွင့်၊ ဥပဒေအရ ခုခံကာကွယ်ပိုင်ခွင့် ရှိကြောင်း၊ မိမိနစ်နာတယ် ဆိုရင် နစ်နာသည်ကို နိုင်ငံသားတိုင်းသည် တိုင်ကြားပိုင်ခွင့် ရှိကြောင်း၊ ဒါနဲ့ပတ်သက်လို့   ခုနက   သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌလည်း   ရှင်းပြီးဖြစ်ပါကြောင်း၊ တိုင်းအဆင့်   စုံစမ်း စစ်ဆေးရေးခုံရုံး ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း၊ အရင်တုန်းက မီဒီယာများကိုလည်း ပြောပါကြောင်း၊ စုံစမ်းစစ်ဆေးရေး ခုံရုံးမှာ နှစ်ပိုင်းရှိပါကြောင်း၊  နံပါတ်တစ်က စုံစမ်းစစ်ဆေးရေး ခုံရုံးလုပ်သည့်အခါမှာ အဓိကကတော့ သက်သေတွေကို စုံစုံလင်လင် ရယူပါကြောင်း၊ တစ်ဖက်သတ် ဘယ်တော့မှ မရယူကြောင်း၊ တစ်ဖက်သတ် မရယူဘူးဆိုတာတပ်မတော်သားတွေချည်း ခေါ်စစ်တာ မဟုတ်ကြောင်း၊ အဲဒီဒေသမှာ ဖြစ်ခဲ့တဲ့သူတွေ၊ ဒေသမှာ ရှိနေတဲ့သူတွေ၊ တပ်မတော်သားတွေ စုံစုံလင်လင် ရယူကြောင်း၊ အဲဒီသက်သေတွေကနေ စုံစုံလင်လင် ရယူပြီး သူတို့ရဲ့သက်သေ ထွက်ဆိုချက်အပေါ်မှာ မူတည်ပြီး အဲဒီသက်သေကနေ နောက်ထပ် သက်သေတွေ ထပ်ခေါ်ဖို့လိုရင် ထပ်ခေါ်ပြီး စစ်ဆေးကြောင်း၊ စစ်ဆေးပြီးမှ စစ်တရားရုံး ဖွဲ့စည်းသင့်၊မသင့် တာဝန်ရှိသူက ဘယ်သူလဲဆိုတာ ဖော်ထုတ်ရရှိခြင်း ဖြစ်ပါကြောင်း၊ ကျောက်တန်းရွာ ကိစ္စနှင့်ပတ်သက်ပြီး အကြံပေးလိုတာကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကနေ အစီရင်ခံစာ ထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ၎င်းအစီရင်ခံစာကို သူတို့    တရားဝင် သတင်းထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ အဲဒီအစီရင်ခံစာကို ဖတ်လိုက်ရင် ပိုပြီးပြည့်စုံစွာ    သိရှိနိုင်မည်ဖြစ်ကြောင်း၊  ဘာကြောင့်ဖြစ်ခဲ့ရကြောင်း၊ သူတို့ရဲ့ သုံးသပ်ချက်တွေက ဘာကြောင့်ဆိုတာ သူတို့မျှမျှတတရှိပြီး နှစ်ဖက်စလုံးကို အကြံပေးထားပါကြောင်း၊ ကျွန်တော်တို့ တပ်မတော်ဘက်ကိုရော၊ရွာဘက်ကိုရော၊ ဒေသခံဘက်တွေကိုရော အကြံပြုထားတာ ရှိပါကြောင်း၊ ဒါကိုဖတ်ကြည့်ရင်  ကျောက်တန်းရွာကိစ္စ ရှင်းသွားမယ်လို့ ထင်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင်

RFA သတင်းဌာနမှ Documentary ရိုက်နေတာနှင့် ပတ်သက်၍ အချက်အလက် အကျဉ်းချုပ် ပြောလိုပါကြောင်း၊  ရှေ့တန်းစစ်ဆင်ရေးတွေမှာ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်ပြီး အမြဲတမ်း ဆေးအဆင့်နိမ့်ဖြစ်သွားတဲ့ စစ်သည်တွေ၊ EA1 ၊ EA2 စစ်သည်တွေနှင့် ပတ်သက်ပြီး တပ်မတော်အနေနှင့် ဆောင်ရွက်ပေးနေတာတွေ ရှိကြောင်း၊ နံပါတ်တစ်က EA1(Enemy Action) ဆိုတာ ရန်သူနှင့်ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားပြီး ဒဏ်ရာရရှိတဲ့ သူတွေကို အများအားဖြင့် အဆင့်တိုးမြှင့်ရေး ဆောင်ရွက်ပေးတာ ရှိကြောင်း၊ သင့်တော်တဲ့ ဝန်ကြီးဌာနတွေမှာ အလုပ်အကိုင်ရရှိရေး၊ နေရာချထားရေးအဖွဲ့နှင့် တွေ့ဆုံပြီး တင်ပြညှိနှိုင်း ဆောင်ရွက်ပေးတာတွေ ရှိကြောင်း၊  မြန်မာ့စီးပွားရေးဦးပိုင်နှင့် တပ်မတော်ပိုင် စက်ရုံနဲ့ အလုပ်ရုံတွေမှာ လွှဲပြောင်းတာဝန် ထမ်းဆောင်ရန် ဆောင်ရွက်ပေးတာတွေ ရှိကြောင်း၊ တပ်မတော် အသက်မွေးဝမ်းကျောင်း အတတ်ပညာသင် စခန်းနှစ်ခုမှာ အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ကြားပေးကြောင်း၊ သင်တန်း ၁၆ မျိုးရှိပါကြောင်း၊   စက်ချုပ်သင်တန်း၊ ဖုန်းပြင်သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ စိုက်ပျိုးရေးသင်တန်းတွေ သင်ကြားပေးနေပါကြောင်း၊   အင်အားဖြည့်တင်းရေးတပ် နှစ်တပ်ကို ပြောင်းရွှေ့ခွင့် ရရှိရေး ဆောင်ရွက် ပေးနေပါကြောင်း၊ ၎င်းအပြင်နောက်ပိုင်းမှာ စစ်သည်တွေနှင့် ပတ်သက်ပြီး စစ်မှုထမ်းဟောင်း အိမ်ရာတွေ၊  အဆင့်မြင့် အိမ်ရာတွေ ဆောင်ရွက်ပေးနေတာရှိကြောင်း၊ မသန်မစွမ်း ဖြစ်သွားတဲ့ EA1စစ်သည်တွေ အသုံးပြုနိုင်ဖို့ Wheel chairs နဲ့ လျှပ်စစ်သုံးဘီး E-Bike တွေဆောင်ရွက်ပေးနေတာ ရှိပါကြောင်း၊ စစ်ဆင်ရေးမှာ ဒဏ်ရာရရှိတဲ့ EA1 စစ်သည်တွေကို သုံးသိန်း၊ EA2စစ်သည်တွေကို နှစ်သိန်းကျပ်နှုန်း ထောက်ပံ့ပေးနေတာ ရှိပါကြောင်း၊ ယခုလို ထောက်ပံ့ပေးနေတဲ့ အပြင် မူလရပိုင်ခွင့်တွေဖြစ်တဲ့ မစွမ်းမသန်မှု အငြိမ်းစားလစာ၊ အမြဲတမ်းကူဖော်စရိတ်၊ ကရုဏာစရိတ်၊ ရိက္ခာစရိတ်များ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ EA များအတွက် ၆/၂ဝ၁၉ လအထိ ဦးပိုင် အစုရှယ်ယာများ ထည့်ဝင်မှု ကျပ်သိန်းပေါင်း ၆၆၈ဝ ထည့်ဝင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နောင်မှာလည်း ထည့်ဝင်သွားမှာဖြစ်ပါကြောင်း၊ စစ်မှုထမ်းဟောင်း အိမ်ရာတွေ ဆောက်လုပ်ပေးနေတာတွေ ရှိကြောင်း၊ စစ်မှုထမ်းဟောင်း အိမ်ရာနှင့်အတူ စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် မွေးမြူရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်း တွေ ထည့်သွင်း ဆောင်ရွက်ပေးနေတာ ရှိပါကြောင်း၊ ပညာသင်ဆုကြေးတွေ၊ ပညာသင်စရိတ်တွေ ထောက်ပံ့ပေးနေတာရှိပါကြောင်း၊ တပ်မတော်ရဲ့  ဆောင်ရွက်ပေးနေတဲ့အပိုင်း ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဦးထက်နိုင်ဇော် (ဧရာဝတီသတင်းဌာန)      

မေး။ ။ ရခိုင်တိုက်ပွဲတွေမှာ အရပ်သားသေဆုံးမှု နောက်ပိုင်း အရမ်းများလာကြောင်း၊ ဒီလိုမျိုး အရပ်သားသေဆုံးမှု လျော့အောင် နှစ်ဖက်လုံးမှာ တာဝန်ရှိပါကြောင်း၊ AA ရော၊ တပ်မတော်ရောဖြစ်ကြောင်း၊ AA ကတော့ သူတို့အပိုင်းပေါ့၊ ဗိုလ်ချုပ်တို့ဘက်က အရပ်သား သေဆုံးမှု   လျော့ကျလာအောင် နောက်ပိုင်းဘယ်လိုမျိုး လုပ်သွားမလဲ၊ ဖြေကြား ပေးစေလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင်

အရပ်သား သေဆုံးမှုနှင့် နှိပ်စက်မှု တစ်စုံတစ်ရာ ရှိ၊မရှိ စစ်ဆေးစဉ် ကာလမှာ နှိပ်စက်မှုတွေ ရှိတယ်လို့ပြောကြောင်း၊ နှိပ်စက်မှုကြောင့် သေဆုံးတယ် ဆိုတာတွေကို ခဏခဏပြောခဲ့ပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး သေဆုံးခဲ့ရင် သတင်းထုတ်ပေးကြောင်း၊ သေဆုံးခဲ့ရင် ရင်ခွဲစစ်ဆေးချက်ကို တပ်မှာမယူကြောင်း၊ သေမှုသေခင်း ဖွင့်ပေးကြောင်း၊  တပ်မတော် ဆေးရုံမှာ ယူတာမဟုတ်ကြောင်း၊ ရင်ခွဲစစ်ဆေးချက်နှင့် ပတ်သက်ပြီး ဘယ်သူ့မှ ကွယ်ဝှက်လို့မရပါကြောင်း၊ ဒါက သက်သေခံ ဥပဒေအရ strong evidence ပဲဖြစ်ကြောင်း၊ ဒါတွေက ဖုံးကွယ်လို့ မရကြောင်းနှင့် ဆောင်ရွက်ပေးထားတာ ရှိကြောင်း၊ ကျွန်တော်တို့ရဲ့ ညွှန်ကြားချက်က ROE ဖြစ်ကြောင်း၊  ROE(Rule of Engagement) ထဲမှာပါပြီးသား ဖြစ်ပါကြောင်း၊ Rule of Engagement ထဲမှာ ဖမ်းဆီးထားတဲ့ လူနဲ့ပတ်သက်ပြီး   ဘယ်လိုလုပ်ဆောင် ရမလဲ ဆိုတာပါပြီးဖြစ်ကြောင်း၊    Rule of Engagement  ဆိုတာကို စစ်သည်အဆင့်အတန်း အားလုံးကို   ပေးဝေပြီးဖြစ်ကြောင်း၊ Rule of Engagement နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ဥပဒေချုပ်ရုံး၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှာရှိတဲ့ စစ်ဥပဒေအရာရှိတွေ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှာရှိတဲ့ စစ်ဥပဒေအရာရှိတွေက တပ်တိုင်းတပ်တိုင်းကို သွားပြီးတော့ Rule of Engagement နှင့် Geneva Convention ပတ်သက်တာတွေကို အမြဲတမ်း နှစ်စဉ်နှစ်တိုင်း ပြန်လည်ရှင်းပြလေ့ ရှိပါကြောင်း၊   ဒါတွေကို လိုက်နာဖို့ ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ အရပ်သား သေဆုံးမှု လျော့နည်းအောင်ဆိုတာ မှန်ပါကြောင်း၊ နှစ်ဖက်လုံးမှာ တာဝန်ရှိပါကြောင်း၊ တပ်မတော်ကလည်း  ခဏခဏ ထုတ်ပြန်ပေးပါကြောင်း၊  ဒါနဲ့ပတ်သက်ပြီး  ရွာတွေနားမှာ၊ လူနေအိမ်နားမှာ တိုက်ပွဲများ မဖြစ်ပွားစေဖို့အတွက်   ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော်ကလည်း တိတိကျကျထုတ်ပြန်ပြီး ဖြစ်ပါကြောင်း၊ ROE ထဲမှာပါပြီးသား ဖြစ်ကြောင်း၊ ROE ထဲမှာ စစ်ဘက်ဆိုင်ရာ ပစ်မှတ်နှင့်    အရပ်ဘက်ဆိုင်ရာ ပစ်မှတ်ခွဲခြားဖို့ ဆိုတာတွေနှင့် ပတ်သက်ပြီး ညွှန်ကြားထားပြီးသား ဖြစ်ပါကြောင်း၊ ဒါတွေကို လိုက်နာဆောင်ရွက်နိုင်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း  ဖြေကြားခဲ့ပါသည်။

ဦးထက်နိုင်ဇော် (ဧရာဝတီသတင်းဌာန)

မေး။  ။မနေ့ကကျင်းပတဲ့ လွှတ်တော်မှာ ကာကွယ်ရေး ဝန်ကြီးဌာနမှ    တပ်မတော် အသုံးစရိတ်တွေ ရှင်းပါကြောင်း၊ ဒါပေမဲ့ တချို့ဝေဖန်ကြကြောင်း၊ တပ်မတော် အသုံးစရိတ် အကုန်လုံးကို  စစ်မယ်ဆိုရင် စစ်ခွင့်မရသေးကြောင်း၊ ဒီအပေါ်မှာလည်း ဝေဖန်မှုတွေ ရှိပါကြောင်း၊  ဘာလို့စစ်ခွင့် မရတာလဲ၊ ဥပမာဆိုရင် ကိုယ်စားလှယ်တချို့က ဘာပြောသလဲဆိုရင် တပ်မတော်မှာ အင်အားဘယ်လောက်ရှိကြောင်း၊ စစ်သည် ဘယ်လောက်ရှိကြောင်း၊  သူတို့ရဲ့  လစာ၊စရိတ် ဘယ်လောက်ပေးနေရတယ် ဆိုတာ သိချင်လို့မေးတာ ပြောခွင့်မရဘူး ဆိုပြီး တပ်မတော် ကိုယ်စားလှယ်တချို့က ပြန်ပြောကြောင်း၊ အဲဒါကို ဘယ်လို အခြေအနေမျိုးမှာ ရှင်းလင်းနိုင်မလဲ သိချင်ပါကြောင်း မေးမြန်းခဲ့ပါသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင်

နှစ်ချက်ပြောချင်ကြောင်း၊ နံပါတ်တစ် အချက်က မည်သည့်တပ်မတော်မှ ဖွဲ့စည်းပုံ အင်အားထုတ်ပြန်တာ မရှိပါကြောင်း၊ ကမ္ဘာပေါ်မှာ အပွင့်လင်းဆုံး ဖြစ်တယ်ဆိုသော တပ်မတော်တွေရဲ့    အချက်အလက်တွေကို ရှာကြည့်ပါက   မည်သည့် တပ်မတော်မှ ထုတ်ပြောတာ မရှိပါကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် ပတ်သက်ပြီး လျှို့ဝှက်သင့်တာကို လျှို့ဝှက်ရမှာ ဖြစ်ပါကြောင်း၊ လစာ၊ရိက္ခာနှင့်ပတ်သက်ပြီး တပ်မတော်အနေနှင့် ပိုတောင်းစရာလည်း  မရှိပါကြောင်း၊ တပ်မတော်အနေနဲ့ လိုတာပဲ တောင်းမှာဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး ဘတ်ဂျက် အခက်အခဲဖြစ်မှာစိုးလို့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါကြောင်း၊ တပ်မတော်က စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေဟာ နိုင်ငံတော်ဘတ်ဂျက် သုံးစွဲမှုကိုလျှော့ချနိုင်ဖို့အတွက် စစ်သည်တွေအနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ နံပါတ်နှစ်အချက်ကတော့ ကာကွယ်ရေး ဘတ်ဂျက် တိုးတောင်းတာနှင့် ပတ်သက်ပြီး  ပြောချင်တာက ယခင်နှစ်က ဆန်တစ်အိတ်ဈေး ဘယ်လောက်လဲ၊ ဒီနှစ်ဈေး ဘယ်လောက်လဲ၊   ယခင်နှစ်က ဆီတစ်ပိဿာဈေး ဘယ်လောက်လဲ၊  ဒီနှစ်ဘယ်လောက်လဲ၊ ယခင်နှစ် တစ်ဒေါ်လာကို ဘယ်လောက်လဲ၊  ဒီနှစ်ဘယ်လောက်လဲ၊ ဒါတွေကို ချိန်ထိုး အဖြေရှာကြည့်မယ်ဆိုရင် သိနိုင်မှာဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

Recent News