တုိက္ႀကီးၿမိဳ႕နယ္၊ ေဗာဓိကုန္းရပ္ကြက္၊ ျပည္သဒၶမၼေဇာတိကာ႐ံု စာသင္တိုက္၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

တုိက္ႀကီးၿမိဳ႕နယ္၊ ေဗာဓိကုန္းရပ္ကြက္၊ ျပည္သဒၶမၼေဇာတိကာ႐ံု စာသင္တိုက္၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  ဇူလုိင္  ၂၆

ရန္ကုန္တုိင္းေဒသႀကီး၊ တုိက္ႀကီးၿမိဳ႕နယ္၊ ေဗာဓိကုန္းရပ္ကြက္၊ ျပည္သဒၶမၼေဇာတိကာ႐ံု စာသင္တိုက္ရွိ စာခ်စာသင္ သံဃာေတာ္မ်ားအား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါစာသင္တိုက္ရွိ ျပည္သဒၶမၼေဇာတိက သီရိရတနာမဟာ ဓမၼဗိမာန္ေတာ္ႀကီး၌ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က  သံဃာေတာ္  ၅၅ ပါးတို႔ကို မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြ ေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ားေဆာင္ရြက္ေပးသည္။

ယင္းသို႔   ေဆာင္ရြက္ ေပးေနမႈမ်ားကို တိုုက္ႀကီးတပ္နယ္မွ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး သံဃာေတာ္ မ်ားအား ဆြမ္းဆန္ေတာ္၊ ဆီႏွင့္ လွဴဖြယ္ ပစၥည္းမ်ား   ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ ပြည်သဒ္ဓမ္မဇောတိကာရုံ စာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်  ဇူလိုင်  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ ပြည်သဒ္ဓမ္မဇောတိကာရုံ စာသင်တိုက်ရှိ စာချစာသင် သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ် ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါစာသင်တိုက်ရှိ ပြည်သဒ္ဓမ္မဇောတိက သီရိရတနာမဟာ ဓမ္မဗိမာန်တော်ကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က  သံဃာတော်  ၅၅ ပါးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးသည်။

ယင်းသို့   ဆောင်ရွက် ပေးနေမှုများကို တိုက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သံဃာတော် များအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ် ပစ္စည်းများ   ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News