AA အၾကမ္းဖက္ေသာင္းက်န္းသူအဖဲြ႕မ်ားႏွင့္ ပတ္သက္ဆက္ႏြယ္သူမ်ား ထိန္းသိမ္းရမိ

AA အၾကမ္းဖက္ေသာင္းက်န္းသူအဖဲြ႕မ်ားႏွင့္ ပတ္သက္ဆက္ႏြယ္သူမ်ား ထိန္းသိမ္းရမိ

ေနျပည္ေတာ္၊ ဇူလိုင္ - ၂၈

ရခုိင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမဳိ႕နယ္၊ အထက္ျမက္လွဲေက်းရြာ စက္ေလွဆိပ္အနီးမွ မသကၤာဖြယ္ရာ လူငယ္မ်ား တင္ေဆာင္ထားသည့္ ကား ၁ စီးသည္ ပုဏၰားကြၽန္းဘက္သို႕  ဦးတည္ေမာင္းႏွင္သြားေၾကာင္း သတင္းရရွိ သျဖင့္ ဇူလုိင္ ၂၇ ရက္ ညေနပုိင္းတြင္ ပုဏၰားကြၽန္း ၿမိဳ႕၊ ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕၀င္မ်ားက ပိတ္ဆုိ႕စစ္ေဆးခဲ့ သည္။

ထုိသို႕ပိတ္ဆုိ႕စစ္ေဆးခဲ့ရာ ယာဥ္ေမာင္း ဦးထြန္းျမင့္(ဘ)ဦးေမာင္ျဖဴသိန္း ေမာင္းႏွင္လာေသာ 2Q/--------- နံပါတ္ပါ BOXY အမ်ဳိးအစား (လုိင္စင္မဲ့) အနက္ေရာင္ေမာ္ေတာ္ ယာဥ္ ၁ စီးအား အသက္ ၁၅ ႏွစ္မွ ၂၃ ႏွစ္အတြင္းရွိ လူငယ္ ၁၀ ဦးအား မသကၤာဖြယ္ရာ  ေတြ႕ရွိရသျဖင့္ ပုဏၰားကြၽန္းၿမိဳ႕မရဲစခန္း၌ ထိန္းသိမ္းကာ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့သည္။

စစ္ေဆးေမးျမန္းခ်က္မ်ားအရ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္မွာ ယာဥ္ေမာင္းကုိယ္တိုင္ ပုိင္ဆိုင္ၿပီး  ရေသ့ေတာင္-ပုဏၰားကြၽန္း ခရီးသည္ပုိ႕ေဆာင္ျခင္းလုပ္ငန္း လုပ္ကိုင္ေနသူျဖစ္ေၾကာင္းႏွင့္ လူငယ္ ၁၀ ဦးအနက္ ၈ ဦးမွာ ၎င္းတုိ႕ေနထုိင္ရာ ေဒသအသီးသီးမွ AA အၾကမ္းဖက္ ေသာင္းက်န္းသူအဖဲြ႕သို႕၀င္ေရာက္ရန္ စည္း႐ံုးခံရမႈ မ်ားေၾကာင့္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ေပါက္ေတာ(ပေလာင္)ေက်းရြာမွတစ္ဆင့္ စက္ေလွျဖင့္ အထက္ျမက္လွဲ ေက်းရြာသို႕လည္းေကာင္း၊ ၎မွတစ္ဆင့္ ေမာ္ေတာ္ယာဥ္ျဖင့္ ပုဏၰားကြၽန္းသို႕လည္းေကာင္း လာေရာက္စဥ္  ထိန္းသိမ္းခံခဲ့ရေၾကာင္း သိရွိရသည္။

ထိန္းသိမ္းရမိသည့္ ေမာ္ေတာ္ယာဥ္ႏွင့္ AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖဲြ႕မ်ားႏွင့္ ပတ္သက္ဆက္ႏြယ္သူ ၈ ဦးအား တရားဥပေဒအရ အေရးယူႏုိင္ေရး ပုဏၰားကြၽန္းၿမိဳ႕မရဲစခန္း၌ အေသးစိတ္ စစ္ေဆးေမးျမန္းလ်က္ ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သူများ ထိန်းသိမ်းရမိ

နေပြည်တော်၊ ဇူလိုင် - ၂၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြက်လှဲကျေးရွာ စက်လှေဆိပ်အနီးမှ မသင်္ကာဖွယ်ရာ လူငယ်များ တင်ဆောင်ထားသည့် ကား ၁ စီးသည် ပုဏ္ဏားကျွန်းဘက်သို့  ဦးတည်မောင်းနှင်သွားကြောင်း သတင်းရရှိ သဖြင့် ဇူလိုင် ၂၇ ရက် ညနေပိုင်းတွင် ပုဏ္ဏားကျွန်း မြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးခဲ့ သည်။

ထိုသို့ပိတ်ဆို့စစ်ဆေးခဲ့ရာ ယာဉ်မောင်း ဦးထွန်းမြင့်(ဘ)ဦးမောင်ဖြူသိန်း မောင်းနှင်လာသော 2Q/--------- နံပါတ်ပါ BOXY အမျိုးအစား (လိုင်စင်မဲ့) အနက်ရောင်မော်တော် ယာဉ် ၁ စီးအား အသက် ၁၅ နှစ်မှ ၂၃ နှစ်အတွင်းရှိ လူငယ် ၁၀ ဦးအား မသင်္ကာဖွယ်ရာ  တွေ့ရှိရသဖြင့် ပုဏ္ဏားကျွန်းမြို့မရဲစခန်း၌ ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

စစ်ဆေးမေးမြန်းချက်များအရ လိုင်စင်မဲ့မော်တော်ယာဉ်မှာ ယာဉ်မောင်းကိုယ်တိုင် ပိုင်ဆိုင်ပြီး  ရသေ့တောင်-ပုဏ္ဏားကျွန်း ခရီးသည်ပို့ဆောင်ခြင်းလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ကြောင်းနှင့် လူငယ် ၁၀ ဦးအနက် ၈ ဦးမှာ ၎င်းင်းတို့နေထိုင်ရာ ဒေသအသီးသီးမှ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သို့ဝင်ရောက်ရန် စည်းရုံးခံရမှု များကြောင့် ကျောက်တော်မြို့နယ်၊ ပေါက်တော(ပလောင်)ကျေးရွာမှတစ်ဆင့် စက်လှေဖြင့် အထက်မြက်လှဲ ကျေးရွာသို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် မော်တော်ယာဉ်ဖြင့် ပုဏ္ဏားကျွန်းသို့လည်းကောင်း လာရောက်စဉ်  ထိန်းသိမ်းခံခဲ့ရကြောင်း သိရှိရသည်။

ထိန်းသိမ်းရမိသည့် မော်တော်ယာဉ်နှင့် AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သူ ၈ ဦးအား တရားဥပဒေအရ အရေးယူနိုင်ရေး ပုဏ္ဏားကျွန်းမြို့မရဲစခန်း၌ အသေးစိတ် စစ်ဆေးမေးမြန်းလျက် ရှိကြောင်း သတင်းရရှိသည်။

Recent News