စံုစမ္းစစ္ေဆးေရးခံု႐ံုးအဖြဲ႕ ဘူးသီးေတာင္၊ ေမာင္ေတာနယ္ေျမသို႔ သြားေရာက္စစ္ေဆးခဲ့

စံုစမ္းစစ္ေဆးေရးခံု႐ံုးအဖြဲ႕ ဘူးသီးေတာင္၊ ေမာင္ေတာနယ္ေျမသို႔ သြားေရာက္စစ္ေဆးခဲ့

တပ္မေတာ္နည္းဥပေဒမ်ားႏွင့္အညီ ဖြဲ႕စည္းခဲ့သည့္ ဥကၠ႒ ဗိုလ္ခ်ဳပ္ျမတ္ေက်ာ္ဦးေဆာင္ေသာ စံုစမ္း စစ္ေဆးေရးခံု႐ံုး(Court of Inquiry)အဖြဲ႕သည္ ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာနယ္ေျမ တြင္ ျဖစ္ပြားခဲ့ေသာ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္မ်ားႏွင့္ ဆက္စပ္ျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္မ်ားကို စံုစမ္းစစ္ေဆးရန္အတြက္ ဘူးသီးေတာင္နယ္ေျမအတြင္းရွိ ကြပ္ကဲမႈဌာနခ်ဳပ္တစ္ခု အပါအဝင္ တပ္ရင္း/တပ္ဖြဲ႕ သံုးခု၊ ရဲစခန္း သံုးခု၊ အက်ဥ္းေထာင္ တစ္ခုႏွင့္ ေက်းရြာ ငါးရြာ တို႔သို႔ လိုအပ္သည့္ စံုစမ္းစစ္ေဆးမႈမ်ားကို ပထမအႀကိမ္ သြားေရာက္စစ္ေဆးခဲ့ၿပီးျဖစ္ပါသည္။

အဆိုပါ စံုစမ္းစစ္ေဆးေရးခံု႐ံုးအဖြဲ႕သည္ လိုအပ္သည့္ စံုစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္ေဆာင္ရြက္ လ်က္ရွိရာ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၁၅ ရက္ေန႔တြင္ ဘူးသီးေတာင္၊ ေမာင္ေတာနယ္ေျမအတြင္းရွိ ကြပ္ကဲမႈဌာနခ်ဳပ္ တစ္ခု၊ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်) တစ္ခု အပါအဝင္ တပ္ရင္း သံုးခု၊ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ ႏွစ္ခု၊ ျပည္နယ္ရဲတပ္ဖြဲ႕ တစ္ခုႏွင့္ ေက်းရြာ ၂၂ ရြာတို႔သို႔ သြားေရာက္၍ လိုအပ္သည့္ စံုစမ္း စစ္ေဆးမႈမ်ားကို ဒုတိယအႀကိမ္ ျပဳလုပ္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ၅ ရက္ေန႔တြင္ ေနျပည္ေတာ္သို႔ ျပန္လည္ေရာက္ရွိခဲ့ေၾကာင္း၊ စစ္ေဆးေဆာင္ရြက္ရာတြင္ ဥပေဒအႀကံေပးအဖြဲ႕၏ အႀကံျပဳခ်က္မ်ား ကို ရယူေဆာင္ရြက္ခဲ့ေၾကာင္းႏွင့္ လိုအပ္သည့္ စံုစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သတင္းရရွိပါသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ဘူးသီးတောင်၊ မောင်တောနယ်မြေသို့ သွားရောက်စစ်ဆေးခဲ့

တပ်မတော်နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့သည့် ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော်ဦးဆောင်သော စုံစမ်း စစ်ဆေးရေးခုံရုံး(Court of Inquiry)အဖွဲ့သည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေ တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန်အတွက် ဘူးသီးတောင်နယ်မြေအတွင်းရှိ ကွပ်ကဲမှုဌာနချုပ်တစ်ခု အပါအဝင် တပ်ရင်း/တပ်ဖွဲ့ သုံးခု၊ ရဲစခန်း သုံးခု၊ အကျဉ်းထောင် တစ်ခုနှင့် ကျေးရွာ ငါးရွာ တို့သို့ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပထမအကြိမ် သွားရောက်စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့သည် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက် လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တောနယ်မြေအတွင်းရှိ ကွပ်ကဲမှုဌာနချုပ် တစ်ခု၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တစ်ခု အပါအဝင် တပ်ရင်း သုံးခု၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နှစ်ခု၊ ပြည်နယ်ရဲတပ်ဖွဲ့ တစ်ခုနှင့် ကျေးရွာ ၂၂ ရွာတို့သို့ သွားရောက်၍ လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများကို ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ စစ်ဆေးဆောင်ရွက်ရာတွင် ဥပဒေအကြံပေးအဖွဲ့၏ အကြံပြုချက်များ ကို ရယူဆောင်ရွက်ခဲ့ကြောင်းနှင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Recent News