ေရေဘးသင့္ ျပည္သူမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရးေစာင့္ေရွာက္၊ ေထာက္ပံ့ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ ေပးျခင္းမ်ား ကူညီေဆာင္ရြက္

ေရေဘးသင့္ ျပည္သူမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရးေစာင့္ေရွာက္၊ ေထာက္ပံ့ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ ေပးျခင္းမ်ား ကူညီေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၉

မုိးအဆက္မျပတ္ရြာသြန္း၍ စစ္ေတာင္းျမစ္ေရႏွင့္ ေရႊက်င္ေခ်ာင္းေရ ျမင့္တက္လာမႈေၾကာင့္ စစ္ေတာင္းျမစ္ေရ ၂ ေပခန္႔ ဝင္ေရာက္ခဲ့သည့္ ပဲခူးတုိင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ႕နယ္၊ ေညာင္အုိင္ေက်းရြာမွ ဆက္လက္ေနထုိင္ရန္ ခက္ခဲသည့္ အိမ္ေထာင္စု  ၂ဝ စု ေရေဘးသင့္ျပည္သူ ၉ဝ ဦးကို ယေန႔နံနက္ပုိင္းတြင္ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္မွ တပ္မေတာ္သားမ်ားက ေညာင္အုိင္ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းသုိ႔ ကူညီေရႊ႕ေျပာင္းျခင္းမ်ားေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္  တုိင္းစစ္ဌာနခ်ဳပ္၊  နယ္လွည့္ ေဆးကုသေရး အဖြဲ႕က ေညာင္ေလးပင္ၿမိဳ႕နယ္၊ မေဒါက္ၿမိဳ႕၊ ၿမိဳ႕မ(၂)ရပ္ကြက္၊ တံခြန္တုိင္ ဘုန္းေတာ္ႀကီးေက်ာင္း ေရေဘးကယ္ဆယ္ေရးစခန္းရွိ အိမ္ေထာင္စု ၉၈ စု ေရေဘးသင့္ျပည္သူ ၅၁၇ ဦးအား အေထြေထြ အားနည္းေရာဂါ၊   သာမန္ဖ်ားနာ ေရာဂါ၊ ေသြးတိုး၊ ဆီးခ်ဳိေရာဂါ၊ ထိခိုက္ရွနာေရာဂါႏွင့္ အေထြေထြေရာဂါဆုိင္ရာ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ဆက္လက္၍ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေရႊက်င္ၿမိဳ႕နယ္၊ စံဖဲေက်းရြာႏွင့္ စပ္စုေက်းရြာတုိ႔မွ ေရေဘးသင့္ ျပည္သူမ်ားအတြက္ ေရႊက်င္ၿမိဳ႕၊ မဟာပညာဗိမာန္ ပရဟိတေက်ာင္းမွ လွဴဒါန္းေသာ  ဆန္အိတ္၊  ေရသန္႔ဘူး၊ ေရသန္႔ေဆးထုပ္မ်ားႏွင့္ ေရစစ္မ်ားကို အဆုိပါ ေက်းရြာရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသို႔ သယ္ယူပို႔ေဆာင္ေပးျခင္း၊ ေရႊက်င္ၿမိဳ႕နယ္၊ အေနာက္ဘက္ေက်းရြာရွိ ေရေဘးသင့္ ျပည္သူမ်ားအတြက္ ေရႊက်င္ၿမိဳ႕၊ ေရေဘးကယ္ဆယ္ေရး ကြပ္ကဲမႈ႐ံုးမွ ေထာက္ပံ့ေပးေသာ ဆန္အိတ္မ်ားကို အဆုိပါ ေက်းရြာသုိ႔ သြားေရာက္မည့္ စက္ေလွမ်ားေပၚသုိ႔ ပို႔ေဆာင္ေပးျခင္း၊ မေဒါက္ၿမိဳ႕ႏွင့္ အနီးပတ္ဝန္းက်င္ ေက်းရြာမ်ားရွိ ေရေဘးသင့္ ျပည္သူမ်ားအတြက္ ေညာင္ေလးပင္ တပ္နယ္မွ တပ္မေတာ္ သားမ်ားက လွဴဒါန္းေသာထမင္းထုပ္မ်ားကို ေရေဘးသင့္ျပည္သူမ်ားထံသုိ႔ သြားေရာက္လွဴဒါန္းျခင္း၊ ေရႊက်င္ၿမိဳ႕အနီး ေရႊက်င္-မေဒါက္သြား ကားလမ္းေပၚသို႔ ေရ ၂ ေပခန္႔ေက်ာ္လြန္ေနသျဖင့္ သြားလာရန္ခက္ခဲေနသည့္ ခရီးသြား ျပည္သူမ်ားကို ဖုိက္ဘာအသက္ကယ္ေလွ ႏွစ္စင္းျဖင့္ ႀကိဳ/ပို႔ျခင္းတုိ႔ကို ေဆာင္ရြက္ေပးခဲ့သည္။

၎အျပင္ အုတ္တြင္းတပ္နယ္မွ  တပ္မေတာ္သား မ်ားက ယေန႔နံနက္ပုိင္းတြင္ အုတ္တြင္းၿမိဳ႕နယ္၊  ပိေတာက္ခင္ေက်းရြာ၊ အေျခခံပညာ မူလတန္းလြန္ေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ၈၅ ဦးကို အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္းႏွင့္ ေက်ာင္းက်န္းမာေရး စစ္ေဆးေပးျခင္း၊ ဖ်ားနာေရာဂါ၊ အစာအိမ္ေရာဂါ၊ သြားေရာဂါ၊ အေရျပားေရာဂါ၊ မ်က္စိေရာဂါ၊ အေထြေထြ ေရာဂါမ်ားကို စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး အဆုိပါေက်ာင္းရွိ ဆရာ၊ ဆရာမမ်ားႏွင့္ မိသားစုဝင္မ်ား၊ ပညာေရး ဝန္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားကုိ တပ္မေတာ္သား မိသားစုမ်ား၏ တစ္ပုိင္တစ္ႏုိင္စုိက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိသည့္ အသားငါး၊ ဟင္းသီးဟင္းရြက္၊ ၾကက္ဥ၊ ဘဲဥမ်ားကို ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးႏုိင္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရေဘေးသင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်၊ ထောက်ပံ့ပစ္စည်းများ သယ်ယူပို့ဆောင် ပေးခြင်းများ ကူညီဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၉

မိုးအဆက်မပြတ်ရွာသွန်း၍ စစ်တောင်းမြစ်ရေနှင့် ရွှေကျင်ချောင်းရေ မြင့်တက်လာမှုကြောင့် စစ်တောင်းမြစ်ရေ ၂ ပေခန့် ဝင်ရောက်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ညောင်အိုင်ကျေးရွာမှ ဆက်လက်နေထိုင်ရန် ခက်ခဲသည့် အိမ်ထောင်စု  ၂ဝ စု ရေဘေးသင့်ပြည်သူ ၉ဝ ဦးကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက ညောင်အိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်းခြင်းများဆောင်ရွက်ပေးသည်။

ထို့ပြင်  တိုင်းစစ်ဌာနချုပ်၊  နယ်လှည့် ဆေးကုသရေး အဖွဲ့က ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မြို့မ(၂)ရပ်ကွက်၊ တံခွန်တိုင် ဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၉၈ စု ရေဘေးသင့်ပြည်သူ ၅၁၇ ဦးအား အထွေထွေ အားနည်းရောဂါ၊   သာမန်ဖျားနာ ရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါ၊ ထိခိုက်ရှနာရောဂါနှင့် အထွေထွေရောဂါဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်၍ နယ်မြေခံ တပ်မတော်သားများက ရွှေကျင်မြို့နယ်၊ စံဖဲကျေးရွာနှင့် စပ်စုကျေးရွာတို့မှ ရေဘေးသင့် ပြည်သူများအတွက် ရွှေကျင်မြို့၊ မဟာပညာဗိမာန် ပရဟိတကျောင်းမှ လှူဒါန်းသော  ဆန်အိတ်၊  ရေသန့်ဘူး၊ ရေသန့်ဆေးထုပ်များနှင့် ရေစစ်များကို အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများသို့ သယ်ယူပို့ဆောင်ပေးခြင်း၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာရှိ ရေဘေးသင့် ပြည်သူများအတွက် ရွှေကျင်မြို့၊ ရေဘေးကယ်ဆယ်ရေး ကွပ်ကဲမှုရုံးမှ ထောက်ပံ့ပေးသော ဆန်အိတ်များကို အဆိုပါ ကျေးရွာသို့ သွားရောက်မည့် စက်လှေများပေါ်သို့ ပို့ဆောင်ပေးခြင်း၊ မဒေါက်မြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ရေဘေးသင့် ပြည်သူများအတွက် ညောင်လေးပင် တပ်နယ်မှ တပ်မတော် သားများက လှူဒါန်းသောထမင်းထုပ်များကို ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်းခြင်း၊ ရွှေကျင်မြို့အနီး ရွှေကျင်-မဒေါက်သွား ကားလမ်းပေါ်သို့ ရေ ၂ ပေခန့်ကျော်လွန်နေသဖြင့် သွားလာရန်ခက်ခဲနေသည့် ခရီးသွား ပြည်သူများကို ဖိုက်ဘာအသက်ကယ်လှေ နှစ်စင်းဖြင့် ကြို/ပို့ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

၎င်းအပြင် အုတ်တွင်းတပ်နယ်မှ  တပ်မတော်သား များက ယနေ့နံနက်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊  ပိတောက်ခင်ကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ၈၅ ဦးကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဖျားနာရောဂါ၊ အစာအိမ်ရောဂါ၊ သွားရောဂါ၊ အရေပြားရောဂါ၊ မျက်စိရောဂါ၊ အထွေထွေ ရောဂါများကို စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများနှင့် မိသားစုဝင်များ၊ ပညာရေး ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို တပ်မတော်သား မိသားစုများ၏ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် အသားငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဘဲဥများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News