တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ ေရေဘးသင့္ေဒသမ်ား၌ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္၊ ေရေဘးသင့္ ျပည္သူမ်ားအား ကူညီေရႊ႕ေျပာင္း

တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ ေရေဘးသင့္ေဒသမ်ား၌ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္၊ ေရေဘးသင့္ ျပည္သူမ်ားအား ကူညီေရႊ႕ေျပာင္း

ေနျပည္ေတာ္ ၾသဂုတ္ ၁၁

တနသၤာရီတိုင္းေဒသႀကီးအတြင္း မိုးသည္း ထန္စြာရြာသြန္းမႈေၾကာင့္ ယေန႔ေန႔လယ္ပိုင္း တြင္ တနသၤာရီၿမိဳ႕နယ္၊ ၿမိတ္-ေကာ့ေသာင္း သြားကားလမ္းေပၚသို႔ ေရေက်ာ္မႈမ်ားျဖစ္ေပၚခဲ့ရာ ကားလမ္းေဘးရွိ ေအာက္ကင္းေက်းရြာ၊ လယ္ေတာင္ယာေက်းရြာႏွင့္ ေအာ္ႀကီးေက်းရြာ မ်ားအတြင္းသို႔ ေရဝင္ေရာက္ျခင္းမ်ား ျဖစ္ေပၚခ့ဲသည္။

အဆိုပါ လမ္းေရေက်ာ္မႈမ်ားျဖစ္ေပၚခဲ့ သည့္ေနရာမ်ားသို႔ ကမ္း႐ိုးတန္းေဒသတိုင္း စစ္ဌာနခ်ဳပ္ နယ္ေျမခံတပ္မေတာ္သားမ်ားက သြားေရာက္၍ ယာဥ္ေၾကာမ်ားရွင္းလင္းေပး ျခင္း၊ ေဒသခံျပည္သူမ်ားအား ဖိုက္ဘာေလွ မ်ားျဖင့္ ကူညီေရႊ႕ေျပာင္းေပးျခင္းႏွင့္ လုိအပ္ သည့္ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္ ရြက္ေပးသည္။

ထုိ႔ျပင္ ေရဝင္ေရာက္မႈမ်ားျဖစ္ေပၚလ်က္ရွိ သည့္ ၿမိတ္ၿမိဳ႕၊ ေအာင္မဂၤလာရပ္ကြက္၌လည္း ေကာင္း၊ ပင္းအိုအေနာက္ေက်းရြာ၌ လည္းေကာင္း၊ ဇဝဲ-တကူကားလမ္း၌လည္းေကာင္း၊ ေရျဖဴၿမိဳ႕နယ္၊ ကလိန္ေအာင္ၿမိဳ႕၊ အမွတ္(၃) ရပ္ကြက္၌လည္းေကာင္း၊ ေရး-ထားဝယ္ ကားလမ္း၌လည္းေကာင္း၊ ေမာင္မယ္ေရွာင္ ေက်းရြာ၊ ဇဟာေက်းရြာ၊ ဇီးက်ေက်းရြာတို႔၌ လည္းေကာင္း၊ ေလာင္းလုံးၿမိဳ႕နယ္၊ ၾကက္လြတ္ ေက်းရြာႏွင့္ရွင္ေမာ္သြားကားလမ္းတို႔၌ လည္း ေကာင္း နယ္ေျမခံတပ္မေတာ္သားမ်ားက ခရီးသြားျပည္သူမ်ား အႏၲရာယ္မျဖစ္ေစေရး ႏွင့္ ေမာ္ေတာ္ယာဥ္မ်ားပုံမွန္သြားလာႏိုင္ေရး ယာဥ္ေၾကာမ်ား ရွင္းလင္းေပးျခင္း၊ ေျမသားမ်ား အသစ္ေဖာက္လုပ္ေပးျခင္းႏွင့္ ေရေဘးသင့္ ျပည္သူမ်ားအား ကူညီေရႊ႕ေျပာင္းေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

အလားတူ မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ထားဝယ္-ေမာ္လၿမိဳင္ကားလမ္းမႀကီး မိုင္တိုင္ ၇၆ အနီးတြင္ အလ်ား ၃ဝဝ ေပႏွင့္ မိုင္တိုင္ ၇၉ အနီးတြင္ အလ်ား ၁၅ဝ ေပခန္႔ ေျမသား မ်ားထပ္မံၿပိဳက်ခဲ့သျဖင့္ နယ္ေျမခံတပ္မေတာ္ သားမ်ားႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားက ေျမသားမ်ား ျပန္လည္ရွင္းလင္းေပးျခင္းႏွင့္ ခရီးသြားျပည္သူမ်ားအား တပ္မေတာ္ေမာ္ေတာ္ ယာဥ္မ်ားျဖင့္ ထားဝယ္ၿမိဳ႕ဘက္သို႔ ကူညီပုိ႔ေဆာင္ ေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၊ ရေဘေးသင့် ပြည်သူများအား ကူညီရွှေ့ပြောင်း

နေပြည်တော် သြဂုတ် ၁၁

တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ယနေ့နေ့လယ်ပိုင်း တွင် တနင်္သာရီမြို့နယ်၊ မြိတ်-ကော့သောင်း သွားကားလမ်းပေါ်သို့ ရေကျော်မှုများဖြစ်ပေါ်ခဲ့ရာ ကားလမ်းဘေးရှိ အောက်ကင်းကျေးရွာ၊ လယ်တောင်ယာကျေးရွာနှင့် အော်ကြီးကျေးရွာ များအတွင်းသို့ ရေဝင်ရောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ လမ်းရေကျော်မှုများဖြစ်ပေါ်ခဲ့ သည့်နေရာများသို့ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ယာဉ်ကြောများရှင်းလင်းပေး ခြင်း၊ ဒေသခံပြည်သူများအား ဖိုက်ဘာလှေ များဖြင့် ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ် သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်ပေးသည်။

ထို့ပြင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိ သည့် မြိတ်မြို့၊ အောင်မင်္ဂလာရပ်ကွက်၌လည်း ကောင်း၊ ပင်းအိုအနောက်ကျေးရွာ၌ လည်းကောင်း၊ ဇဝဲ-တကူကားလမ်း၌လည်းကောင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ်(၃) ရပ်ကွက်၌လည်းကောင်း၊ ရေး-ထားဝယ် ကားလမ်း၌လည်းကောင်း၊ မောင်မယ်ရှောင် ကျေးရွာ၊ ဇဟာကျေးရွာ၊ ဇီးကျကျေးရွာတို့၌ လည်းကောင်း၊ လောင်းလုံးမြို့နယ်၊ ကြက်လွတ် ကျေးရွာနှင့်ရှင်မော်သွားကားလမ်းတို့၌ လည်း ကောင်း နယ်မြေခံတပ်မတော်သားများက ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေး နှင့် မော်တော်ယာဉ်များပုံမှန်သွားလာနိုင်ရေး ယာဉ်ကြောများ ရှင်းလင်းပေးခြင်း၊ မြေသားများ အသစ်ဖောက်လုပ်ပေးခြင်းနှင့် ရေဘေးသင့် ပြည်သူများအား ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထားဝယ်-မော်လမြိုင်ကားလမ်းမကြီး မိုင်တိုင် ၇၆ အနီးတွင် အလျား ၃ဝဝ ပေနှင့် မိုင်တိုင် ၇၉ အနီးတွင် အလျား ၁၅ဝ ပေခန့် မြေသား များထပ်မံပြိုကျခဲ့သဖြင့် နယ်မြေခံတပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မြေသားများ ပြန်လည်ရှင်းလင်းပေးခြင်းနှင့် ခရီးသွားပြည်သူများအား တပ်မတော်မော်တော် ယာဉ်များဖြင့် ထားဝယ်မြို့ဘက်သို့ ကူညီပို့ဆောင် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News