ေရးၿမိဳ႔အတြင္း သန့္ရွင္းေရး ေဆာင္ရြက္၊ ေရေဘးသင့္ ျပည္သူမ်ားအား စားေသာက္ဖြယ္ရာမ်ား ေပးအပ္

ေရးၿမိဳ႔အတြင္း သန့္ရွင္းေရး ေဆာင္ရြက္၊ ေရေဘးသင့္ ျပည္သူမ်ားအား စားေသာက္ဖြယ္ရာမ်ား ေပးအပ္

ေနျပည္ေတာ္   ၾသဂုတ္  ၁၂

မြန္ျပည္နယ္၊ ေရးၿမိဳ႕အတြင္း မုိးအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ၿပီး  ယခုအခါေရျပန္လည္ က်ဆင္းၿပီ ျဖစ္ေသာေၾကာင့္  ယေန႔နံနက္ပိုင္းတြင္ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ရွိ နယ္ေျမခံ တပ္မေတာ္သားမ်ားက ေရလႊမ္းမိုးမႈျဖစ္ေပၚ ခဲ့သည့္ ေရးၿမိဳ႕၊  အမွတ္(၅)အေျခခံပညာ မူလတန္း လြန္ေက်ာင္းအတြင္း တင္ရွိေနေသာ အမိႈက္မ်ားႏွင့္   ႏုန္းမ်ားဖယ္ရွား ရွင္းလင္းေပးျခင္း၊  ရန္မ်ဳိးေအာင္ ရပ္ကြက္ႏွင့္ ရန္ႀကီး ေအာင္ရပ္ကြက္ တုိ႔ရွိ လမ္းမ်ား၌ အမိႈက္မ်ား၊ ႏုန္းမ်ား ဖယ္ရွား ရွင္းလင္းျခင္း၊ ေရစီးေရလာ ေကာင္းမြန္ေစရန္ ေရေျမာင္းမ်ား ျပန္လည္ တူးေဖာ္ေပးျခင္း လုပ္ငန္းမ်ား ကူညီေဆာင္ ရြက္ေပးသည္။

ထုိ႔ျပင္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ လိႈင္ရပ္ကြက္ရွိ ရတနာသိဂႌ ဘုန္းေတာ္ႀကီး ေက်ာင္းႏွင့္ ပညာ့ဗိမာန္ဘုန္းေတာ္ႀကီး ေက်ာင္းတို႔ရွိ ေရေဘး ကယ္ဆယ္ေရး စခန္းမ်ားမွ ေရေဘးသင့္ ျပည္သူမ်ားအတြက္ ယေန႔ မြန္းလြဲပိုင္းတြင္ အေရွ႕ ေတာင္တုိင္း စစ္ဌာန ခ်ဳပ္ႏွင့္ တပ္ရင္း/ တပ္ဖြဲ႕မ်ားမွ မိသားစု၀င္မ်ား ကသြားေရာက္၍ စားေသာက္ဖြယ္ရာမ်ားႏွင့္ မုိးကာ စမ်ား ေပးအပ္လွဴဒါန္း ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရေးမြို့အတွင်း သန့်ရှင်းရေး ဆောင်ရွက်၊ ရေဘေးသင့် ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်   သြဂုတ်  ၁၂

မွန်ပြည်နယ်၊ ရေးမြို့အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး  ယခုအခါရေပြန်လည် ကျဆင်းပြီ ဖြစ်သောကြောင့်  ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများက ရေလွှမ်းမိုးမှုဖြစ်ပေါ် ခဲ့သည့် ရေးမြို့၊  အမှတ်(၅)အခြေခံပညာ မူလတန်း လွန်ကျောင်းအတွင်း တင်ရှိနေသော အမှိုက်များနှင့်   နုန်းများဖယ်ရှား ရှင်းလင်းပေးခြင်း၊  ရန်မျိုးအောင် ရပ်ကွက်နှင့် ရန်ကြီး အောင်ရပ်ကွက် တို့ရှိ လမ်းများ၌ အမှိုက်များ၊ နုန်းများ ဖယ်ရှား ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းများ ပြန်လည် တူးဖော်ပေးခြင်း လုပ်ငန်းများ ကူညီဆောင် ရွက်ပေးသည်။

ထို့ပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ ရတနာသိင်္ဂီ ဘုန်းတော်ကြီး ကျောင်းနှင့် ပညာ့ဗိမာန်ဘုန်းတော်ကြီး ကျောင်းတို့ရှိ ရေဘေး ကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့် ပြည်သူများအတွက် ယနေ့ မွန်းလွဲပိုင်းတွင် အရှေ့ တောင်တိုင်း စစ်ဌာန ချုပ်နှင့် တပ်ရင်း/ တပ်ဖွဲ့များမှ မိသားစုဝင်များ ကသွားရောက်၍ စားသောက်ဖွယ်ရာများနှင့် မိုးကာ စများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

Recent News