

နေပြည်တော်  သြဂုတ်  ၁၂



(Unicode Version)

တပ်မတော်နယ်လှည့် အထူး ဆေးကုသရေး အဖွဲ့များ မကွေးတိုင်းဒေသကြီး အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် စတင်ထွက်ခွာ

နေပြည်တော်  သြဂုတ်  ၁၂

မကွေးတိုင်းဒေသကြီး၊  စကု၊  ပွင့်ဖြူ၊  စေတုတ္တရာ ၊ ပဒါန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော  တပ်မတော် နယ်လှည့် အထူးဆေးကုသရေး အဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ  သက်ဆိုင်ရာ တိုင်းဒေသကြီးသို့ စတင် ထွက်ခွာ သွားကြသည်။

အဆိုပါ တပ်မတော်နယ်လှည့် အထူးဆေး ကုသရေးအဖွဲ့များနှင့်အတူ ရွေ့လျားခွဲစိတ်ကုသယာဉ်၊  ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်၊ ရွေ့လျား ဓာတ်ခွဲခန်းယာဉ်နှင့် သွားရောဂါ ခွဲစိတ် ကုသရေး ယာဉ်တို့ ပါဝင်ပြီး မကွေးတိုင်း ဒေသကြီး၊  စကု၊ ပွင့်ဖြူ၊ စေတုတ္တရာ ၊ ပဒါန်း မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခ ံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News