အေရွ႔ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၏ တုိင္းမွဴးဒုိင္း ျမန္မာ့သုိင္းၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

အေရွ႔ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၏ တုိင္းမွဴးဒုိင္း ျမန္မာ့သုိင္းၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

ေနျပည္ေတာ္  ၾသဂုတ္  ၁၂

မ်ဳိးခ်စ္စိတ္ဓာတ္ ရွင္သန္ထက္ျမက္ေရး၊ ဇာတိေသြး ဇာတိမာန္ ထက္ျမက္ျမင့္မားေစရန္ႏွင့္ ႏုိင္ငံ့ဂုဏ္ေဆာင္ အားကစားသမားမ်ား ေမြးထုတ္ေပးႏုိင္ရန္ ရည္ရြယ္၍ အေရွ႕ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၏ ၂ဝ၁၉ ခုႏွစ္၊ တုိင္းမွဴးဒုိင္း ျမန္မာ့သိုင္းၿပိဳင္ပြဲဖြင့္ပြဲကို ယေန႔နံနက္ ပုိင္းတြင္ ဗထူးတပ္ၿမိဳ႕၊ နယ္ေျမခံသင္တန္းေက်ာင္း အားကစားခန္းမ၌ ျပဳလုပ္ရာ တုိင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ အရာရွိ၊စစ္သည္၊ မိသားစုမ်ား၊ ၿပိဳင္ပြဲဝင္အားကစား သမားမ်ား၊ ဒုိင္အဖြဲ႕ဝင္မ်ားႏွင့္ အားကစား ဝါသနာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားသည္။ ထို႔ေနာက္ တုိင္းမွဴးႏွင့္ တက္ ေရာက္လာၾက သူမ်ားသည္ အဖြင့္ပြဲ ပြဲစဥ္ ယွဥ္ၿပိဳင္ကစားမႈမ်ားကို ၾကည့္႐ႈအားေပးၾကသည္။

အဆုိပါ ျမန္မာ့သုိင္းၿပိဳင္ပြဲကို တုိင္းစစ္ ဌာနခ်ဳပ္ႏွင့္  ကြပ္ကဲမႈေအာက္ တပ္ရင္း/ တပ္ဖြဲ႕မ်ားမွ ၿပိဳင္ပြဲဝင္အသင္း ၁၁ သင္းျဖင့္ ၾသဂုတ္ ၂၃ ရက္အထိ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်  သြဂုတ်  ၁၂

မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ဇာတိသွေး ဇာတိမာန် ထက်မြက်မြင့်မားစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် ဗထူးတပ်မြို့၊ နယ်မြေခံသင်တန်းကျောင်း အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစား သမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက် ရောက်လာကြ သူများသည် အဖွင့်ပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို တိုင်းစစ် ဌာနချုပ်နှင့်  ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် သြဂုတ် ၂၃ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News