

နေပြည်တော်  သြဂုတ်  ၁၂



(Unicode Version)

ကျောက်မြောင်းမြို့၊ အောင်သုခ ရပ်ကွက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ အောင်သုခ ရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါရပ်ကွက်ရှိ သုခသမ္ပတ္တိ တပ်ဦးဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော် ၁၈ ပါးနှင့် ဒေသခံပြည်သူ ၉၂ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အစာအိမ်ရောဂါ၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News