သီေပါၿမိဳ႔နယ္အတြင္း ႏြားမ်ား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ တစ္စီးအား အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက လက္နက္ငယ္ျဖင့္ လာေရာက္ပစ္ခတ္

သီေပါၿမိဳ႔နယ္အတြင္း ႏြားမ်ား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ တစ္စီးအား အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားက လက္နက္ငယ္ျဖင့္ လာေရာက္ပစ္ခတ္

ေနျပည္ေတာ္  ၾသဂုတ္  ၁၂

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္၊ သီေပါ-လား႐ိႈးၾကား ျပည္ေထာင္စု ကားလမ္းမႀကီးေပၚ၌ ယေန႔မြန္းလြဲ ၁၂ နာရီ ၁ဝ မိနစ္ခန္႔တြင္ စစ္ကိုင္းၿမိဳ႕ဘက္မွ မူဆယ္ၿမိဳ႕ဘက္သို႔ ခ်စ္မမေမာင္ ကုမၸဏီပိုင္ ႏြားမ်ား တင္ေဆာင္၍ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္ ငါးစီးအနက္ တစ္စီးအား အရပ္ဝတ္ ဝတ္ဆင္ထားသည့္ အၾကမ္းဖက္ေသာင္းက်န္းသူ ႏွစ္ဦးက စဥ့္အင္တံတားအနီးသို႔ အေရာက္၌ လက္နက္ငယ္ျဖင့္ ပစ္ခတ္ခဲ့ၿပီး ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ ေမာင္းႏွင္ ထြက္ေျပးသြားခဲ့ရာ ယာဥ္ေမာင္းျဖစ္သူ ဦးစိုင္းေဇာ္ထြန္း(ဘ) ဦးထြန္းဝင္းမွာ က်ည္ထိိမွန္ဒဏ္ရာ ရရွိခဲ့ၿပီး ယာဥ္ေနာက္လိုက္ ဦးေမာင္ျမင့္(ဘ)ဦးေက်ာ္တင္မွာ က်ည္ထိမွန္ဒဏ္ရာျဖင့္ အဆိုပါေနရာ၌ပင္ ေသဆံုးခဲ့သည္။

အဆိုပါျဖစ္စဥ္ေနရာသို႔ နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ေနသည့္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္၍ ဒဏ္ရာရရွိသူႏွင့္ ေသဆံုးသူတို႔အား သီေပါၿမိဳ႕  ျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္ေစ၍ နယ္ေျမစိုးမိုးေရး လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

သီပေါမြို့နယ်အတွင်း နွားများ တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီးအား အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်

နေပြည်တော်  သြဂုတ်  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ သီပေါ-လားရှိုးကြား ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ယနေ့မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ဘက်မှ မူဆယ်မြို့ဘက်သို့ ချစ်မမမောင် ကုမ္ပဏီပိုင် နွားများ တင်ဆောင်၍ မောင်းနှင်လာသည့် မော်တော်ယာဉ် ငါးစီးအနက် တစ်စီးအား အရပ်ဝတ် ဝတ်ဆင်ထားသည့် အကြမ်းဖက်သောင်းကျန်းသူ နှစ်ဦးက စဉ့်အင်တံတားအနီးသို့ အရောက်၌ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ရာ ယာဉ်မောင်းဖြစ်သူ ဦးစိုင်းဇော်ထွန်း(ဘ) ဦးထွန်းဝင်းမှာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်နောက်လိုက် ဦးမောင်မြင့်(ဘ)ဦးကျော်တင်မှာ ကျည်ထိမှန်ဒဏ်ရာဖြင့် အဆိုပါနေရာ၌ပင် သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်နေရာသို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ ဒဏ်ရာရရှိသူနှင့် သေဆုံးသူတို့အား သီပေါမြို့  ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေ၍ နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Recent News