

နေပြည်တော်   သြဂုတ်  ၁၂


(Unicode Version)

ပခုက္ကူမြို့နယ်၊ အနောက်သီရိကျေးရွာ၊ အမှတ်(၁၄၆)အခြေခံပညာ မူလတန်းလွန် ကျောင်းရှိ ကျောင်းသုံး ပရိဘောဂပစ္စည်းများ ကူညီရွှေ့ပြောင်းခြင်းများ ဆောင်ရွက်

နေပြည်တော်   သြဂုတ်  ၁၂

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေသဖြင့် ဧရာဝတီမြစ်ကမ်းဘေးရှိ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ အနောက်သီရိကျေးရွာ၊ အမှတ်(၁၄၆) အခြေခံပညာ မူလတန်းလွန်ကျောင်း သည် ကမ်းပါးပြိုပြီး ရေတိုက်စားမှု အန္တရာယ် ဖြစ်ပေါ်လာနိုင်သဖြင့် စာသင်ကျောင်းမှ ကျောင်းသုံးပရိဘောဂ ပစ္စည်းများ၊ စာသင်ခုံများ၊ စာရေးစားပွဲများအား ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဘေးအန္တရာယ် ကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်း ရရှိသည်။

Recent News