ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ သံအမတ္ႀကီးအား လက္ခံေတြ႕ဆုံ

 

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ သံအမတ္ႀကီးအား လက္ခံေတြ႕ဆုံ

 

ေနျပည္ေတာ္၊ ၾသဂုတ္ ၁၃

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းသည္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံသံအမတ္ႀကီး H. E. Mr. Chen Hai အား ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

ေတြ႕ဆုံပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံသံအမတ္ႀကီး H. E. Mr. Chen Hai ႏွင့္အတူ စစ္သံမွဴးႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆံုရာတြင္ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္ၾကား ခ်စ္ၾကည္ရင္းႏွီးမႈတိုးျမႇင့္ ေဆာင္ရြက္ေရး၊ ခ်စ္ၾကည္ေရးခရီးမ်ား အျပန္အလွန္ေစလႊတ္ေရး၊ က်န္းမာေရးက႑ ပူးေပါင္းေဆာင္ရြက္ေရးကိစၥရပ္မ်ား၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသမ်ားတြင္ တရားမ၀င္နယ္စပ္ ျဖတ္ေက်ာ္မႈ၊ ေမွာင္ခိုေရာင္း၀ယ္ေဖာက္ကားမႈႏွင့္ မူးယစ္ေဆး၀ါးထုတ္လုပ္ေရာင္းခ်မႈမ်ား မရွိေစေရး ပူးေပါင္းေဆာင္ရြက္မည့္ အေျခအေနမ်ား၊ ရခိုင္ျပည္နယ္အတြင္း ေနရပ္စြန္႔ခြာ ထြက္ေျပးသူမ်ား ျပန္လည္လက္ခံေရးေဆာင္ရြက္ေနမႈအေျခအေနမ်ားႏွင့္ ထာ၀ရ ၿငိမ္းခ်မ္းေရးရရွိေစရန္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ေဆြးေႏြး ၫိႇႏႈိင္းမႈမ်ား ေဆာင္ရြက္ႏိုင္မည့္အေျခအေနမ်ားကို ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ တ႐ုတ္ျပည္သူ႕ သမၼတႏိုင္ငံ သံအမတ္ႀကီးတို႔သည္ အဖြဲ႕၀င္မ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပုံ ႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၁၃

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H. E. Mr. Chen Hai အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ေတွ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H. E. Mr. Chen Hai နှင့်အတူ စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် ဆောင်ရွက်ရေး၊ ချစ်ကြည်ရေးခရီးများ အပြန်အလှန်စေလွှတ်ရေး၊ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် တရားမဝင်နယ်စပ် ဖြတ်ကျော်မှု၊ မှောင်ခိုရောင်းဝယ်ဖောက်ကားမှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုများ မရှိစေရေး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးသူများ ပြန်လည်လက်ခံရေးဆောင်ရွက်နေမှုအခြေအနေများနှင့် ထာဝရ ငြိမ်းချမ်းရေးရရှိစေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ေတွ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

Recent News