ေတာင္က်ေရ တုိက္စားမႈေၾကာင့္ ပ်က္စီးျပတ္ေတာက္မႈမ်ား ျဖစ္ေပၚခဲ့သည့္ သံျဖဴဇရပ္ၿမိဳ႔နယ္၊ ၀ယ္၀ကၤရာ ေက်းရြာ၊ သံျဖဴဇရပ္- ေရးကားလမ္းေပၚ၌ ကူညီ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

ေတာင္က်ေရ တုိက္စားမႈေၾကာင့္ ပ်က္စီးျပတ္ေတာက္မႈမ်ား ျဖစ္ေပၚခဲ့သည့္ သံျဖဴဇရပ္ၿမိဳ႔နယ္၊ ၀ယ္၀ကၤရာ ေက်းရြာ၊ သံျဖဴဇရပ္- ေရးကားလမ္းေပၚ၌ ကူညီ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၂

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္အတြင္း မုိးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ၀ယ္၀ကၤရာေက်းရြာ၊   သံျဖဴဇရပ္- ေရးကား လမ္းေပၚရွိ ၀ယ္၀ကၤရာ တံတား ခ်ဥ္းကပ္လမ္းအနီး ကတၱရာလမ္းမွာ ေတာင္က်ေရတုိက္စားမႈေၾကာင့္ ပ်က္စီးျပတ္ ေတာက္မႈမ်ား ျဖစ္ေပၚခဲ့သည္။

အဆုိပါ ပ်က္စီးသြားေသာ ကတၱရာလမ္းအား ၾသဂုတ္ ၁၁ရက္ နံနက္ပုိင္းတြင္ အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္ နယ္ေျမခံ တပ္မေတာ္ သားမ်ားက ဌာနဆုိင္ရာတာ၀န္ရွိသူမ်ားႏွင့္ ပူးေပါင္း၍ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ခရီးသြား ျပည္သူမ်ား   သြားလာမႈအဆင္ေျပေစေရး အတြက္ ျပန္လည္ျပဳျပင္ေပးျခင္း၊ လမ္းေအာက္ ေျခခုိင္မာမႈ ရွိေစေရးအတြက္  အမာခံ ေက်ာက္တံုး ေက်ာက္သားမ်ား ျပန္လည္ အစားထုိးေပးျခင္းႏွင့္ သံျဖဴဇရပ္- ေရးကားလမ္းေပၚရွိ ေျမၿပိဳက်ေနေသာ ေျမသား မ်ားအား ဖယ္ရွား ရွင္းလင္း ေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔   ေဆာင္ရြက္ ေပးေနမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္ မ်ဳိးမုိးေအာင္ႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈ အား ေပးသည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ အဖြဲ႕၀င္မ်ားက ေရးၿမိဳ႕၊ ၿမိဳ႕မ အားကစား႐ံု၊ တပၸလင္ ႏွစ္ဆူဘုရား၊  မႏၱေလး ဘုန္းေတာ္ႀကီးေက်ာင္း၊ က်ဳိက္သီရိမြန္ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားရွိ ေရေဘးကယ္ဆယ္ေရး စခန္းမ်ားႏွင့္  မြန္ျပည္နယ္၊   ပင ေက်းရြာ၊  ၾကက္တညင္ ဓမၼာ႐ံုတို႔ရွိ  ေရေဘး ကယ္ဆယ္ေရး စခန္းမ်ားမွ ေရေဘးသင့္ျပည္သူ မ်ား အား သြားေရာက္ ေတြ႕ဆံု အားေပးစကား ေျပာၾကားၿပီး စားေသာက္ဖြယ္ ရာမ်ားႏွင့္ ေသာက္ေရသန္႔ဘူးမ်ား  ေပးအပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။  

(Unicode Version)

တောင်ကျရေ တိုက်စားမှုကြောင့် ပျက်စီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည့် သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်္ကရာ ကျေးရွာ၊ သံဖြူဇရပ်- ရေးကားလမ်းပေါ်၌ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝယ်ဝင်္ကရာကျေးရွာ၊   သံဖြူဇရပ်- ရေးကား လမ်းပေါ်ရှိ ဝယ်ဝင်္ကရာ တံတား ချဉ်းကပ်လမ်းအနီး ကတ္တရာလမ်းမှာ တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးပြတ် တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ပျက်စီးသွားသော ကတ္တရာလမ်းအား သြဂုတ် ၁၁ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော် သားများက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ မော်တော်ယာဉ်များနှင့် ခရီးသွား ပြည်သူများ   သွားလာမှုအဆင်ပြေစေရေး အတွက် ပြန်လည်ပြုပြင်ပေးခြင်း၊ လမ်းအောက် ခြေခိုင်မာမှု ရှိစေရေးအတွက်  အမာခံ ကျောက်တုံး ကျောက်သားများ ပြန်လည် အစားထိုးပေးခြင်းနှင့် သံဖြူဇရပ်- ရေးကားလမ်းပေါ်ရှိ မြေပြိုကျနေသော မြေသား များအား ဖယ်ရှား ရှင်းလင်း ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့   ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အား ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရေးမြို့၊ မြို့မ အားကစားရုံ၊ တပ္ပလင် နှစ်ဆူဘုရား၊  မန္တလေး ဘုန်းတော်ကြီးကျောင်း၊ ကျိုက်သီရိမွန် ဘုန်းတော်ကြီး ကျောင်းများရှိ ရေဘေးကယ်ဆယ်ရေး စခန်းများနှင့်  မွန်ပြည်နယ်၊   ပင ကျေးရွာ၊  ကြက်တညင် ဓမ္မာရုံတို့ရှိ  ရေဘေး ကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့်ပြည်သူ များ အား သွားရောက် တွေ့ဆုံ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ် ရာများနှင့် သောက်ရေသန့်ဘူးများ  ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News