တနသၤာရီၿမိဳ႔နယ္၊ ခေမာက္ႀကီးၿမိဳ႔နယ္၊ ပုေလာၿမိဳ႔နယ္ႏွင့္ ေရျဖဴၿမိဳ႔နယ္တုိ့အတြင္း ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

တနသၤာရီၿမိဳ႔နယ္၊ ခေမာက္ႀကီးၿမိဳ႔နယ္၊ ပုေလာၿမိဳ႔နယ္ႏွင့္ ေရျဖဴၿမိဳ႔နယ္တုိ့အတြင္း ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၂

တနသၤာရီတုိင္း ေဒသႀကီးအတြင္း မုိးအဆက္ မျပတ္ရြာသြန္းမႈေၾကာင့္  ေရႀကီးေရလွ်ံမႈ မ်ားျဖစ္ေပၚ၍ ကားလမ္းမ်ား ေရေက်ာ္ျခင္း၊ ေက်းရြာမ်ား အတြင္းသုိ႔ ေရ၀င္ေရာက္ျခင္း၊ ေျမၿပိဳ၍ ကားလမ္းမ်ား ျပတ္က်ျခင္းမ်ား ျဖစ္ေပၚလ်က္ရွိရာ ကမ္း႐ုိးတန္း ေဒသတုိင္း စစ္ဌာနခ်ဳပ္ နယ္ေျမခံ တပ္မေတာ္သားမ်ားႏွင့္ ဌာနဆုိင္ရာမ်ား ပူးေပါင္း၍ ကူညီကယ္ ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးလ်က္ ရွိသည္။

ယင္းသို႔ ေဆာင္ရြက္ေပးရာ၌  ယေန႔တြင္ တနသၤာရီၿမိဳ႕နယ္၊ အေရွ႕မင္းသန္းေက်းရြာ၊  ေညာင္ပင္ေက်းရြာႏွင့္   ထုံေတာ္ ေက်းရြာ အၾကားတြင္လည္းေကာင္း၊   ေလာင္းလုံးၿမိဳ႕ နယ္၊ ရွင္ေမာ္ေစတီ ေတာင္တက္လမ္းတြင္ လည္းေကာင္း၊ ခေမာက္ႀကီး ၿမိဳ႕နယ္၊ ေအးခ်မ္း သာေက်းရြာတုိ႔တြင္လည္းေကာင္း၊  နယ္ေျမခံ တပ္မေတာ္သားမ်ားက ခရီးသြား ျပည္သူမ်ား အႏၱရာယ္ မျဖစ္ေစေရး၊ ေမာ္ေတာ္ယာဥ္မ်ား ပုံမွန္ သြားလာႏုိင္ေစရန္   ယာဥ္ေၾကာမ်ား ရွင္းလင္းေပးျခင္း၊ ၿပိဳလဲက်ေနသည့္ သစ္ပင္၊ သစ္ကုိင္းမ်ား ခုတ္ထြင္ရွင္းလင္းဖယ္ရွားေပး ျခင္း၊ ေရေဘးသင့္ျပည္သူမ်ားႏွင့္ စၥည္းမ်ား အား   တပ္မေတာ္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္  ကူညီေရႊ႕ေျပာင္းကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ ပုေလာၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္ရွိ အမွတ္(၅)အေျခခံပညာ မူလတန္းေက်ာင္းတြင္ ေရျပန္လည္က်ဆင္း သြားေသာေၾကာင့္ က်န္ရွိေနသည့္ ရႊံ႕ၫြန္မ်ားႏွင့္ အညစ္အေၾကးမ်ားအား ျပန္လည္ ေဆးေၾကာျခင္း စသည့္ သန္႔ရွင္းေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

အလားတူ ေရျဖဴၿမိဳ႕နယ္၊ ကလိန္ေအာင္ၿမိဳ႕ တြင္ မုိးအဆက္မျပတ္ ရြာသြန္းခဲ့၍ ထား၀ယ္- ေမာ္လၿမိဳင္ ကားလမ္းမႀကီးရွိ မုိင္တုိင္ ၇၆ ႏွင့္ ၇၉ အနီးတို႔၌ ေျမသားၿပိဳက်ခဲ့သည့္ ေနရာမ်ားအား  လမ္းျပဳျပင္မႈမ်ား ေဆာင္ရြက္ေပး လ်က္ရွိရာ ယေန႔တြင္ ေရးၿမိဳ႕ဘက္မွ ေျခက်င္ ခရီးျဖင့္ေရာက္ရွိလာသည့္ ခရီးသြားျပည္သူ မ်ားအား နယ္ေျမခံ တပ္မေတာ္ သားမ်ားက တပ္မေတာ္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ကလိန္ ေအာင္ၿမိဳ႕သုိ႔ သယ္ယူပုိ႔ေဆာင္ ေပးခဲ့ေၾကာင္း  သတင္း ရရွိသည္။

(Unicode Version)

တနင်္သာရီမြို့နယ်၊ ခမောက်ကြီးမြို့နယ်၊ ပုလောမြို့နယ်နှင့် ရေဖြူမြို့နယ်တို့အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၂

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့်  ရေကြီးရေလျှံမှု များဖြစ်ပေါ်၍ ကားလမ်းများ ရေကျော်ခြင်း၊ ကျေးရွာများ အတွင်းသို့ ရေဝင်ရောက်ခြင်း၊ မြေပြို၍ ကားလမ်းများ ပြတ်ကျခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကူညီကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

ယင်းသို့ ဆောင်ရွက်ပေးရာ၌  ယနေ့တွင် တနင်္သာရီမြို့နယ်၊ အရှေ့မင်းသန်းကျေးရွာ၊  ညောင်ပင်ကျေးရွာနှင့်   ထုံတော် ကျေးရွာ အကြားတွင်လည်းကောင်း၊   လောင်းလုံးမြို့ နယ်၊ ရှင်မော်စေတီ တောင်တက်လမ်းတွင် လည်းကောင်း၊ ခမောက်ကြီး မြို့နယ်၊ အေးချမ်း သာကျေးရွာတို့တွင်လည်းကောင်း၊  နယ်မြေခံ တပ်မတော်သားများက ခရီးသွား ပြည်သူများ အန္တရာယ် မဖြစ်စေရေး၊ မော်တော်ယာဉ်များ ပုံမှန် သွားလာနိုင်စေရန်   ယာဉ်ကြောများ ရှင်းလင်းပေးခြင်း၊ ပြိုလဲကျနေသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဖယ်ရှားပေး ခြင်း၊ ရေဘေးသင့်ပြည်သူများနှင့် စ္စည်းများ အား   တပ်မတော် မော်တော်ယာဉ်များဖြင့်  ကူညီရွှေ့ပြောင်းကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ပုလောမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းတွင် ရေပြန်လည်ကျဆင်း သွားသောကြောင့် ကျန်ရှိနေသည့် ရွှံ့ညွန်များနှင့် အညစ်အကြေးများအား ပြန်လည် ဆေးကြောခြင်း စသည့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့၍ ထားဝယ်- မော်လမြိုင် ကားလမ်းမကြီးရှိ မိုင်တိုင် ၇၆ နှင့် ၇၉ အနီးတို့၌ မြေသားပြိုကျခဲ့သည့် နေရာများအား  လမ်းပြုပြင်မှုများ ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရေးမြို့ဘက်မှ ခြေကျင် ခရီးဖြင့်ရောက်ရှိလာသည့် ခရီးသွားပြည်သူ များအား နယ်မြေခံ တပ်မတော် သားများက တပ်မတော် မော်တော်ယာဉ်များဖြင့် ကလိန် အောင်မြို့သို့ သယ်ယူပို့ဆောင် ပေးခဲ့ကြောင်း  သတင်း ရရှိသည်။

Recent News