ေရႊက်င္ၿမိဳ႔ရွိ ေရေဘးသင့္ ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္၊ ေထာက္ပံ့ ပစၥည္းမ်ား ကူညီ ေရႊ႔ေျပာင္းေပး

ေရႊက်င္ၿမိဳ႔ရွိ ေရေဘးသင့္ ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္၊ ေထာက္ပံ့ ပစၥည္းမ်ား ကူညီ ေရႊ႔ေျပာင္းေပး

ေနျပည္ေတာ္  ၾသဂုတ္  ၁၂

ပဲခူးတုိင္းေဒသႀကီး အတြင္း စစ္ေတာင္းျမစ္ေရႏွင့္ ေရႊက်င္ေခ်ာင္းေရ ျမင့္တက္မႈတုိ႔ ေၾကာင့္ ေရေဘး အႏၱရာယ္ႀကံဳေတြ႕ ခဲ့ရေသာ ေရေဘးသင့္ျပည္သူမ်ားကို ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ရွိ  နယ္ေျမခံတပ္မေတာ္သား မ်ားက  ကူညီကယ္ ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိရာ ယေန႔နံနက္ပိုင္း တြင္ ေရႊက်င္ၿမိဳ႕၊ မက်ည္းတန္းရပ္ကြက္၊ အေျခခံ ပညာမူလတန္းလြန္ေက်ာင္း၊ ေရေဘး ကယ္ဆယ္ေရးစခန္းရွိ အိမ္ေထာင္စု ၇၃ စုမွ ေရေဘးသင့္ျပည္သူ ၄၁၁ ဦးကို တုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ကုသေရးအဖြဲ႕က ဖ်ားနာေရာဂါ၊   ေသြးတုိးေရာဂါ၊  ဆီးခ်ဳိေရာဂါ၊  ထိခိုက္ရွနာေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္က်န္းမာေရးစစ္ေဆး  ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ ေညာင္ေလးပင္ၿမိဳ႕နယ္၊ မေဒါက္ ၿမိဳ႕၊ ၿမိဳ႕မ(၁)ရပ္ကြက္၊ ၿမိဳ႕မ(၂)ရပ္ကြက္ႏွင့္ ေညာင္ပင္ေပါက္ေက်းရြာ၊ ေရေပၚ ေသာင္ေက်းရြာ၊ ေသာင္ႀကီးေက်းရြာ၊ အင္းေခ်ာင္း ေက်းရြာ၊ အင္း၀ိုင္းေက်းရြာ၊ ေခ်ာင္းက်ဳိး ေက်းရြာႏွင့္    ေဂ်ာင္းတာ ေက်းရြာတုိ႔ရွိ ေရေဘးသင့္ျပည္သူမ်ားအတြက္ အနယ္နယ္ အရပ္ရပ္မွ  ေစတနာရွင္အလွဴရွင္မ်ားက မေဒါက္ၿမိဳ႕ရွိ ေရေဘး ကယ္ဆယ္ေရး ကြပ္ကဲမႈ႐ံုးသုိ႔ ဆက္သြယ္လွဴဒါန္းၿပီး အရန္မီးသတ္တပ္ဖြဲ႕႐ံုး၌ သိုေလွာင္ထားေသာ ဆန္ ၂၉၃ အိတ္၊ ဆီ ၁၆၂၆ ပိႆာ၊ ေခါက္ဆြဲေျခာက္ ၁၄၆၇၉ထုပ္ႏွင့္ ေသာက္ေရသန္႔ဘူး ၁၅၈၀၁ ဘူးမ်ားကို  ကူညီေရႊ႕ေျပာင္း ေပးျခင္းမ်ား ေဆာင္ရြက္ေပး ခဲ့ေၾကာင္း သတင္းရရွိသည္။     

(Unicode Version)

ရွှေကျင်မြို့ရှိ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ ထောက်ပံ့ ပစ္စည်းများ ကူညီ ရွှေ့ပြောင်းပေး

နေပြည်တော်  သြဂုတ်  ၁၂

ပဲခူးတိုင်းဒေသကြီး အတွင်း စစ်တောင်းမြစ်ရေနှင့် ရွှေကျင်ချောင်းရေ မြင့်တက်မှုတို့ ကြောင့် ရေဘေး အန္တရာယ်ကြုံတွေ့ ခဲ့ရသော ရေဘေးသင့်ပြည်သူများကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ  နယ်မြေခံတပ်မတော်သား များက  ကူညီကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ရွှေကျင်မြို့၊ မကျည်းတန်းရပ်ကွက်၊ အခြေခံ ပညာမူလတန်းလွန်ကျောင်း၊ ရေဘေး ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၇၃ စုမှ ရေဘေးသင့်ပြည်သူ ၄၁၁ ဦးကို တိုင်းစစ်ဌာနချုပ် နယ်လှည့်ကုသရေးအဖွဲ့က ဖျားနာရောဂါ၊   သွေးတိုးရောဂါ၊  ဆီးချိုရောဂါ၊  ထိခိုက်ရှနာရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး  ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ညောင်လေးပင်မြို့နယ်၊ မဒေါက် မြို့၊ မြို့မ(၁)ရပ်ကွက်၊ မြို့မ(၂)ရပ်ကွက်နှင့် ညောင်ပင်ပေါက်ကျေးရွာ၊ ရေပေါ် သောင်ကျေးရွာ၊ သောင်ကြီးကျေးရွာ၊ အင်းချောင်း ကျေးရွာ၊ အင်းဝိုင်းကျေးရွာ၊ ချောင်းကျိုး ကျေးရွာနှင့်    ဂျောင်းတာ ကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူများအတွက် အနယ်နယ် အရပ်ရပ်မှ  စေတနာရှင်အလှူရှင်များက မဒေါက်မြို့ရှိ ရေဘေး ကယ်ဆယ်ရေး ကွပ်ကဲမှုရုံးသို့ ဆက်သွယ်လှူဒါန်းပြီး အရန်မီးသတ်တပ်ဖွဲ့ရုံး၌ သိုလှောင်ထားသော ဆန် ၂၉၃ အိတ်၊ ဆီ ၁၆၂၆ ပိဿာ၊ ခေါက်ဆွဲခြောက် ၁၄၆၇၉ထုပ်နှင့် သောက်ရေသန့်ဘူး ၁၅၈၀၁ ဘူးများကို  ကူညီရွှေ့ပြောင်း ပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။    

Recent News