ေမွာ္ဘီၿမိဳ႔နယ္ႏွင့္ သုံးခြၿမိဳ႔နယ္တို႔အတြင္း ကူညီ ကယ္ဆယ္ေရးႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ လွဴဒါန္း

ေမွာ္ဘီၿမိဳ႔နယ္ႏွင့္ သုံးခြၿမိဳ႔နယ္တို႔အတြင္း ကူညီ ကယ္ဆယ္ေရးႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ လွဴဒါန္း

ေနျပည္ေတာ္   ၾသဂုတ္   ၁၂

ရန္ကုန္တိုင္းေဒသႀကီး အတြင္း  မိုးအဆက္မျပတ္ ရြာသြန္းၿပီး ေမွာ္ဘီေခ်ာင္းေရ လွ်ံမႈေၾကာင့္ ေမွာ္ဘီၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္ အတြင္းရွိ အနိမ့္ပိုင္းလမ္းမ်ားတြင္ မိုးေရ ၁ ေပခန္႔ဝင္ေရာက္လ်က္ရွိရာ ရပ္ကြက္ေနျပည္သူမ်ားမွာ ၎တို႔ေနအိမ္မ်ား၌ပင္ ေနထိုင္လ်က္ ရွိၿပီး မိုးေရမ်ား ဆက္လက္ျမင့္တက္ေနပါက ေရေဘး ကင္းလြတ္ရာသို႔  ေရႊ႕ေျပာင္းရန္အတြက္  တာဝန္ရွိသူမ်ားက  စီမံထားရွိသည္။

အဆိုပါရပ္ကြက္သို႔ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ ေမွာ္ဘီတပ္နယ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက ယေန႔တြင္ စားေသာက္ဖြယ္ရာမ်ားႏွင့္ ေသာက္ေရသန္႔ဘူးမ်ား ေပးအပ္လွဴဒါန္းၿပီး ေရဝင္ေရာက္သည့္ေနရာမ်ား၌ ေရစီးေရလာ ေကာင္းမြန္ေစရန္ ေရေျမာင္းမ်ား အတြင္း ပိတ္ဆို႔ေနေသာ အမႈိက္မ်ားအား ဖယ္ရွားရွင္းလင္းျခင္း လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

အလားတူ ရန္ကုန္တိုင္းေဒသႀကီး၊ သံုးခြၿမိဳ႕နယ္၊ ရွမ္းစုေက်းရြာအတြင္း ပင္လယ္ဒီေရ ျမင့္တက္မႈေၾကာင့္ ေရမ်ား ဝင္ေရာက္လ်က္ရွိရာ နယ္ေျမခံ တပ္မေတာ္သားမ်ားက အိမ္ေထာင္စုေျခာက္စုအား ေရေဘးကင္းလြတ္ရာ အဆိုပါေက်းရြာ ရွိ ဇမၺဴေအး ေက်ာင္းတိုက္သို႔ ယာယီ ေရႊ႕ေျပာင္းေနရာ ခ်ထားေပးၿပီး ေရေဘးသင့္ျပည္သူ ၂၂  ဦးတို႔အတြက္  စားေသာက္ဖြယ္ရာမ်ား ေပးအပ္လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။        

(Unicode Version)

မှော်ဘီမြို့နယ်နှင့် သုံးခွမြို့နယ်တို့အတွင်း ကူညီ ကယ်ဆယ်ရေးနှင့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်း

နေပြည်တော်   သြဂုတ်   ၁၂

ရန်ကုန်တိုင်းဒေသကြီး အတွင်း  မိုးအဆက်မပြတ် ရွာသွန်းပြီး မှော်ဘီချောင်းရေ လျှံမှုကြောင့် မှော်ဘီမြို့နယ်၊ အမှတ်(၃)ရပ်ကွက် အတွင်းရှိ အနိမ့်ပိုင်းလမ်းများတွင် မိုးရေ ၁ ပေခန့်ဝင်ရောက်လျက်ရှိရာ ရပ်ကွက်နေပြည်သူများမှာ ၎င်းတို့နေအိမ်များ၌ပင် နေထိုင်လျက် ရှိပြီး မိုးရေများ ဆက်လက်မြင့်တက်နေပါက ရေဘေး ကင်းလွတ်ရာသို့  ရွှေ့ပြောင်းရန်အတွက်  တာဝန်ရှိသူများက  စီမံထားရှိသည်။

အဆိုပါရပ်ကွက်သို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် မှော်ဘီတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက ယနေ့တွင် စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်ဘူးများ ပေးအပ်လှူဒါန်းပြီး ရေဝင်ရောက်သည့်နေရာများ၌ ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းများ အတွင်း ပိတ်ဆို့နေသော အမှိုက်များအား ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ရှမ်းစုကျေးရွာအတွင်း ပင်လယ်ဒီရေ မြင့်တက်မှုကြောင့် ရေများ ဝင်ရောက်လျက်ရှိရာ နယ်မြေခံ တပ်မတော်သားများက အိမ်ထောင်စုခြောက်စုအား ရေဘေးကင်းလွတ်ရာ အဆိုပါကျေးရွာ ရှိ ဇမ္ဗူအေး ကျောင်းတိုက်သို့ ယာယီ ရွှေ့ပြောင်းနေရာ ချထားပေးပြီး ရေဘေးသင့်ပြည်သူ ၂၂  ဦးတို့အတွက်  စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။        

Recent News