တနသၤာရီၿမိဳ႔နယ္အတြင္း ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

တနသၤာရီၿမိဳ႔နယ္အတြင္း ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္   ၾသဂုတ္  ၁၂

တနသၤာရီတိုင္းေဒသႀကီးအတြင္း  မုိးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ တနသၤာရီျမစ္ေရသည္ ၾသဂုတ္ ၆ ရက္မွစတင္၍   စုိးရိမ္ေရ အမွတ္၏ ၁၇ ေပအထက္သုိ႔ ေက်ာ္လြန္ျမင့္တက္ လာခဲ့ရာ ယေန႔ နံနက္ပိုင္းတြင္ ေရအမွတ္ ၂၆ ေပ ၆ လက္မသုိ႔ ေရာက္ရွိခဲ့ၿပီး တနသၤာရီ ၿမိဳ႕နယ္၊  ၿမိတ္-ေကာ့ေသာင္းသြား  ကားလမ္းေပၚရွိ ထန္းပင္ကုန္း ေက်းရြာ၊  ဥယ်ာဥ္ကြင္း ေက်းရြာ၊  ေအာ္ႀကီး ေက်းရြာ၊ ေအာက္ကင္းေက်းရြာႏွင့္ လယ္ေထာင္ယာ ေက်းရြာတုိ႔တြင္ ကားလမ္း ေရေက်ာ္မႈမ်ားျဖစ္ေပၚခဲ့သည္။

အဆိုပါ ကားလမ္းေရေက်ာ္မႈေၾကာင့္ သြားလာမႈ အခက္အခဲမ်ားႀကံဳေတြ႕ေနရသည့္ ခရီးသြားျပည္သူမ်ားကို   ယေန႔  နံနက္ပိုင္းတြင္   ကမ္း႐ိုးတန္းေဒသတိုင္းစစ္ ဌာနခ်ဳပ္  နယ္ေျမခံတပ္မေတာ္သားမ်ားက လြယ္ကူစြာ သြားလာႏိုင္ေရးႏွင့္   အႏၱရာယ္မျဖစ္ေစေရး၊ ယာဥ္ေၾကာမ်ား ရွင္းလင္းေပးျခင္း၊  ျဖတ္ကူး မရသည့္ ယာဥ္ငယ္ မ်ားအား တပ္မေတာ္ ဖုိက္ဘာေလွ မ်ားျဖင့္ ပို႔ေဆာင္ေပးျခင္း၊ ေရေဘးသင့္ျပည္သူမ်ားအား တပ္မေတာ္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ပုိ႔ေဆာင္ေပးျခင္း စသည့္ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တိုင္းမွဴး ဗိုလ္ခ်ဳပ္ေသာင္းထိုက္ေရႊႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပး ၿပီး ခရီးသြား ျပည္သူမ်ားႏွင့္ ကူညီကယ္ဆယ္ေရးအဖြဲ႕မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

တနင်္သာရီမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   သြဂုတ်  ၁၂

တနင်္သာရီတိုင်းဒေသကြီးအတွင်း  မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် သြဂုတ် ၆ ရက်မှစတင်၍   စိုးရိမ်ရေ အမှတ်၏ ၁၇ ပေအထက်သို့ ကျော်လွန်မြင့်တက် လာခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရေအမှတ် ၂၆ ပေ ၆ လက်မသို့ ရောက်ရှိခဲ့ပြီး တနင်္သာရီ မြို့နယ်၊  မြိတ်-ကော့သောင်းသွား  ကားလမ်းပေါ်ရှိ ထန်းပင်ကုန်း ကျေးရွာ၊  ဥယျာဉ်ကွင်း ကျေးရွာ၊  အော်ကြီး ကျေးရွာ၊ အောက်ကင်းကျေးရွာနှင့် လယ်ထောင်ယာ ကျေးရွာတို့တွင် ကားလမ်း ရေကျော်မှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ကားလမ်းရေကျော်မှုကြောင့် သွားလာမှု အခက်အခဲများကြုံတွေ့နေရသည့် ခရီးသွားပြည်သူများကို   ယနေ့  နံနက်ပိုင်းတွင်   ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ်  နယ်မြေခံတပ်မတော်သားများက လွယ်ကူစွာ သွားလာနိုင်ရေးနှင့်   အန္တရာယ်မဖြစ်စေရေး၊ ယာဉ်ကြောများ ရှင်းလင်းပေးခြင်း၊  ဖြတ်ကူး မရသည့် ယာဉ်ငယ် များအား တပ်မတော် ဖိုက်ဘာလှေ များဖြင့် ပို့ဆောင်ပေးခြင်း၊ ရေဘေးသင့်ပြည်သူများအား တပ်မတော် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခြင်း စသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေး ပြီး ခရီးသွား ပြည်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News