ၾကာအင္းဆိပ္ႀကီး ၿမိဳ႔ေပၚရွိ ရပ္ကြက္မ်ား၌ ကူညီ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

ၾကာအင္းဆိပ္ႀကီး ၿမိဳ႔ေပၚရွိ ရပ္ကြက္မ်ား၌ ကူညီ ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္   ၾသဂုတ္  ၁၂

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္အတြင္း မုိးသည္းထန္စြာရြာသြန္းမႈေၾကာင့္   ၾကာအင္းဆိပ္ႀကီးၿမိဳ႕ေပၚ ရွိ အမွတ္(၂) ရပ္ကြက္၊  အမွတ္(၃)ရပ္ကြက္ႏွင့္ အမွတ္(၆) ရပ္ကြက္မ်ားအတြင္း   ေရ၀င္ေရာက္မႈမ်ား ျဖစ္ေပၚလ်က္ ရွိသည္။

အဆုိပါေရ၀င္ေရာက္ခဲ့သည့္  အမွတ္(၂) ရပ္ကြက္ အတြင္းမွ အိမ္ေထာင္စု ၂၃ စု၊ လူဦးေရ ၁၁၈ ဦးတို႔အား အမွတ္(၄)အေျခခံ ပညာ မူလတန္းေက်ာင္းရွိ ေရေဘးကယ္ဆယ္ ေရးစခန္းသို႔လည္းေကာင္း၊   အမွတ္(၃) ရပ္ကြက္မွ  အိမ္ေထာင္စု ၁၅ စု၊  လူဦးေရ ၅၉ ဦးတုိ႔ကို အမွတ္(၇)အေျခခံပညာမူလ တန္းေက်ာင္းရွိ ေရေဘးကယ္ဆယ္ေရးစခန္း သို႔လည္းေကာင္း၊ အမွတ္(၆)ရပ္ကြက္မွ အိမ္ေထာင္စု ၉၂ စု၊ လူဦးေရ ၄၅၃ ဦးတုိ႔ကို  အမွတ္(၁) အေျခခံပညာ မူလတန္းေက်ာင္းရွိ ေရေဘးကယ္ဆယ္ေရးစခန္းႏွင့္ အေျခခံပညာ အထက္တန္းေက်ာင္းခြဲရွိ ေရေဘးကယ္ဆယ္ ေရးစခန္းသို႔လည္းေကာင္း အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္ နယ္ေျမခံ တပ္မေတာ္သားမ်ားက ယေန႔နံနက္ပိုင္းတြင္  အဆုိပါ ေရေဘး ကယ္ဆယ္ေရး စခန္းမ်ားသို႔ ေျပာင္းေရႊ႕ေနရာ ခ်ထားေပးၿပီး လိုအပ္သည့္ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကြာအင်းဆိပ်ကြီး မြို့ပေါ်ရှိ ရပ်ကွက်များ၌ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   သြဂုတ်  ၁၂

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်   ကြာအင်းဆိပ်ကြီးမြို့ပေါ် ရှိ အမှတ်(၂) ရပ်ကွက်၊  အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၆) ရပ်ကွက်များအတွင်း   ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

အဆိုပါရေဝင်ရောက်ခဲ့သည့်  အမှတ်(၂) ရပ်ကွက် အတွင်းမှ အိမ်ထောင်စု ၂၃ စု၊ လူဦးရေ ၁၁၈ ဦးတို့အား အမှတ်(၄)အခြေခံ ပညာ မူလတန်းကျောင်းရှိ ရေဘေးကယ်ဆယ် ရေးစခန်းသို့လည်းကောင်း၊   အမှတ်(၃) ရပ်ကွက်မှ  အိမ်ထောင်စု ၁၅ စု၊  လူဦးရေ ၅၉ ဦးတို့ကို အမှတ်(၇)အခြေခံပညာမူလ တန်းကျောင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း သို့လည်းကောင်း၊ အမှတ်(၆)ရပ်ကွက်မှ အိမ်ထောင်စု ၉၂ စု၊ လူဦးရေ ၄၅၃ ဦးတို့ကို  အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ ရေဘေးကယ်ဆယ် ရေးစခန်းသို့လည်းကောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင်  အဆိုပါ ရေဘေး ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နေရာ ချထားပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News