

နေပြည်တော်   သြဂုတ်  ၁၃




(Unicode Version)

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတံခွန်စိုက်ဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်   သြဂုတ်  ၁၃

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏၂ဝ၁၉ ခုနှစ်၊ တိုင်းမှူး တံခွန်စိုက်ဒိုင်းလက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲကို သြဂုတ် ၁၂ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက် ရောက်လာကြသူများက အဖွင့်ပွဲစဉ်အဖြစ်ပြိုင်ပွဲဝင်အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်     တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့်   သြဂုတ် ၁၂ ရက်မှ ၁၉ ရက်အထိ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News