အသက္(၂)ႏွစ္ေအာက္ကေလးငယ္မ်ား ကာကြယ္ေဆးထုိးႏွံ၊ တုိက္ေကြၽးျခင္းမ်ားေဆာင္ရြက္

အသက္(၂)ႏွစ္ေအာက္ကေလးငယ္မ်ား ကာကြယ္ေဆးထုိးႏွံ၊ တုိက္ေကြၽးျခင္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္   ၾသဂုတ္  ၁၃

ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၊ ေတာင္ငူတပ္နယ္၊ အသက္(၂)ႏွစ္ေအာက္ကေလးငယ္မ်ား ကာကြယ္ေဆးထုိးႏွံ၊ တုိက္ေကြၽးျခင္းကုိ ယေန႔နံနက္ပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္၊ ေအးခ်မ္းၿဖိဳးခန္းမ၌ျပဳလုပ္ရာ တုိင္းမွဴး ဗုိုလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားက လုိအပ္သည္မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးၿပီး ကေလးငယ္မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ သည္။

အဆုိပါ အသက္(၂)ႏွစ္ေအာက္ကေလးငယ္မ်ား ကာကြယ္ေဆးထုိးႏွံ၊ တိုက္ေကြၽး ျခင္း ေဆာင္ရြက္ေပးရာတြင္ ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုမွ ပါရဂူမ်ားႏွင့္ ဆရာဝန္မ်ားက ကေလးငယ္ ၃၅၆ ဦးတုိ႔ကို ေပါင္ခ်ိန္ေပးျခင္း၊ သန္ခ်ေဆးတုိက္ေကြၽးျခင္း၊ အားေဆးတုိက္ေကြၽးျခင္း၊ ဆံုဆုိ႔၊ ၾကက္ညႇာ၊ ေမးခုိင္၊ အသည္းေရာင္အသားဝါ  ဘီ၊  ဦးေႏွာက္အေျမႇးေရာင္   ငါးမ်ဳိးစပ္ကာကြယ္ေဆး၊ ျပင္းထန္အဆုတ္ေရာင္ကာကြယ္ေဆး၊ ပုိလီယုိကာကြယ္ေဆးႏွင့္  ဝက္သက္၊  ဂ်ဳိက္သုိးကာကြယ္ေဆးမ်ား ထုိးႏွံ၊ တုိက္ေကြၽးေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အသက်(၂)နှစ်အောက်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းများဆောင်ရွက်

နေပြည်တော်   သြဂုတ်  ၁၃

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်၊ အသက်(၂)နှစ်အောက်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ် သည်။

အဆိုပါ အသက်(၂)နှစ်အောက်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး ခြင်း ဆောင်ရွက်ပေးရာတွင် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံမှ ပါရဂူများနှင့် ဆရာဝန်များက ကလေးငယ် ၃၅၆ ဦးတို့ကို ပေါင်ချိန်ပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ အားဆေးတိုက်ကျွေးခြင်း၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ  ဘီ၊  ဦးနှောက်အမြှေးရောင်   ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့်  ဝက်သက်၊  ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News