သန္လ်င္ၿမိဳ႔နယ္ႏွင့္ တုိက္ႀကီးၿမိဳ႔နယ္တို့၌ တစ္အုုပ္တစ္မသစ္ေတာစိုက္ခင္းစိုက္ပ်ဳိးျခင္းမ်ား ျပဳလုပ္

သန္လ်င္ၿမိဳ႔နယ္ႏွင့္ တုိက္ႀကီးၿမိဳ႔နယ္တို့၌ တစ္အုုပ္တစ္မသစ္ေတာစိုက္ခင္းစိုက္ပ်ဳိးျခင္းမ်ား ျပဳလုပ္

ေနျပည္ေတာ္  ၾသဂုတ္  ၁၃ 

န္ကုန္တုိင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္၊ ဘုရားကုန္းေက်းရြာအုပ္စု၊ ဇာမဏီဆည္ ဧရိယာ၌ တစ္အုပ္တစ္မသစ္ေတာစိုက္ခင္း စိုက္ပ်ဳိးျခင္းကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါ ေနရာ၌ျပဳလုပ္ရာ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး  ဗိုလ္ခ်ဳပ္သက္ပံုႏွင့္အဖဲြ႕ဝင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ၿမိဳ႕နယ္စစ္မႈ ထမ္းေဟာင္းအဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာဝန္ထမ္း မ်ား၊ ေက်းရြာရပ္မိရပ္ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက အမွာစကားေျပာၾကားၿပီး    တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အရိပ္ရေလကာပင္ျဖစ္သည့္ မန္ဂ်န္ရွားပင္ကို ဦးေဆာင္စိုက္ပ်ဳိးေပးသည္။ ထို႔ေနာက္  တုိင္းမွဴးႏွင့္အဖဲြ႕ဝင္မ်ားက အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ၿမိဳ႕နယ္စစ္မႈထမ္းေဟာင္းအဖဲြ႕ ဝင္မ်ား၊ ဌာနဆုိင္ရာဝန္ထမ္းမ်ား၊ ေက်းရြာ ရပ္မိရပ္ဖမ်ားႏွင့္    ေဒသခံျပည္သူမ်ား၏ တစ္အုပ္တစ္မ သစ္ေတာစိုက္ခင္း စိုက္ပ်ဳိးေနမႈမ်ားကို လိုက္လံၾကည့္႐ႈအားေပးသည္။

ယေန႔ျပဳလုပ္သည့္ သန္လ်င္တပ္နယ္၊ တစ္အုပ္တစ္မ သစ္ေတာစိုက္ခင္းစိုက္ပ်ဳိးျခင္း၌ မန္ဂ်န္ရွား ၈ဝဝ ပင္အား စိုက္ပ်ဳိးခဲ့ေၾကာင္း သိရွိရသည္။

အလားတူ တိုက္ႀကီးၿမိဳ႕နယ္၊ မေလးရွား ဝိုင္ေက်းရြာအုပ္စု၊ အုႏၷဲပင္ေက်းရြာအနီးရွိ အမ်ားျပည္သူႏွင့္ ဆိုင္ေသာ   ေျမေနရာ၌ တစ္အုပ္တစ္မသစ္ေတာ စိုက္ခင္းစိုက္ပ်ဳိးျခင္းကို   အဆိုပါေနရာ၌ျပဳလုပ္ရာ  တုိက္ႀကီး တပ္နယ္မွ အရာရွိ၊ စစ္သည္မ်ား၊ ၿမိဳ႕နယ္ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ ဌာနဆုိင္ရာ ဝန္ထမ္းမ်ား၊   ေက်းရြာရပ္မိ ရပ္ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ား ပါဝင္၍ အရိပ္ရေလကာ ပင္ ၇ဝဝ အား စိုက္ပ်ဳိးခဲ့ၾကေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

သန်လျင်မြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့၌ တစ်အုပ်တစ်မသစ်တောစိုက်ခင်းစိုက်ပျိုးခြင်းများ ပြုလုပ်

နေပြည်တော်  သြဂုတ်  ၁၃

န်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ဇာမဏီဆည် ဧရိယာ၌ တစ်အုပ်တစ်မသစ်တောစိုက်ခင်း စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ နေရာ၌ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်သက်ပုံနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြို့နယ်စစ်မှု ထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး    တက်ရောက်လာကြသူများနှင့်အတူ အရိပ်ရလေကာပင်ဖြစ်သည့် မန်ဂျန်ရှားပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။ ထို့နောက်  တိုင်းမှူးနှင့်အဖွဲ့ဝင်များက အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာ ရပ်မိရပ်ဖများနှင့်    ဒေသခံပြည်သူများ၏ တစ်အုပ်တစ်မ သစ်တောစိုက်ခင်း စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

ယနေ့ပြုလုပ်သည့် သန်လျင်တပ်နယ်၊ တစ်အုပ်တစ်မ သစ်တောစိုက်ခင်းစိုက်ပျိုးခြင်း၌ မန်ဂျန်ရှား ၈ဝဝ ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

အလားတူ တိုက်ကြီးမြို့နယ်၊ မလေးရှား ဝိုင်ကျေးရွာအုပ်စု၊ အုန္နဲပင်ကျေးရွာအနီးရှိ အများပြည်သူနှင့် ဆိုင်သော   မြေနေရာ၌ တစ်အုပ်တစ်မသစ်တော စိုက်ခင်းစိုက်ပျိုးခြင်းကို   အဆိုပါနေရာ၌ပြုလုပ်ရာ  တိုက်ကြီး တပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊   ကျေးရွာရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများ ပါဝင်၍ အရိပ်ရလေကာ ပင် ၇ဝဝ အား စိုက်ပျိုးခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News