ေက်ာက္မိေက်ာင္းေက်းရြာရွိ ေရေဘးသင့္ ျပည္သူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေက်ာက္မိေက်ာင္းေက်းရြာရွိ ေရေဘးသင့္ ျပည္သူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္   ၾသဂုတ္  ၁၃

တနသၤာရီတုိင္းေဒသႀကီး၊   တနသၤာရီၿမိဳ႕နယ္၊  ေက်ာက္မိေက်ာင္းေက်းရြာတြင္ တနသၤာရီျမစ္ေရျမင့္တက္လာမႈေၾကာင့္ အိမ္ေထာင္စု ၆၄ စုမွ လူဦးေရ ၃၁၄ ဦးတုိ႔အား အဆုိပါေက်းရြာ စိတၱသုခဘုန္းေတာ္ႀကီး ေက်ာင္းတြင္ ယာယီ ကယ္ဆယ္ေရး စခန္းဖြင့္ လွစ္၍ ကူညီေစာင့္ေရွာက္မႈမ်ားေဆာင္ရြက္ေပးလ်က္ရွိရာ အဆုိပါေရေဘးသင့္ျပည္သူ မ်ားအား ကမ္း႐ိုးတန္းေဒသ တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က ယေန႔နံနက္ပုိင္းတြင္ အဆုိပါ ေရေဘး ယာယီ ကယ္ဆယ္ ေရးစခန္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က သံဃာေတာ္သံုးပါးႏွင့္ ေရေဘးသင့္ျပည္သူ ၁၂၄ ဦးတုိ႔အား ေသြးတုိး ေရာဂါ၊ ႏွလံုး ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ခြဲစိတ္ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ ဆီးခ်ဳိ၊  ေသြးခ်ဳိ စစ္ေဆးေပးျခင္း၊ ဖ်ားနာေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍  လိုအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

ကျောက်မိကျောင်းကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်   သြဂုတ်  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊   တနင်္သာရီမြို့နယ်၊  ကျောက်မိကျောင်းကျေးရွာတွင် တနင်္သာရီမြစ်ရေမြင့်တက်လာမှုကြောင့် အိမ်ထောင်စု ၆၄ စုမှ လူဦးရေ ၃၁၄ ဦးတို့အား အဆိုပါကျေးရွာ စိတ္တသုခဘုန်းတော်ကြီး ကျောင်းတွင် ယာယီ ကယ်ဆယ်ရေး စခန်းဖွင့် လှစ်၍ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါရေဘေးသင့်ပြည်သူ များအား ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါ ရေဘေး ယာယီ ကယ်ဆယ် ရေးစခန်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က သံဃာတော်သုံးပါးနှင့် ရေဘေးသင့်ပြည်သူ ၁၂၄ ဦးတို့အား သွေးတိုး ရောဂါ၊ နှလုံး ရောဂါ၊ အရိုး/အကြောရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ ဆီးချို၊  သွေးချို စစ်ဆေးပေးခြင်း၊ ဖျားနာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News