ေရႊေညာင္ၿမိဳ႕၊ စဥ့္ဟယ္ရပ္ကြက္ရွိ ေဒသခံတုိင္းရင္းသားျပည္သူမ်ားအား က်န္းမာေရး ေစာင့္ရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္
ေနျပည္ေတာ္ ၾသဂုတ္ ၁၃
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေရႊေညာင္ၿမိဳ႕၊ စဥ့္ဟယ္ရပ္ကြက္ရွိ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါ ရပ္ကြက္ရွိ ပႏၲိသုခဓမၼာ႐ံု၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပး သည္။
ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံတုိင္းရင္းသားျပည္သူ ၁၃၆ ဦးတို႔အား သြားႏွင့္ခံတြင္းေရာဂါ၊ နား/ ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ ေသြးတိုး ေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလး ေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ အေရျပား ေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ ဖ်ားနာ ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္ ၍ လိုအပ္သည့္က်န္းမာေရးစစ္ေဆးကုသ ေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္လိုအပ္သူ ၁၂ ဦးအား ေတာင္ႀကီးၿမိဳ႕ရွိ နယ္ေျမခံတပ္မေတာ္ေဆး႐ံု သို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။
(Unicode Version)
ရွှေညောင်မြို့၊ စဉ့်ဟယ်ရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှာက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် သြဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ စဉ့်ဟယ်ရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ရပ်ကွက်ရှိ ပန္တိသုခဓမ္မာရုံ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၃၆ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွေးတိုး ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေး ရောဂါ၊ အရိုး/အကြောရောဂါ၊ အရေပြား ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဖျားနာ ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက် ၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ၁၂ ဦးအား တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ သို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။