က်ဳိက္မေရာၿမိဳ႔နယ္ႏွင့္ ေရးၿမိဳ႕နယ္တို႔အတြင္း ေရေဘးသင့္ျပည္သူမ်ားအား နယ္ေျမခံတပ္မေတာ္သားမ်ားက ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

က်ဳိက္မေရာၿမိဳ႔နယ္ႏွင့္ ေရးၿမိဳ႕နယ္တို႔အတြင္း ေရေဘးသင့္ျပည္သူမ်ားအား နယ္ေျမခံတပ္မေတာ္သားမ်ားက ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္   ၾသဂုတ္   ၁၃

မြန္ျပည္နယ္၊ က်ဳိက္မေရာၿမိဳ႕နယ္အတြင္း မုိးအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ က်ဳိက္မေရာၿမိဳ႕နယ္၊ ဦးေလးေက်းရြာမွ ေရေဘးအႏၲရာယ္ ႀကံဳေတြ႕ခဲ့ရေသာ ေရေဘးသင့္အိမ္ေထာင္စု ၅၂ဝ စု၊ လူဦးေရ ၃ဝဝဝ ခန္႔အား ဦးေလးေက်းရြာ၊ ေဝဠဳဝန္ေက်ာင္းသစ္ႏွင့္ ေက်ာင္းေဟာင္းရွိ ေရေဘးကယ္ဆယ္ေရးစခန္းမ်ား သုိ႔ ေျပာင္းေရႊ႕ေနရာခ်ထားၿပီးျဖစ္ရာ ယေန႔ နံနက္ပုိင္းတြင္ အဆုိပါ ေရေဘးသင့္ျပည္သူ မ်ားအား ေဝဠဳဝန္ေက်ာင္းသစ္၌ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္ေျမခံတပ္မေတာ္သားမ်ားကသြားေရာက္၍ ဆန္၊ ဆီ၊ ေရသန္႔ဘူးမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား သြားေရာက္ လွဴဒါန္းသည္။

ထုိ႔ျပင္ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္အတြင္း မုိးအဆက္မျပတ္ရြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ၿပီး ယခုအခါ ေရျပန္ လည္က်ဆင္းသြားၿပီးျဖစ္ေသာေၾကာင့္ ေရလႊမ္းမုိးမႈျဖစ္ေပၚခဲ့ေသာ ေရးၿမိဳ႕၊ ေအာင္ မဂၤလာရပ္ကြက္၊ ေရႊစာရံဘုန္းႀကီးေက်ာင္း၊ ကြၽန္းေတာင္ဘုန္းႀကီးေက်ာင္းႏွင့္ ေအာင္သုခရပ္ကြက္ ထန္းေျခာက္ပင္ဘုန္းႀကီးေက်ာင္းမ်ားအတြင္းရွိ ႏုန္းမ်ားဖယ္ရွားရွင္းလင္းျခင္း၊ အမႈိက္မ်ား ရွင္းလင္းျခင္း၊ ေက်ာင္းဝင္းအတြင္း သန္႔ရွင္းေရး ေဆာင္ရြက္ျခင္းလုပ္ငန္းမ်ားႏွင့္ ေအာင္မဂၤလာရပ္ကြက္၊ အမွတ္(၂) အေျခခံ ပညာအထက္တန္းေက်ာင္းႏွင့္ အမွတ္(၂) အေျခခံပညာမူလတန္းေက်ာင္းမ်ားရွိ စာသင္ခန္းအတြင္း/အျပင္ သန္႔ရွင္းေရးေဆာင္ရြက္ ျခင္း၊ ေက်ာင္းခန္းအတြင္းရွိ စာသင္ခုံမ်ားအား ႏုန္းမ်ား၊ ရႊံ႕မ်ား ေရပက္ဖ်န္း၍ သန္႔ရွင္းေရး ေဆာင္ရြက္ျခင္း၊ ေက်ာင္းပတ္ဝန္းက်င္သန္႔ရွင္း ေရးေဆာင္ရြက္ျခင္း လုပ္ငန္းမ်ားကုိ ယေန႔ နံနက္ပုိင္းတြင္ နယ္ေျမခံတပ္မေတာ္သားမ်ားက စုေပါင္းေဆာင္ရြက္ေပးသည္။

အလားတူ ေရးၿမိဳ႕နယ္၊ မာန္ေအာင္ ေက်းရြာ၊ မာန္ေအာင္ေခ်ာင္းေရလွ်ံမႈျဖစ္ေပၚ ခဲ့သျဖင့္ အလ်ား ၁၃၅ ေပ၊ အနံ ၄ ေပရွိ သဲအိတ္မ်ားဖုိ႔၍ ကာရံျခင္း၊ ေက်ာင္းရြာ ေက်းရြာႏွင့္ က်ဳံေတာင္ေက်းရြာသြားကားလမ္းမိုင္တုိင္အမွတ္(၈/၂)ေနရာ၌   အလ်ား ေပ ၃ဝ၊ အနံ ၁၈ ေပခန္႔ရွိ ေျမၿပိဳက်ေနမႈမ်ားအား နယ္ေျမခံတပ္မေတာ္သားမ်ား ကလမ္းေပၚၿပိဳက်ေနေသာ ေျမစာပုံမ်ားအား ဖယ္ရွားရွင္းလင္းျခင္းႏွင့္ က်ဳိးက်ေနေသာ သစ္ပင္၊ သစ္ကုိင္းမ်ားအား ဖယ္ရွားရွင္းလင္းျခင္းလုပ္ငန္းမ်ားကုိ စုေပါင္းေဆာင္ရြက္ေပး သည္။

ထုိ႔ျပင္ က်ဳိက္မေရာၿမိဳ႕၊  ေအာင္သုခရပ္ကြက္၊ အေျခခံပညာမူလတန္းလြန္ေက်ာင္း၊ ရန္မ်ဳိးေအာင္ရပ္ကြက္၊ အမွတ္(၃)အေျခခံ ပညာမူလတန္းလြန္ေက်ာင္းႏွင့္ ရေသ့ေက်ာင္း တုိက္ေရေဘးကယ္ဆယ္ေရးစခန္း မ်ားရွိ ေရေဘးသင့္ျပည္သူမ်ားအား ယေန႔မြန္းလြဲပုိင္းတြင္ အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္ႏွင့္ တပ္ရင္း/တပ္ဖြဲ႕မိသားစုမ်ားမွ စားေသာက္ဖြယ္ရာမ်ားႏွင့္ မုိးကာစမ်ားေပးအပ္လွဴဒါန္း ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့အတွင်း ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   သြဂုတ်   ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာမှ ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသော ရေဘေးသင့်အိမ်ထောင်စု ၅၂ဝ စု၊ လူဦးရေ ၃ဝဝဝ ခန့်အား ဦးလေးကျေးရွာ၊ ဝေဠုဝန်ကျောင်းသစ်နှင့် ကျောင်းဟောင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ သို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်ရာ ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ရေဘေးသင့်ပြည်သူ များအား ဝေဠုဝန်ကျောင်းသစ်၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများကသွားရောက်၍ ဆန်၊ ဆီ၊ ရေသန့်ဘူးများနှင့် စားသောက်ဖွယ်ရာများ သွားရောက် လှူဒါန်းသည်။

ထို့ပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ရေပြန် လည်ကျဆင်းသွားပြီးဖြစ်သောကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သော ရေးမြို့၊ အောင် မင်္ဂလာရပ်ကွက်၊ ရွှေစာရံဘုန်းကြီးကျောင်း၊ ကျွန်းတောင်ဘုန်းကြီးကျောင်းနှင့် အောင်သုခရပ်ကွက် ထန်းခြောက်ပင်ဘုန်းကြီးကျောင်းများအတွင်းရှိ နုန်းများဖယ်ရှားရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် အောင်မင်္ဂလာရပ်ကွက်၊ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းများရှိ စာသင်ခန်းအတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက် ခြင်း၊ ကျောင်းခန်းအတွင်းရှိ စာသင်ခုံများအား နုန်းများ၊ ရွှံ့များ ရေပက်ဖျန်း၍ သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း ရေးဆောင်ရွက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် နယ်မြေခံတပ်မတော်သားများက စုပေါင်းဆောင်ရွက်ပေးသည်။

အလားတူ ရေးမြို့နယ်၊ မာန်အောင် ကျေးရွာ၊ မာန်အောင်ချောင်းရေလျှံမှုဖြစ်ပေါ် ခဲ့သဖြင့် အလျား ၁၃၅ ပေ၊ အနံ ၄ ပေရှိ သဲအိတ်များဖို့၍ ကာရံခြင်း၊ ကျောင်းရွာ ကျေးရွာနှင့် ကျုံတောင်ကျေးရွာသွားကားလမ်းမိုင်တိုင်အမှတ်(၈/၂)နေရာ၌   အလျား ပေ ၃ဝ၊ အနံ ၁၈ ပေခန့်ရှိ မြေပြိုကျနေမှုများအား နယ်မြေခံတပ်မတော်သားများ ကလမ်းပေါ်ပြိုကျနေသော မြေစာပုံများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ကျိုးကျနေသော သစ်ပင်၊ သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေး သည်။

ထို့ပြင် ကျိုက်မရောမြို့၊  အောင်သုခရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ရန်မျိုးအောင်ရပ်ကွက်၊ အမှတ်(၃)အခြေခံ ပညာမူလတန်းလွန်ကျောင်းနှင့် ရသေ့ကျောင်း တိုက်ရေဘေးကယ်ဆယ်ရေးစခန်း များရှိ ရေဘေးသင့်ပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့မိသားစုများမှ စားသောက်ဖွယ်ရာများနှင့် မိုးကာစများပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

Recent News