ပခုကၠဴၿမိဳ႔ရွိ မဟာဝိသုတာရာမေက်ာင္းတိုက္ရွိ သံဃာေတာ္မ်ား၊ ရွင္သာမေဏမ်ားႏွင့္ အမ်ဳိးသမီးအိမ္တြင္းမႈ သက္ေမြးလုပ္ငန္းပညာသင္တန္းေက်ာင္းမွ သင္တန္းသား၊ သင္တန္းသူမ်ားအား က်န္းမာေရးေစာင့္ရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ပခုကၠဴၿမိဳ႔ရွိ မဟာဝိသုတာရာမေက်ာင္းတိုက္ရွိ သံဃာေတာ္မ်ား၊ ရွင္သာမေဏမ်ားႏွင့္ အမ်ဳိးသမီးအိမ္တြင္းမႈ သက္ေမြးလုပ္ငန္းပညာသင္တန္းေက်ာင္းမွ သင္တန္းသား၊ သင္တန္းသူမ်ားအား က်န္းမာေရးေစာင့္ရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

ေနျပည္ေတာ္   ၾသဂုတ္   ၁၃

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕၊ အမွတ္(၉)ရပ္ကြက္၊ မဟာဝိသုတာရာမေက်ာင္းတိုက္ရွိ သံဃာေတာ္မ်ား၊ ရွင္သာမေဏမ်ားႏွင့္ ပခုကၠဴၿမိဳ႕၊ အမ်ဳိးသမီးအိမ္တြင္းမႈသက္ေမြးလုပ္ငန္း ပညာသင္တန္းေက်ာင္းမွ သင္တန္းသား၊  သင္တန္းသူမ်ားအား  ယေန႔တြင္အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕မ်ားက အဆိုပါေက်ာင္းတိုက္ႏွင့္ သင္တန္းေက်ာင္းတို႔၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕မ်ားက သံဃာေတာ္၊ ရွင္သာမေဏ စုစုေပါင္း ၆၂ ပါးႏွင့္ သင္တန္းသား၊ သင္တန္းသူ ၁၆၄ ဦးတို႔အား ဖ်ားနာေရာဂါ၊ ေသြးတိုးေရာဂါ၊  ဆီးခ်ဳိေရာဂါ၊   မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အစာအိမ္ေရာဂါ၊   အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍   လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား   ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ပခုက္ကူမြို့ရှိ မဟာဝိသုတာရာမကျောင်းတိုက်ရှိ သံဃာတော်များ၊ ရှင်သာမဏေများနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများအား ကျန်းမာရေးစောင့်ရှာက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   သြဂုတ်   ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၉)ရပ်ကွက်၊ မဟာဝိသုတာရာမကျောင်းတိုက်ရှိ သံဃာတော်များ၊ ရှင်သာမဏေများနှင့် ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ သင်တန်းသား၊  သင်တန်းသူများအား  ယနေ့တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့များက အဆိုပါကျောင်းတိုက်နှင့် သင်တန်းကျောင်းတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်၊ ရှင်သာမဏေ စုစုပေါင်း ၆၂ ပါးနှင့် သင်တန်းသား၊ သင်တန်းသူ ၁၆၄ ဦးတို့အား ဖျားနာရောဂါ၊ သွေးတိုးရောဂါ၊  ဆီးချိုရောဂါ၊   မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အစာအိမ်ရောဂါ၊   အထွေထွေရောဂါတို့နှင့်ပတ်သက်၍   လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ   ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News