မေကြးတုိင္း ေဒသႀကီး အတြင္းရွိ ေဒသခံ ျပည္သူမ်ားအား တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖြဲ႔က က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

မေကြးတုိင္း ေဒသႀကီး အတြင္းရွိ ေဒသခံ ျပည္သူမ်ားအား တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖြဲ႔က က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္   ၾသဂုတ္  ၁၃

မေကြးတိုင္းေဒသႀကီးအတြင္းေရာက္ရွိေနေသာ တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရးအဖြဲ႕သည္  ယေန႔တြင္  မင္းဘူး ခ႐ိုင္၊ စကုၿမိဳ႕၊ ကန္ဦးရတနာသဘာ၀တရားရိပ္သာ၌ အေျချပဳ၍ လည္းေကာင္း၊   နယ္လွည့္ ေဆးကုသေရး အဖြဲ႕သည္ စကုၿမိဳ႕နယ္၊ ခံကုန္း ေက်းရြာ၊   ခံကုန္းအေရွ႕ေက်ာင္း၌လည္း ေကာင္း ပတ္၀န္းက်င္ ေက်းရြာမ်ားမွ ေဒသခံ ျပည္သူ စုစုေပါင္း ၁၂၅၀ ဦးကို က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈ ဆုိင္ရာေရာဂါ ၃၈၄ ဦး၊ ခြဲစိတ္ေရာဂါ ၉၉ဦး၊ ကေလးေရာဂါ ၆၁ ဦး၊ သားဖြား/ မီးယပ္ ေရာဂါ ၃၆ ဦး၊ အ႐ိုးေရာဂါ ၂၂၀ ဦး၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ ၆၉ ဦး၊ မ်က္စိ ေရာဂါ ၂၄၂ ဦး၊ သြားေရာဂါ ၃၃ ဦးႏွင့္ အေထြေထြ ေရာဂါ ၁၀၆ ဦးတုိ႔ကို လိုအပ္သည့္ ေဆး၀ါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ၎တုိ႔ အနက္မွ မ်က္စိခြဲစိတ္လူနာ ခုနစ္ဦးႏွင့္ အေထြေထြ ခြဲစိတ္လူနာ ၁၁ ဦးတုိ႔ကို ေရြ႕လ်ားခြဲစိတ္ ယာဥ္ျဖင့္ ခြဲစိတ ္ကုသမႈမ်ား ေဆာင္ရြက္ေပးသည္။ ထုိ႔ျပင္ ဓာတ္မွန္႐ိုက္လူနာ ၄၂ ဦး၊ တယ္လီေဗးရွင္း ဓာတ္မွန္႐ိုက္ လူနာ ၅၇ ဦး၊ ECG စက္ျဖင့္ ႏွလံုး စမ္းသပ္လူနာ ၂၉ဦးႏွင့္ ဓာတ္ခြဲ စမ္းသပ္ လူနာ ၈၀ဦးတုိ႔ကို ေရာဂါရွာေဖြ စမ္းသပ္ စစ္ေဆး ေပးျခင္းမ်ား ေဆာင္ ရြက္ေပး ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မကွေးတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံ ပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   သြဂုတ်  ၁၃

မကွေးတိုင်းဒေသကြီးအတွင်းရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည်  ယနေ့တွင်  မင်းဘူး ခရိုင်၊ စကုမြို့၊ ကန်ဦးရတနာသဘာဝတရားရိပ်သာ၌ အခြေပြု၍ လည်းကောင်း၊   နယ်လှည့် ဆေးကုသရေး အဖွဲ့သည် စကုမြို့နယ်၊ ခံကုန်း ကျေးရွာ၊   ခံကုန်းအရှေ့ကျောင်း၌လည်း ကောင်း ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ စုစုပေါင်း ၁၂၅၀ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၃၈၄ ဦး၊ ခွဲစိတ်ရောဂါ ၉၉ဦး၊ ကလေးရောဂါ ၆၁ ဦး၊ သားဖွား/ မီးယပ် ရောဂါ ၃၆ ဦး၊ အရိုးရောဂါ ၂၂၀ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၆၉ ဦး၊ မျက်စိ ရောဂါ ၂၄၂ ဦး၊ သွားရောဂါ ၃၃ ဦးနှင့် အထွေထွေ ရောဂါ ၁၀၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့ အနက်မှ မျက်စိခွဲစိတ်လူနာ ခုနစ်ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၁ ဦးတို့ကို ရွေ့လျားခွဲစိတ် ယာဉ်ဖြင့် ခွဲစိတ ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၄၂ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၅၇ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၂၉ဦးနှင့် ဓာတ်ခွဲ စမ်းသပ် လူနာ ၈၀ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ် စစ်ဆေး ပေးခြင်းများ ဆောင် ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

Recent News