ၾကာအင္းဆိပ္ႀကီး ၿမိဳ႔နယ္ အတြင္းရွိ ေရေဘးသင့္ ျပည္သူမ်ားအား ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္လွဴဒါန္း

ၾကာအင္းဆိပ္ႀကီး ၿမိဳ႔နယ္ အတြင္းရွိ ေရေဘးသင့္ ျပည္သူမ်ားအား ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္လွဴဒါန္း

ေနျပည္ေတာ္  ၾသဂုတ္  ၁၃

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္အတြင္း မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ေရႀကီး၊ ေရလွ်ံမႈျဖစ္ေပၚခဲ့ၿပီး ဆက္သြယ္ေရး လမ္းေၾကာင္းမ်ား ျပတ္ေတာက္မႈျဖစ္ေပၚခဲ့သည္။

ထုိကဲ့သုိ႔ ဆက္သြယ္ေရး လမ္းေၾကာင္း ျပတ္ေတာက္မႈေၾကာင့္ ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္အတြင္းရွိ  ေရေဘးသင့္ ျပည္သူမ်ားအတြက္  အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ေစတနာရွင္ အလွဴရွင္မ်ားမွ ေပးအပ္လွဴဒါန္းေသာ ေထာက္ပံ့ေရးပစ္ၥည္းမ်ားအား တပ္မေတာ္ ရဟတ္ယာဥ္ျဖင့္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕သုိ႔ ပုိ႔ေဆာင္၍ အဆိုပါ ေထာက္ပံ့ေရး ပစၥည္းမ်ား ေပးအပ္လွဴဒါန္းျခင္းကို ယေန႔ မြန္းလြဲပိုင္းတြင္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန အစည္းအေ၀း ခန္းမ၌ ျပဳလုပ္ရာ တိုင္းမွဴး ဗိုလ္ခ်ဳပ္ မ်ဳိးမိုးေအာင္ႏွင့္ အဖြဲ႕၀င္မ်ား၊ ဌာနဆိုင္ရာမ်ားႏွင့္ ေရေဘးသင့္ျပည္သူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမွဴးက ေရေဘးသင့္ျပည္သူမ်ား အတြက္ ေထာက္ပံ့ေရးပစ္ၥည္းမ်ား ေပးအပ္လွဴဒါန္းရျခင္းႏွင့္စပ္လ်ဥ္း၍ အဖြင့္အမွာ စကားေျပာၾကားသည္။ ထုိ႔ေနာက္ တိုင္းမွဴး ႏွင့္အဖြဲ႕၀င္မ်ားက ေရေဘးသင့္ျပည္သူမ်ား အတြက္ ဆန္၊ ဆီ၊ စားေသာက္ဖြယ္ရာမ်ား ႏွင့္ အသုံးအေဆာင္ပစ္ၥည္းမ်ားေပးအပ္လွဴဒါန္း ရာ ေရေဘးသင့္ျပည္သူမ်ားမွ လက္ခံရယူခဲ့ ၿပီး  ေရေဘးသင့္ျပည္သူမ်ားကိုယ္စား တာ၀န္ ရွိသူတစ္ဦးက ေက်းဇူးတင္စကားေျပာၾကား သည္။ ယင္းေနာက္ တိုင္းမွဴးက ေရေဘးသင့္ ျပည္သူမ်ားအား ရင္းရင္းႏွီးႏွီး လုိက္လံႏႈတ္ ဆက္ၿပီး အားေပးစကား ေျပာၾကားခဲ့ေၾကာင္း သတင္းရရွိ သည္။

(Unicode Version)

ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်  သြဂုတ်  ၁၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။

ထိုကဲ့သို့ ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်မှုကြောင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ  ရေဘေးသင့် ပြည်သူများအတွက်  အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင် အလှူရှင်များမှ ပေးအပ်လှူဒါန်းသော ထောက်ပံ့ရေးပစ်္စည်းများအား တပ်မတော် ရဟတ်ယာဉ်ဖြင့် ကြာအင်းဆိပ်ကြီးမြို့သို့ ပို့ဆောင်၍ အဆိုပါ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ရေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့ရေးပစ်္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့်အဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများ အတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ နှင့် အသုံးအဆောင်ပစ်္စည်းများပေးအပ်လှူဒါန်း ရာ ရေဘေးသင့်ပြည်သူများမှ လက်ခံရယူခဲ့ ပြီး  ရေဘေးသင့်ပြည်သူများကိုယ်စား တာဝန် ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား သည်။ ယင်းနောက် တိုင်းမှူးက ရေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။

Recent News