မဂၤလာဒံုၿမိဳ႔နယ္ရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

မဂၤလာဒံုၿမိဳ႔နယ္ရွိ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၃

ရန္ကုန္တုိင္းေဒသႀကီး၊ မဂၤလာဒံုၿမိဳ႕နယ္ရွိ အမွတ္(၂) အေျခခံ ပညာအထက္တန္းေက်ာင္း (ေအာင္ဆန္းသူရိယ လွေသာင္း ေက်ာင္း)ရွိ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆး ကုသေရးအဖြဲ႕က အဆိုပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသုိ႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ဆရာ၊ ဆရာမ ၈၅ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၇၂၀ ဦးတုိ႔အား သြားေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ မ်က္စိေရာဂါ၊ ဆီးခ်ဳိ၊ ေသြးခ်ဳိေရာဂါ၊ ဖ်ားနာ ေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေက်ာင္း၀င္း အတြင္း ျခင္ခို ေအာင္းႏိုင္သည့္ ေနရာမ်ား၌ ျခင္ေဆး ဖ်န္းျခင္းမ်ားေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။      

(Unicode Version)

မင်္ဂလာဒုံမြို့နယ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း (အောင်ဆန်းသူရိယ လှသောင်း ကျောင်း)ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမ ၈၅ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၁၇၂၀ ဦးတို့အား သွားရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ဖျားနာ ရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းဝင်း အတွင်း ခြင်ခို အောင်းနိုင်သည့် နေရာများ၌ ခြင်ဆေး ဖျန်းခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။     

Recent News