တနသၤာရီတိုင္း ေဒသႀကီးအတြင္း မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္နယ္ေျမခံ တပ္မေတာ္သားမ်ားက ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပး

တနသၤာရီတိုင္း ေဒသႀကီးအတြင္း မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္နယ္ေျမခံ တပ္မေတာ္သားမ်ားက ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပး

ေနျပည္ေတာ္   ၾသဂုတ္  ၁၃

တနသၤာရီတိုင္းေဒသႀကီးအတြင္း  ၾသဂုတ္ ၆ ရက္မွစတင္၍  မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ၿပီး အဆိုပါေရေဘးသင့္ေနရာမ်ားသုိ႔ ကူညီကယ္ဆယ္ေရးမ်ား ေဆာင္ရြက္ေပးလ်က္ရွိိရာ ယေန႔နံနက္ပိုင္း တြင္ ကမ္း႐ိုးတန္းေဒသ တိုင္းစစ္ဌာနခ်ဳပ္၊  နယ္ေျမခံတပ္မေတာ္သားမ်ားက  ခရီးသြားျပည္သူမ်ား လြယ္ကူစြာ သြားလာ ႏိုင္ေရးႏွင့္ အႏၱရာယ္မျဖစ္ေစေရး ယာဥ္ေၾကာမ်ားရွင္းလင္းျခင္း၊  ျဖတ္ကူးမရယာဥ္ငယ္မ်ားအား တပ္မေတာ္ဖိုက္ဘာ ေလွမ်ားျဖင့္ ပို႔ေဆာင္ေပးျခင္း၊ ခရီးသြားျပည္သူ မ်ားႏွင့္ ၎တို႔၏ပစၥည္းမ်ားအား   ေရႊ႕ေျပာင္း ပို႔ေဆာင္ေပးျခင္း၊ ေရတုိက္ စားမႈေၾကာင့္ လဲက်ေသာ သစ္ပင္သစ္ကိုင္းမ်ားအား ခုတ္ထြင္ ရွင္းလင္းျခင္းႏွင့္ အမိႈက္မ်ားရွင္းလင္းျခင္း စသည့္ ကူညီ ကယ္ဆယ္ေရး လုပ္ငန္းမ်ားေဆာင္ရြက္ေပးသည္။ 

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေလာင္းလုံး ၿမိဳ႕နယ္တြင္ ရွင္ေမာ္ေစတီေတာ္အနီး၌လည္းေကာင္း၊ ၿမိတ္ၿမိဳ႕နယ္တြင္ အေရွ႕မင္းသန္း ေက်းရြာႏွင့္ အေနာက္မင္းသန္းေက်းရြာ တို႔တြင္လည္းေကာင္း၊ တနသၤာရီၿမိဳ႕နယ္တြင္ လယ္ေတာင္ယာ ေက်းရြာ၊ ေအာ္ႀကီးေက်းရြာ၊ ေအာက္ကင္းေက်းရြာ၊ ဥယ်ာဥ္ကြင္းေက်းရြာ၊ ထန္းပင္ကုန္းေက်းရြာႏွင့္ ေညာင္ပင္ကြင္း ေက်းရြာ တို႔တြင္လည္းေကာင္း နယ္ေျမခံ တပ္မေတာ္သားမ်ားက ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ားေဆာင္ရြက္ေပး သည္။

ထုိ႔ျပင္ ထား၀ယ္ခ႐ိုင္ ေရး-ထား၀ယ္ သြားကားလမ္း မိုင္တိုင္အမွတ္၊ ၇၆ အနီးႏွင့္ မိုင္တိုင္-၇၉ အနီးတို႔၌ ေျမသားၿပိဳက်၍လမ္းျပဳျပင္မႈမ်ားအား ေဆာင္ရြက္ေပးလ်က္ ရွိရာ ယေန႔ေန႔လယ္ပိုင္းတြင္ မြန္ျပည္နယ္၊ ေရးၿမိဳ႕ဘက္မွ ေျခက်င္ျဖင့္ ေရာက္ရွိ လာသည့္ ခရီးသြား ျပည္သူမ်ားအား ကမ္း႐ိုးတန္းေဒသ တိုင္းစစ္ဌာနခ်ဳပ္၊  နယ္ေျမခံတပ္မေတာ္ သားမ်ားက ကလိန္ေအာင္ၿမိဳ႕သို႔ တပ္မေတာ္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ သယ္ယူပို႔ေဆာင္ေပးခဲ့သည္။ လမ္းမ်ား စတင္ပ်က္စီးခဲ့သည့္ ၾသဂုတ္  ၁၀ ရက္မွယေန႔အထိ တပ္မေတာ္ေမာ္ေတာ္ ယာဥ္မ်ားျဖင့္ ခရီးသြားမ်ားကို မလြဲေတာင္မွ  ကလိန္ေအာင္ထိ   ပို႔ေဆာင္ ေပးလ်က္ရွိရာ  ခရီးသည္၃၁၅ ဦးကို ၁၅ ေခါက္ ပို႔ေဆာင္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်နယ်မြေခံ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော်   သြဂုတ်  ၁၃

တနင်္သာရီတိုင်းဒေသကြီးအတွင်း  သြဂုတ် ၆ ရက်မှစတင်၍  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါရေဘေးသင့်နေရာများသို့ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊  နယ်မြေခံတပ်မတော်သားများက  ခရီးသွားပြည်သူများ လွယ်ကူစွာ သွားလာ နိုင်ရေးနှင့် အန္တရာယ်မဖြစ်စေရေး ယာဉ်ကြောများရှင်းလင်းခြင်း၊  ဖြတ်ကူးမရယာဉ်ငယ်များအား တပ်မတော်ဖိုက်ဘာ လှေများဖြင့် ပို့ဆောင်ပေးခြင်း၊ ခရီးသွားပြည်သူ များနှင့် ၎င်းတို့၏ပစ္စည်းများအား   ရွှေ့ပြောင်း ပို့ဆောင်ပေးခြင်း၊ ရေတိုက် စားမှုကြောင့် လဲကျသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်း စသည့် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လောင်းလုံး မြို့နယ်တွင် ရှင်မော်စေတီတော်အနီး၌လည်းကောင်း၊ မြိတ်မြို့နယ်တွင် အရှေ့မင်းသန်း ကျေးရွာနှင့် အနောက်မင်းသန်းကျေးရွာ တို့တွင်လည်းကောင်း၊ တနင်္သာရီမြို့နယ်တွင် လယ်တောင်ယာ ကျေးရွာ၊ အော်ကြီးကျေးရွာ၊ အောက်ကင်းကျေးရွာ၊ ဥယျာဉ်ကွင်းကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာနှင့် ညောင်ပင်ကွင်း ကျေးရွာ တို့တွင်လည်းကောင်း နယ်မြေခံ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေး သည်။

ထို့ပြင် ထားဝယ်ခရိုင် ရေး-ထားဝယ် သွားကားလမ်း မိုင်တိုင်အမှတ်၊ ၇၆ အနီးနှင့် မိုင်တိုင်-၇၉ အနီးတို့၌ မြေသားပြိုကျ၍လမ်းပြုပြင်မှုများအား ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် မွန်ပြည်နယ်၊ ရေးမြို့ဘက်မှ ခြေကျင်ဖြင့် ရောက်ရှိ လာသည့် ခရီးသွား ပြည်သူများအား ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊  နယ်မြေခံတပ်မတော် သားများက ကလိန်အောင်မြို့သို့ တပ်မတော် မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခဲ့သည်။ လမ်းများ စတင်ပျက်စီးခဲ့သည့် သြဂုတ်  ၁၀ ရက်မှယနေ့အထိ တပ်မတော်မော်တော် ယာဉ်များဖြင့် ခရီးသွားများကို မလွဲတောင်မှ  ကလိန်အောင်ထိ   ပို့ဆောင် ပေးလျက်ရှိရာ  ခရီးသည်၃၁၅ ဦးကို ၁၅ ခေါက် ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News