တနသၤာရီၿမိဳ႔နယ္ အတြင္း ေရေဘးသင့္ ျပည္သူမ်ားအား ကူညီကယ္ဆယ္ေရးလုုပ္ငန္းမ်ား ေဆာင္ရြက္စဥ္ စက္ေလွတိမ္းေမွာက္ခဲ့သျဖင့္ စစ္သည္တစ္ဦး ေရစီးႏွင့္အတူေမ်ာပါ ေသဆုံး

တနသၤာရီၿမိဳ႔နယ္ အတြင္း ေရေဘးသင့္ ျပည္သူမ်ားအား ကူညီကယ္ဆယ္ေရးလုုပ္ငန္းမ်ား ေဆာင္ရြက္စဥ္ စက္ေလွတိမ္းေမွာက္ခဲ့သျဖင့္ စစ္သည္တစ္ဦး ေရစီးႏွင့္အတူေမ်ာပါ ေသဆုံး

ေနျပည္ေတာ္  ၾသဂုတ္  ၁၃

တနသၤာရီတိုင္း ေဒသႀကီး၊ တနသၤာရီၿမိဳ႕ နယ္အတြင္း   မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္  ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚ ခဲ့ရာ နယ္ေျမခံ တပ္မေတာ္သားမ်ားက ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ား၊ မီးသတ္ တပ္ဖြဲ႕၀င္မ်ား၊ ကယ္ဆယ္ေရး အဖြဲ႕မ်ားႏွင့္ပူးေပါင္း၍  ေရေဘး ကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးစဥ္ ၾသဂုတ္ ၁၂ရက္တြင္ ေညာင္ပင္ကြင္းေက်းရြာ (အေရွ႕ကမ္း)ႏွင့္ (အေနာက္ကမ္း) ေဖာက္လုပ္ထားသည့္ ကားလမ္းအထက္မွ အျမင့္ ၆ ေပ၊ အက်ယ္ေပ ၅၀၀ ခန္႔ ေရေက်ာ္ေနသျဖင့္ စက္ေလွျဖင့္ ခရီးသြား ျပည္သူမ်ားအား ကူညီ ပို႔ေဆာင္ေပးေနစဥ္ မြန္းလြဲ ၂ နာရီခြဲခန္႔တြင္ (အေရွ႕ကမ္း)၏ ေပ၂၀၀ အကြာသို႔ အေရာက္၌  စက္ေလွရွိ ပန္ကာသည္ ေရေအာက္ရွိ ခ်ဳံႏြယ္မ်ားျဖင့္ ၿငိ၍ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ အျခားစက္ေလွ တစ္စင္း ျဖင့္ ခရီးသြားျပည္သူမ်ားအား    ကူညီကယ္ဆယ္ႏုိင္ခဲ့ေသာ္လည္း အဆိုပါ စက္ေလွျဖင့္ လိုက္ပါသြားသည့္ နယ္ေျမခံတပ္မွ   စစ္သည္ေျခာက္ဦး အနက္ တပ္သားေသာင္းေခ်သည္  ေရစီးေၾကာင္း အတုိင္း ေမ်ာပါသြားခဲ့သည္။

စစ္သည္အား ရွာေဖြကယ္ဆယ္ေရးမ်ား ေဆာင္ရြက္စဥ္ ည ၆ နာရီခြဲခန္႔တြင္ အဆိုပါေနရာ၏ေတာင္ဘက္ ေပ ၅၀၀ ခန္႔အကြာ  ေညာင္ပင္ကြင္း (အေနာက္ကမ္း)ရွိ   သစ္ပံုအနီး၌ စစ္သည္ ႐ုပ္အေလာင္းအား ျပန္လည္ေတြ႕ရွိခဲ့သည္။

အဆိုပါ စစ္သည္ ႐ုပ္အေလာင္းအား တပ္မေတာ္လုပ္ထံုးလုပ္နည္းမ်ား ႏွင့္အညီ စစ္အခမ္းအနားျဖင့္ ေကာင္းမြန္စြာ သၿဂႋဳဟ္ ေပးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တနင်္သာရီမြို့နယ် အတွင်း ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် စက်လှေတိမ်းမှောက်ခဲ့သဖြင့် စစ်သည်တစ်ဦး ရေစီးနှင့်အတူမျောပါ သေဆုံး

နေပြည်တော်  သြဂုတ်  ၁၃

တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့ နယ်အတွင်း   မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်  ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ခဲ့ရာ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေး အဖွဲ့များနှင့်ပူးပေါင်း၍  ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးစဉ် သြဂုတ် ၁၂ရက်တွင် ညောင်ပင်ကွင်းကျေးရွာ (အရှေ့ကမ်း)နှင့် (အနောက်ကမ်း) ဖောက်လုပ်ထားသည့် ကားလမ်းအထက်မှ အမြင့် ၆ ပေ၊ အကျယ်ပေ ၅၀၀ ခန့် ရေကျော်နေသဖြင့် စက်လှေဖြင့် ခရီးသွား ပြည်သူများအား ကူညီ ပို့ဆောင်ပေးနေစဉ် မွန်းလွဲ ၂ နာရီခွဲခန့်တွင် (အရှေ့ကမ်း)၏ ပေ၂၀၀ အကွာသို့ အရောက်၌  စက်လှေရှိ ပန်ကာသည် ရေအောက်ရှိ ချုံနွယ်များဖြင့် ငြိ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အခြားစက်လှေ တစ်စင်း ဖြင့် ခရီးသွားပြည်သူများအား    ကူညီကယ်ဆယ်နိုင်ခဲ့သော်လည်း အဆိုပါ စက်လှေဖြင့် လိုက်ပါသွားသည့် နယ်မြေခံတပ်မှ   စစ်သည်ခြောက်ဦး အနက် တပ်သားသောင်းချေသည်  ရေစီးကြောင်း အတိုင်း မျောပါသွားခဲ့သည်။

စစ်သည်အား ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်စဉ် ည ၆ နာရီခွဲခန့်တွင် အဆိုပါနေရာ၏တောင်ဘက် ပေ ၅၀၀ ခန့်အကွာ  ညောင်ပင်ကွင်း (အနောက်ကမ်း)ရှိ   သစ်ပုံအနီး၌ စစ်သည် ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့သည်။

အဆိုပါ စစ်သည် ရုပ်အလောင်းအား တပ်မတော်လုပ်ထုံးလုပ်နည်းများ နှင့်အညီ စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာ သြင်္ဂိုဟ် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News