ပစ္ခတ္တိုက္ခိုက္မႈမ်ား ရပ္စဲေပးထားခ်ိန္တြင္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ အခ်ိန္မဆိုင္းဘဲ ထိထိေရာက္ေရာက္ေဆြးေႏြးၫႇိႏိႈင္း ေဆာင္ရြက္ၾကေရး အသိေပးခ်က္

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး

ပစ္ခတ္တိုက္ခိုက္မႈမ်ား ရပ္စဲေပးထားခ်ိန္တြင္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ အခ်ိန္မဆိုင္းဘဲ ထိထိေရာက္ေရာက္ေဆြးေႏြးၫႇိႏိႈင္း ေဆာင္ရြက္ၾကေရး အသိေပးခ်က္

၁၃၈၁ ခုႏွစ္၊ ၀ါေခါင္လဆန္း ၁၄ ရက္

(၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ၁၄ ရက္)

၁။       တိုင္းရင္းသားျပည္သူလူထုအားလံုး၏ လိုအင္ဆႏၵျဖစ္သည့္ ဒီမိုကေရစီလမ္းစဥ္အား မွန္ကန္ခိုင္မာစြာ ေလွ်ာက္လွမ္းႏိုင္ေရး၊ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ျပည္သူလူထုစီးပြားဘ၀ ဖြံ႕ၿဖိဳး တိုးတက္ေရးတို႔အတြက္ ရည္ရြယ္၍ NCA လက္မွတ္ေရးထိုးရန္ က်န္ရွိေနေသးေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအား မည္သည့္ဖိအားမွ်မရွိေစဘဲလြတ္လပ္စြာ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ မ်ား ေဆာင္ရြက္ႏိုင္ရန္ စိတ္ရင္းေစတနာအမွန္ျဖင့္  တပ္မေတာ္က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္ေန႔အထိလည္းေကာင္း၊ ၂၀၁၉ ခုႏွစ္၊ ေမလ ၁ ရက္ေန႔မွ ဇြန္လ ၃၀ ရက္ေန႔အထိလည္းေကာင္း၊ ဇူလိုင္လ ၁ ရက္ေန႔မွ ၾသဂုတ္လ ၃၁ ရက္ေန႔အထိလည္းေကာင္း ေျမာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္နယ္ေျမ၊ အေရွ႕အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္နယ္ေျမ တို႔တြင္္ စစ္ေရးဆိုင္ရာလႈပ္ရွားမႈမ်ားအား ရပ္ဆိုင္းေပးခဲ့ပါသည္။

၂။       ထိုသို႔ စစ္ေရးလႈပ္ရွားမႈမ်ား ရပ္ဆိုင္းေပးထားသည့္ ကာလမ်ားအတြင္း ေတြ႕ဆံု ေဆြးေႏြး ၫႇိႏိႈင္း အေျဖရွာျခင္းအပါအ၀င္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား တိုးတက္ျဖစ္ထြန္းေစေရး ေဆာင္ရြက္မႈ မ်ားတြင္ ထိေရာက္မႈအားနည္းလ်က္ရွိၿပီး သက္တမ္းတိုးျမႇင့္ထားသည့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ကာလမွာလည္း မၾကာမီကုန္ဆံုးေတာ့မည္ျဖစ္ပါသည္။

၃။       သို႔ျဖစ္ပါ၍ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ ပါ၀င္ပတ္သက္ေနေသာ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိဳလ္မ်ားအေနျဖင့္ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ တပ္မေတာ္ကခြင့္ျပဳထားေသာ ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲထားသည့္ ကာလအတြင္း ႏိုင္ငံေတာ္ႏွင့္တိုင္းရင္းသားျပည္သူလူထု၏ အက်ိဳးစီးပြား ကိုရည္ေမွ်ာ္၍ အခ်ိန္ဆဲြျခင္းမျပဳဘဲ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန၊ တပ္မေတာ္မွဖြဲ႕စည္းေပးထားသည့္ ၫႇိႏိႈင္းေဆြးေႏြးေရးအဖြဲ႕တုိ႔ႏွင့္ ယံုၾကည္မႈအျပည့္အ၀ျဖင့္ ထိေရာက္စြာေဆြးေႏြးၫႇိႏိႈင္း ေဆာင္ရြက္ႏိုင္ေရး အသိေပးအပ္ပါသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး

(Unicode Version)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားချိန်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရေး အသိပေးချက်

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်

(၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်)

၁။       တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ဒီမိုကရေစီလမ်းစဉ်အား မှန်ကန်ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုစီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရည်ရွယ်၍ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား မည်သည့်ဖိအားမျှမရှိစေဘဲလွတ်လပ်စွာ ငြိမ်းချမ်းရေးဆွေးနွေးမှု များ ဆောင်ရွက်နိုင်ရန် စိတ်ရင်းစေတနာအမှန်ဖြင့်  တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိလည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိလည်းကောင်း၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိလည်းကောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ တို့တွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ရပ်ဆိုင်းပေးခဲ့ပါသည်။

၂။       ထိုသို့ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းပေးထားသည့် ကာလများအတွင်း တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာခြင်းအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ထွန်းစေရေး ဆောင်ရွက်မှု များတွင် ထိရောက်မှုအားနည်းလျက်ရှိပြီး သက်တမ်းတိုးမြှင့်ထားသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကာလမှာလည်း မကြာမီကုန်ဆုံးတော့မည်ဖြစ်ပါသည်။

၃။       သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်ကခွင့်ပြုထားသော ပစ်ခတ် တိုက်ခိုက်မှုရပ်စဲထားသည့် ကာလအတွင်း နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွား ကိုရည်မျှော်၍ အချိန်ဆွဲခြင်းမပြုဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ တပ်မတော်မှဖွဲ့စည်းပေးထားသည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့နှင့် ယုံကြည်မှုအပြည့်အဝဖြင့် ထိရောက်စွာဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင်ရေး အသိပေးအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Recent News