ရခိုင္ျပည္နယ္အတြင္း လံုၿခံဳေရးတာဝန္ ထမ္းေဆာင္လ်က္ရွိသည့္ တပ္မေတာ္သားမ်ား အတြက္ ကြယ္လြန္သူ ႏုိင္ငံေတာ္သမၼတ (အၿငိမ္းစား)၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ (အၿငိမ္းစား) ဗိုလ္ခ်ဳပ္ႀကီးေနဝင္း၏ မိသားစုဝင္မ်ားက အလွဴေငြမ်ား ေပးအပ္

ရခိုင္ျပည္နယ္အတြင္း လံုၿခံဳေရးတာဝန္ ထမ္းေဆာင္လ်က္ရွိသည့္ တပ္မေတာ္သားမ်ား အတြက္ ကြယ္လြန္သူ ႏုိင္ငံေတာ္သမၼတ (အၿငိမ္းစား)၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ (အၿငိမ္းစား) ဗိုလ္ခ်ဳပ္ႀကီးေနဝင္း၏ မိသားစုဝင္မ်ားက အလွဴေငြမ်ား ေပးအပ္

ေနျပည္ေတာ္  ၾသဂုတ္  ၁၄

ရခိုင္ျပည္နယ္အတြင္း လံုၿခံဳေရးတာဝန္ ထမ္းေဆာင္လ်က္ရွိသည့္ တပ္မေတာ္သား မ်ားအတြက္ ကြယ္လြန္သူ ႏုိင္ငံေတာ္ သမၼတ (အၿငိမ္းစား)၊  တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(အၿငိမ္းစား) ဗုိလ္ခ်ဳပ္ႀကီးေနဝင္း၏ မိသားစုဝင္ မ်ားက အလွဴေငြ ေပးအပ္ျခင္းကို ၾသဂုတ္ ၁၃ ရက္ ေန႔လယ္ပိုင္းတြင္ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ ကုန္းျမင့္သာ ခန္းမ၌ျပဳလုပ္ရာ တုိင္းမွဴး ဗိုလ္ခ်ဳပ္သက္ပံုႏွင့္အဖြဲ႕ဝင္မ်ား၊ အလွဴရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ ဦးေက်ာ္ေနဝင္းက လွဴဒါန္းရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားသည္။ ထုိ႔ေနာက္ အလွဴေငြ က်ပ္သိန္း ၁၅ဝ အား ေပးအပ္လွဴဒါန္းရာ တုိင္းမွဴးက လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္ကာ ေက်းဇူးတင္စကား ေျပာၾကားခ့ဲေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version)

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ အတွက် ကွယ်လွန်သူ နိုင်ငံတော်သမ္မတ (အငြိမ်းစား)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (အငြိမ်းစား) ဗိုလ်ချုပ်ကြီးနေဝင်း၏ မိသားစုဝင်များက အလှူငွေများ ပေးအပ်

နေပြည်တော်  သြဂုတ်  ၁၄

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သား များအတွက် ကွယ်လွန်သူ နိုင်ငံတော် သမ္မတ (အငြိမ်းစား)၊  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(အငြိမ်းစား) ဗိုလ်ချုပ်ကြီးနေဝင်း၏ မိသားစုဝင် များက အလှူငွေ ပေးအပ်ခြင်းကို သြဂုတ် ၁၃ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကုန်းမြင့်သာ ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဦးကျော်နေဝင်းက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူငွေ ကျပ်သိန်း ၁၅ဝ အား ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။ 

Recent News