

နေပြည်တော်  သြဂုတ်  ၁၄


(Unicode Version)

ကော့သောင်းမြို့နယ်၊ အောင်ဘာကျေးရွာ၌ တစ်အုပ်တစ်မ သစ်တောစိုက်ခင်းများ စိုက်ပျိုး

နေပြည်တော်  သြဂုတ်  ၁၄

ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ တစ်အုပ်တစ်မ သစ်တောစိုက်ခင်းများ စိုက်ပျိုးခြင်းကို ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်း ကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာ၌ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများနှင့် နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြပြီး သတ်မှတ်နေရာများတွင် အရိပ်ရ လေကာပင်ဖြစ်သည့် မန်ဂျန်ရှားပင် ၃၅ဝ ပင်ကို စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News