ေရဝင္ေရာက္ခဲ့သည့္ ခရမ္းၿမိဳ႔နယ္၊ ေညာင္ပင္ကြင္း ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း၌ စုေပါင္း သန္႔ရွင္းေရး ျပဳလုပ္

ေရဝင္ေရာက္ခဲ့သည့္ ခရမ္းၿမိဳ႔နယ္၊ ေညာင္ပင္ကြင္း ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း၌ စုေပါင္း သန္႔ရွင္းေရး ျပဳလုပ္

ေနျပည္ေတာ္  ၾသဂုတ္  ၁၄

ရန္ကုန္တိုင္းေဒသႀကီး အတြင္း ၾသဂုတ္၁၂ ရက္တြင္ မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ခရမ္းၿမိဳ႕နယ္၊ ကြၽဲတလင္းေက်းရြာ အုပ္စု၊ ေညာင္ပင္ကြင္းေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္းသို႔ ေရမ်ားဝင္ေရာက္ခဲ့သည္။

ယခုအခါ အဆိုပါေက်ာင္း၌ ေရမ်ား ျပန္လည္က်ဆင္းသြားၿပီ ျဖစ္သျဖင့္ ၾသဂုတ္ ၁၃ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၊ သန္လ်င္တပ္နယ္မွ တပ္မေတာ္သားမ်ားက ေက်ာင္းအတြင္းရွိ ေရဝင္ေရာက္စဥ္ တင္က်န္ခဲ့ေသာ ႏုန္းမ်ား၊ ရႊံ႕ဗြက္မ်ားဖယ္ရွား ရွင္းလင္းျခင္းႏွင့္ ေရစီးေရလာ ေကာင္းမြန္ေစေရး ေရေျမာင္းမ်ား တူးေဖာ္ေပးျခင္းတို႔အား စုေပါင္း ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ရေဝင်ရောက်ခဲ့သည့် ခရမ်းမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

နေပြည်တော်  သြဂုတ်  ၁၄

ရန်ကုန်တိုင်းဒေသကြီး အတွင်း သြဂုတ်၁၂ ရက်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ခရမ်းမြို့နယ်၊ ကျွဲတလင်းကျေးရွာ အုပ်စု၊ ညောင်ပင်ကွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ ရေများဝင်ရောက်ခဲ့သည်။

ယခုအခါ အဆိုပါကျောင်း၌ ရေများ ပြန်လည်ကျဆင်းသွားပြီ ဖြစ်သဖြင့် သြဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ သန်လျင်တပ်နယ်မှ တပ်မတော်သားများက ကျောင်းအတွင်းရှိ ရေဝင်ရောက်စဉ် တင်ကျန်ခဲ့သော နုန်းများ၊ ရွှံ့ဗွက်များဖယ်ရှား ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ပေးခြင်းတို့အား စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News