အေရွ႔အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဒိုင္း ေဘာလံုးၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

အေရွ႔အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဒိုင္း ေဘာလံုးၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

ေနျပည္ေတာ္  ၾသဂုတ္  ၁၄

အေရွ႕အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၏ ၂ဝ၁၉ ခုႏွစ္၊ တုိင္းမွဴးဒိုင္း ေဘာလံုးၿပိဳင္ပြဲ ဖြင့္ပြဲကို ယေန႔နံနက္ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္၊ အားကစားကြင္း၌ ျပဳလုပ္ရာ တုိင္းမွဴး ဗိုလ္ခ်ဳပ္သန္းလႈိင္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ၿပိဳင္ပြဲဝင္ အားကစားသမားမ်ား၊  ဒုိင္အဖဲြ႕ဝင္မ်ားႏွင့္   အားကစား ဝါသနာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားသည္။ ထို႔ေနာက္ တုိင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူမ်ားက အဖြင့္ပြဲစဥ္အျဖစ္ စခန္း(အေရွ႕အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္)အသင္းႏွင့္ ကြန္ဟိန္းတပ္နယ္ အသင္းတို႔၏   ယွဥ္ၿပိဳင္ ကစားမႈမ်ားကို ၾကည့္႐ႈအားေပးၾကသည္။

အဆိုပါေဘာလံုးၿပိဳင္ပြဲကို တုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္နယ္မ်ားမွ ၿပိဳင္ပြဲဝင္အသင္း ၁၂ သင္းျဖင့္ ၾသဂုတ္ ၃ဝ ရက္ အထိ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။  

(Unicode Version)

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်  သြဂုတ်  ၁၄

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊  ဒိုင်အဖွဲ့ဝင်များနှင့်   အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက အဖွင့်ပွဲစဉ်အဖြစ် စခန်း(အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်)အသင်းနှင့် ကွန်ဟိန်းတပ်နယ် အသင်းတို့၏   ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် သြဂုတ် ၃ဝ ရက် အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  

Recent News