ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဒုိင္း လက္ေဝွ႔ ၿပိဳင္ပြဲဖြင္႕ပြဲျပဳလုပ္

ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဒုိင္း လက္ေဝွ႔ ၿပိဳင္ပြဲဖြင္႕ပြဲျပဳလုပ္

ေနျပည္ေတာ္  ၾသဂုတ္  ၁၄

ေျမာက္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္၏ ၂ဝ၁၉ ခုႏွစ္၊ တိုင္းမွဴးဒုိင္း လက္ေဝွ႔ၿပိဳင္ပြဲ ဖြင့္ပြဲကို ၾသဂုတ္ ၁၃ ရက္ ညေနပုိင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္၊ အားကစားခန္းမ၌ ျပဳလုပ္ရာ တိုင္းမွဴး ဗုိလ္ခ်ဳပ္ေတဇေက်ာ္ႏွင့္ အရာရွိ၊ စစ္သည္၊    မိသားစုမ်ား၊    ၿပိဳင္ပြဲဝင္ အားကစားသမားမ်ား၊  ဒုိင္အဖြဲ႕ဝင္မ်ားႏွင့္ အားကစားဝါသနာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားသည္။ ထုိ႔ေနာက္ တုိင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက အဖြင့္ပြဲစဥ္ ယွဥ္ၿပိဳင္ကစားမႈမ်ားကို ၾကည့္႐ႈအားေပးၾကသည္။

အဆုိပါလက္ေဝွ႔ၿပိဳင္ပြဲကို တုိင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ ၿပိဳင္ပြဲဝင္အသင္း ၁၁ သင္းျဖင့္ ၾသဂုတ္ ၁၉ ရက္အထိ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။     

(Unicode Version)

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ ပြိုင်ပွဲဖွင့်ပွဲပြုလုပ်

နေပြည်တော်  သြဂုတ်  ၁၄

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို သြဂုတ် ၁၃ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊    မိသားစုများ၊    ပြိုင်ပွဲဝင် အားကစားသမားများ၊  ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် သြဂုတ် ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။       

 

Recent News