ပဲခူးတုိင္းေဒသႀကီး အတြင္း၌ ေရေဘးသင့္ ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္၊ စားေသာက္ဖြယ္ရာမ်ား ေပးအပ္

ပဲခူးတုိင္းေဒသႀကီး အတြင္း၌ ေရေဘးသင့္ ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္၊ စားေသာက္ဖြယ္ရာမ်ား ေပးအပ္

ေနျပည္ေတာ္   ၾသဂုတ္   ၁၄

ပဲခူးတုိင္းေဒသႀကီးအတြင္း မုိးအဆက္မျပတ္ ရြာသြန္းၿပီး ေရဝင္ေရာက္မႈ ျဖစ္ေပၚမႈေၾကာင့္ ဇီးကုန္းၿမိဳ႕၊ ေရႊဘံုသာဘုန္းေတာ္ႀကီးေက်ာင္း၌ ယာယီေရႊ႕ေျပာင္းေနထိုင္လ်က္ ရွိေသာ အမွတ္(၂)ရပ္ကြက္ရွိ အိမ္ေထာင္စုကိုးစု၊ လူဦးေရ ၄၂ ဦးႏွင့္ ပတ္ဝန္းက်င္ ရပ္ကြက္မ်ားရွိ ေဒသခံျပည္သူ ၁၁၈ ဦးကိုလည္းေကာင္း၊ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕၊   အမွတ္(၁)ရပ္ကြက္၊ သံစဥ္ကုန္းေက်းရြာ အေျခခံပညာ မူလတန္းလြန္ေက်ာင္းရွိ    ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူစုစုေပါင္း ၄၈၅ ဦး ကို လည္းေကာင္း    ယေန႔နံနက္ပိုင္းတြင္ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊   နယ္လွည့္ ေဆးကုသေရး အဖြဲ႕မ်ားက အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ECG စက္ျဖင့္ ႏွလံုး စမ္းသပ္ေပးျခင္းႏွင့္ အစာအိမ္ အူလမ္းေၾကာင္းဆိုင္ရာ ေရာဂါ၊ အေရျပားေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ ဆီးခ်ဳိေရာဂါ၊  ေသြးတုိးေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ေရေဘးသင့္ျပည္သူမ်ား အတြက္ ဆန္၊ ဆီ၊ စားေသာက္ဖြယ္ရာမ်ား၊ ေရသန္႔ဘူးမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ ေပါင္ခ်ိန္စက္ တစ္လံုးတုိ႔ကို အသီးသီး ေပးအပ္ လွဴဒါန္းသည္။

ထုိ႔ျပင္ ကဝၿမိဳ႕နယ္အတြင္း မုိးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ေရဝင္ေရာက္မႈ ျဖစ္ေပၚခဲ့ၿပီး ေရေဘးအႏၲရာယ္ ႀကံဳေတြ႕ခဲ့ရေသာ ကဝၿမိဳ႕၊ ကဝရြာသစ္ရပ္ကြက္ရွိ အိမ္ေထာင္စုေလးစု၊ လူဦးေရ ၁၄ ဦးကို က်ဳိက္အံဝ ဘုန္းေတာ္ႀကီးေက်ာင္း၌လည္းေကာင္း၊ သကၠလၿမိဳ႕၊ ၿမိဳ႕ျပစံျပရပ္ကြက္ရွိ အိမ္ေထာင္စု ၂၆ စု၊ လူဦးေရ ၁၁၁ ဦးကို သာသနာ့ေရာင္ျခည္ ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ ဘူတာရပ္ကြက္ရွိ အိမ္ေထာင္စု ၂၅ စု၊ လူဦးေရ ၁ဝ၁ ဦးကို   ဒဏိၡဏာ႐ံုေတာ္ ေက်ာင္းတုိက္၌ လည္းေကာင္း၊ ဇဲြကိုက္ေက်း ရြာရွိ အိမ္ေထာင္စုေျခာက္စု၊ လူဦးေရ ၂၄ ဦး ကို ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ လည္းေကာင္း    ေရႊ႕ေျပာင္းေနထုိင္လ်က္ရွိရာ ၾသဂုတ္ ၁၃ ရက္ညေနပိုင္းတြင္ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံတပ္မေတာ္သားမ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ပဲခူးတိုင်းဒေသကြီး အတွင်း၌ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်   သြဂုတ်   ၁၄

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး ရေဝင်ရောက်မှု ဖြစ်ပေါ်မှုကြောင့် ဇီးကုန်းမြို့၊ ရွှေဘုံသာဘုန်းတော်ကြီးကျောင်း၌ ယာယီရွှေ့ပြောင်းနေထိုင်လျက် ရှိသော အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စုကိုးစု၊ လူဦးရေ ၄၂ ဦးနှင့် ပတ်ဝန်းကျင် ရပ်ကွက်များရှိ ဒေသခံပြည်သူ ၁၁၈ ဦးကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊   အမှတ်(၁)ရပ်ကွက်၊ သံစဉ်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ    ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၄၈၅ ဦး ကို လည်းကောင်း    ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊   နယ်လှည့် ဆေးကုသရေး အဖွဲ့များက အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ECG စက်ဖြင့် နှလုံး စမ်းသပ်ပေးခြင်းနှင့် အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အရေပြားရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးချိုရောဂါ၊  သွေးတိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး ရေဘေးသင့်ပြည်သူများ အတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ ရေသန့်ဘူးများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများနှင့် ပေါင်ချိန်စက် တစ်လုံးတို့ကို အသီးသီး ပေးအပ် လှူဒါန်းသည်။

ထို့ပြင် ကဝမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသော ကဝမြို့၊ ကဝရွာသစ်ရပ်ကွက်ရှိ အိမ်ထောင်စုလေးစု၊ လူဦးရေ ၁၄ ဦးကို ကျိုက်အံဝ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း၊ သက္ကလမြို့၊ မြို့ပြစံပြရပ်ကွက်ရှိ အိမ်ထောင်စု ၂၆ စု၊ လူဦးရေ ၁၁၁ ဦးကို သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးကျောင်းနှင့် ဘူတာရပ်ကွက်ရှိ အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၁ဝ၁ ဦးကို   ဒဏ္ခိဏာရုံတော် ကျောင်းတိုက်၌ လည်းကောင်း၊ ဇွဲကိုက်ကျေး ရွာရှိ အိမ်ထောင်စုခြောက်စု၊ လူဦးရေ ၂၄ ဦး ကို ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း    ရွှေ့ပြောင်းနေထိုင်လျက်ရှိရာ သြဂုတ် ၁၃ ရက်ညနေပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Recent News