အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴးဒိုင္း လက္ေဝွ႔ၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမွဴးဒိုင္း လက္ေဝွ႔ၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

ေနျပည္ေတာ္  ၾသဂုတ္  ၁၄

အေနာက္ေတာင္တိုင္း စစ္ဌာနခ်ဳပ္၏ ၂ဝ၁၉ ခုႏွစ္၊ တိုင္းမွဴးဒိုင္း လက္ေဝွ႕ၿပိဳင္ပြဲ ဖြင့္ပြဲကို ၾသဂုတ္ ၁၃ ရက္ ညေနပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္၊ ပုသိမ္တပ္နယ္ အားကစား ခန္းမ၌ျပဳလုပ္ရာ တိုင္းမွဴး ဗိုလ္ခ်ဳပ္ရဲဝင္းဦး ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ၿပိဳင္ပြဲဝင္ အားကစားသမားမ်ား၊ ဒိုင္အဖြဲ႕ဝင္မ်ားႏွင့္ အားကစားဝါသနာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားသည္။ ထို႔ေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူမ်ားက အဖြင့္ပြဲစဥ္ ယွဥ္ၿပိဳင္ကစားမႈမ်ားကို ၾကည့္႐ႈအားေပးၾကသည္။

အဆိုပါလက္ေဝွ႕ၿပိဳင္ပြဲကို တိုင္းစစ္ဌာနခ်ဳပ္ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ ၿပိဳင္ပြဲဝင္ အသင္း ရွစ္သင္းျဖင့္ ၾသဂုတ္ ၁၉ ရက္အထိ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်  သြဂုတ်  ၁၄

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို သြဂုတ် ၁၃ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ် အားကစား ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ရဲဝင်းဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အသင်း ရှစ်သင်းဖြင့် သြဂုတ် ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News