ခ်င္းျပည္နယ္၊ ရမ္ထလိုေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ခ်င္းျပည္နယ္၊ ရမ္ထလိုေက်းရြာ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၄

ခ်င္းျပည္နယ္၊ ရမ္ထလိုေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားရွိ ေဒသခံတိုင္းရင္းသား ျပည္သူမ်ားကို ယေန႔နံနက္ပိုင္းတြင္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်းရြာရွိ ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံ တိုင္းရင္းသားျပည္သူ ၁၃၇ ဦးကို ေသြးတိုးေရာဂါ၊ ဆီးခ်ဳိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊   အသည္းေရာဂါ၊   အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍    လိုအပ္သည့္ က်န္းမာေရးစစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး   ေဆး႐ုံတက္ေရာက္ ကုသရန္ လိုအပ္သူသုံးဦးကို ကေလးၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ုံသို႔ တက္ေရာက္ကုသႏိုင္ေရး   စီစဥ္ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ချင်းပြည်နယ်၊ ရမ်ထလိုကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၄

ချင်းပြည်နယ်၊ ရမ်ထလိုကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများကို ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၃၇ ဦးကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊   အသည်းရောဂါ၊   အထွေထွေရောဂါတို့နှင့် ပတ်သက်၍    လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး   ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူသုံးဦးကို ကလေးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး   စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News