

နေပြည်တော်  သြဂုတ်  ၁၄


(Unicode Version)

ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ရေဘေး အန္တရာယ် ကြုံတွေ့နိုင်သည့် စာသင်ကျောင်းမှ ကျောင်းသုံးပစ္စည်းများ ကူညီရွှေ့ပြောင်းပေး

နေပြည်တော်  သြဂုတ်  ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ အနောက်သီရိ ကျေးရွာအနီး၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်နေပြီး ရေတိုက်စားမှု အန္တရာယ်ဖြစ်ပေါ်လာနိုင်သည့် အဆိုပါကျေးရွာရှိ အမှတ်(၁၄၆) အခြေခံ ပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသုံးပရိဘောဂ ပစ္စည်းများ၊ စာသင်ခုံများ၊ စာရေးစားပွဲများနှင့်  ကျောင်းအဆောက်အအုံ ဆယ်တင်ပစ္စည်းများကို သြဂုတ် ၁၃ ရက်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ရေဘေးအန္တရာယ် ကင်းလွတ်ရာ အနောက်သီရိကျေးရွာသစ်ရှိ စာသင်ကျောင်း ပြန်လည်ဆောက်လုပ်မည့်နေရာသို့ ကူညီ ရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News