တနသၤာရီၿမိဳ႔နယ္၊ ေျမမအံုေက်းရြာရွိ ေရေဘးသင့္ ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္

တနသၤာရီၿမိဳ႔နယ္၊ ေျမမအံုေက်းရြာရွိ ေရေဘးသင့္ ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၄

တနသၤာရီတုိင္းေဒသႀကီး၊ တနသၤာရီ ၿမိဳ႕နယ္အတြင္း တနသၤာရီျမစ္ေရ ျမင့္တက္မႈေၾကာင့္ ေရေဘးအႏၲရာယ္ ႀကံဳေတြ႕ခဲ့ရ ေသာ ေျမမအံုေက်းရြာေန အိမ္ေထာင္စု ၇၄ စု၊ လူဦးေရ ၃၉၁ ဦးတုိ႔ကို ယာယီ ကယ္ဆယ္ေရးစခန္း ဖြင့္လွစ္ထားသည့္ ေက်းရြာရွိ ေအာင္သုခ ဘုန္းေတာ္ႀကီးေက်ာင္း၌ ေျပာင္းေရႊ႕ေနရာ ခ်ထားေပးလ်က္ရွိသည္။

အဆုိပါေရေဘးသင့္ ျပည္သူမ်ားထဲမွ ၁၅၆ ဦးကို ၾသဂုတ္ ၁၃ ရက္ ညေနပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ေသြးတုိး ေရာဂါ၊ ႏွလံုးေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ေပးျခင္း၊ Ultrasound ႐ိုက္ေပးျခင္း၊ ဆီးခ်ဳိ၊ ေသြးခ်ဳိ စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

တနင်္သာရီမြို့နယ်၊ မြေမအုံကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်

နေပြည်တော်  သြဂုတ်  ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီ မြို့နယ်အတွင်း တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးအန္တရာယ် ကြုံတွေ့ခဲ့ရ သော မြေမအုံကျေးရွာနေ အိမ်ထောင်စု ၇၄ စု၊ လူဦးရေ ၃၉၁ ဦးတို့ကို ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့် ကျေးရွာရှိ အောင်သုခ ဘုန်းတော်ကြီးကျောင်း၌ ပြောင်းရွှေ့နေရာ ချထားပေးလျက်ရှိသည်။

အဆိုပါရေဘေးသင့် ပြည်သူများထဲမှ ၁၅၆ ဦးကို သြဂုတ် ၁၃ ရက် ညနေပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound ရိုက်ပေးခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News