က်ဳိက္မေရာၿမိဳ႔နယ္ အတြင္းရွိ ေရေဘးသင့္ ျပည္သူမ်ားအား ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္ လွဴဒါန္း

က်ဳိက္မေရာၿမိဳ႔နယ္ အတြင္းရွိ ေရေဘးသင့္ ျပည္သူမ်ားအား ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္ လွဴဒါန္း

ေနျပည္ေတာ္   ၾသဂုတ္   ၁၄

မြန္ျပည္နယ္၊ က်ဳိက္မေရာၿမိဳ႕နယ္ အတြင္း မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္  ေရႀကီး၊ ေရလွ်ံမႈျဖစ္ေပၚခဲ့ၿပီး ဆက္သြယ္ေရးလမ္းေၾကာင္းမ်ား  ျပတ္ေတာက္ခဲ့မႈေၾကာင့္ က်ဳိက္မေရာၿမိဳ႕နယ္ အတြင္းရွိ ေရေဘးသင့္ ျပည္သူမ်ား အတြက္ အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္ႏွင့္  ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္  ေစတနာရွင္ အလွဴရွင္မ်ားမွ  ေပးအပ္ လွဴဒါန္းေသာ ေထာက္ပံ့ေရး ပစၥည္းမ်ားအား တပ္မေတာ္သံုး  ဖိုက္ဘာ စက္ေလွမ်ားျဖင့္ ပို႔ေဆာင္လွဴဒါန္းလ်က္ရွိရာ ယေန႔နံနက္ပိုင္းတြင္ သုခၿမိဳင္ေက်းရြာ၊ ေဇတဝန္ေက်ာင္းတိုက္ ေရေဘးကယ္ဆယ္ေရး စခန္းရွိ ေရေဘးသင့္ ျပည္သူမ်ားအား အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္  တုိင္းမွဴး ဗိုလ္ခ်ဳပ္ မ်ဳိးမိုးေအာင္ႏွင့္ အဖြဲ႕ဝင္မ်ားက   ေထာက္ပံ့ေရးပစၥည္းမ်ား   သြားေရာက္ေပးအပ္ လွဴဒါန္းသည္။

ဦးစြာ တုိင္းမွဴးက ေထာက္ပံ့ေရးပစၥည္းမ်ား ေပးအပ္လွဴဒါန္းရျခင္းႏွင့္ စပ္လ်ဥ္း၍ အမွာစကား ေျပာၾကားၿပီး ေရေဘးသင့္ျပည္သူမ်ား အတြက္ ေစာင္၊ ျခင္ေထာင္၊ ဆန္၊ ဆီ၊ စားေသာက္ဖြယ္ရာမ်ားႏွင့္ မီးဖိုေခ်ာင္သံုး ပစၥည္းမ်ား ေပးအပ္လွဴဒါန္းသည္။ ထို႔ေနာက္ ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲပညာသာမိအား ဖူးေျမာ္၍ လွဴဖြယ္ဝတၳဳေငြမ်ား ဆက္ကပ္ လွဴဒါန္းသည္။

ယင္းေနာက္  တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္  ၾကက္ခတ္ကုန္းေက်းရြာ သုခကာရီ ေက်ာင္းတိုက္ ေရေဘးကယ္ဆယ္ေရးစခန္းသို႔ သြားေရာက္၍  ေရေဘးသင့္ျပည္သူမ်ား အတြက္  ေစာင္၊ ျခင္ေထာင္၊  ဆန္၊  ဆီ၊ စားေသာက္ ဖြယ္ရာမ်ားႏွင့္ မီးဖိုေခ်ာင္သံုး ပစၥည္းမ်ားကို ေပးအပ္ လွဴဒါန္းသည္။

အလားတူ ဘိန္းေဗ်ာေက်းရြာရွိ ေရေဘးသင့္ျပည္သူမ်ားကို တုိင္းစစ္ဌာနခ်ဳပ္ႏွင့္ တပ္ရင္း/ တပ္ဖြဲ႕ မိသားစုမ်ားက ေစာင္၊ ျခင္ ေထာင္၊ ဆန္၊ ဆီႏွင့္ စားေသာက္ဖြယ္ရာမ်ားကို ေပးအပ္ လွဴဒါန္း ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ကျိုက်မရောမြို့နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ် လှူဒါန်း

နေပြည်တော်   သြဂုတ်   ၁၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်  ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းများ  ပြတ်တောက်ခဲ့မှုကြောင့် ကျိုက်မရောမြို့နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများ အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့်  ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်  စေတနာရှင် အလှူရှင်များမှ  ပေးအပ် လှူဒါန်းသော ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်သုံး  ဖိုက်ဘာ စက်လှေများဖြင့် ပို့ဆောင်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သုခမြိုင်ကျေးရွာ၊ ဇေတဝန်ကျောင်းတိုက် ရေဘေးကယ်ဆယ်ရေး စခန်းရှိ ရေဘေးသင့် ပြည်သူများအား အရှေ့တောင်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက   ထောက်ပံ့ရေးပစ္စည်းများ   သွားရောက်ပေးအပ် လှူဒါန်းသည်။

ဦးစွာ တိုင်းမှူးက ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး ရေဘေးသင့်ပြည်သူများ အတွက် စောင်၊ ခြင်ထောင်၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် မီးဖိုချောင်သုံး ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။ ထို့နောက် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသာမိအား ဖူးမြော်၍ လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းသည်။

ယင်းနောက်  တိုင်းမှူးနှင့် အဖွဲ့ဝင်များသည်  ကြက်ခတ်ကုန်းကျေးရွာ သုခကာရီ ကျောင်းတိုက် ရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍  ရေဘေးသင့်ပြည်သူများ အတွက်  စောင်၊ ခြင်ထောင်၊  ဆန်၊  ဆီ၊ စားသောက် ဖွယ်ရာများနှင့် မီးဖိုချောင်သုံး ပစ္စည်းများကို ပေးအပ် လှူဒါန်းသည်။

အလားတူ ဘိန်းဗျောကျေးရွာရှိ ရေဘေးသင့်ပြည်သူများကို တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/ တပ်ဖွဲ့ မိသားစုများက စောင်၊ ခြင် ထောင်၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News