တနသၤာရီတိုင္း ေဒသႀကီးအတြင္း ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့သည့္ေနရာမ်ား၌ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

တနသၤာရီတိုင္း ေဒသႀကီးအတြင္း ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့သည့္ေနရာမ်ား၌ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၄

တနသၤာရီတိုင္းေဒသႀကီး အတြင္း   မိုးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈ ျဖစ္ေပၚခဲ့ၿပီး ေရႀကီးေရလွ်ံမႈ ျဖစ္ေပၚခဲ့သည့္ ေနရာမ်ား၌ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးလ်က္ရွိရာ ယေန႔နံနက္ပိုင္းတြင္    ကမ္း႐ိုးတန္း ေဒသတိုင္း စစ္ဌာနခ်ဳပ္ နယ္ေျမခံ တပ္မေတာ္သားမ်ားက ခရီးသြားျပည္သူမ်ား လြယ္ကူစြာသြားလာႏိုင္ေရးႏွင့္ အႏၲရာယ္မျဖစ္ေစေရး အတြက္ ယာဥ္ေၾကာ ရွင္းလင္းျခင္း၊ျဖတ္ကူးမရ ယာဥ္ငယ္မ်ားအား တပ္မေတာ္ ဖိုက္ဘာေလွမ်ားျဖင့္ ပို႔ေဆာင္ေပးျခင္း၊ ခရီးသြားျပည္သူမ်ားႏွင့္ ၎တို႔၏ပစၥည္းမ်ားကို ေရႊ႕ေျပာင္းပို႔ေဆာင္ေပးျခင္း၊ ေရတိုက္စားမႈေၾကာင့္ လဲက်ေသာ သစ္ပင္သစ္ကိုင္း ခုတ္ထြင္ရွင္းလင္းျခင္းႏွင့္ ေျမသားမ်ား ဖယ္ရွားရွင္းလင္းျခင္း စသည့္ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ၿမိတ္ၿမိဳ႕နယ္၊ အေရွ႕မင္းသန္းေက်းရြာႏွင့္ အေနာက္မင္းသန္း ေက်းရြာ၊ တနသၤာရီၿမိဳ႕နယ္၊လယ္ေတာင္ယာရြာ၊ ေအာက္တင္းေက်းရြာ၊ ေညာင္ပင္ကြင္းေက်းရြာ၊ ထံုေတာ္ေက်းရြာႏွင့္ ေျမမအံုေက်းရြာ တို႔တြင္ နယ္ေျမခံ တပ္မေတာ္သားမ်ားက ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးျခင္းႏွင့္ ေရေဘးသင့္ျပည္သူမ်ား အတြက္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

အလားတူ ေလာင္းလံုးၿမိဳ႕နယ္၊ ရွင္ေမာ္သြား ကားလမ္းႏွင့္ ရွင္ေမာ္ေစတီဝင္းတို႔၌ ေျမသားမ်ားၿပိဳက်မႈအား နယ္ေျမခံ တပ္မေတာ္သားမ်ားက ေျမသားမ်ား ဖယ္ရွား ရွင္းလင္းေပးျခင္း၊ အမိႈက္မ်ား ရွင္းလင္းျခင္းႏွင့္ သန္႔ရွင္းေရးျပဳ လုပ္ျခင္းတို႔ကို ေဆာင္ရြက္ေပးသည္။

ထို႔အတူ ထားဝယ္ခ႐ိုင္ ေရး-ထားဝယ္သြား  ကားလမ္းမိုင္တိုင္အမွတ္ ၇၆ အနီး ႏွင့္ ၇၉ အနီးတို႔၌ ေျမသားၿပိဳက်၍ လမ္းျပဳျပင္မႈမ်ား ေဆာင္ရြက္ေပးလ်က္ရွိရာ ယေန႔တြင္ ျဖတ္သန္းသြားလာသည့္ ခရီးသြားျပည္သူမ်ားကို နယ္ေျမခံ တပ္မေတာ္သားမ်ားက ကလိန္ေအာင္ၿမိဳ႕သို႔ တပ္မေတာ္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ပို႔ေဆာင္ေပးခဲ့ၿပီး အဆိုပါ လမ္းစတင္ပ်က္စီးခဲ့သည့္ ၾသဂုတ္ ၁ဝ ရက္မွစ၍ ယေန႔အထိ ခရီးသြားျပည္သူ ၃၆၅ ဦးကို တပ္မေတာ္ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ၁၆ ႀကိမ္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၄

တနင်္သာရီတိုင်းဒေသကြီး အတွင်း   မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်    ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက ခရီးသွားပြည်သူများ လွယ်ကူစွာသွားလာနိုင်ရေးနှင့် အန္တရာယ်မဖြစ်စေရေး အတွက် ယာဉ်ကြော ရှင်းလင်းခြင်း၊ဖြတ်ကူးမရ ယာဉ်ငယ်များအား တပ်မတော် ဖိုက်ဘာလှေများဖြင့် ပို့ဆောင်ပေးခြင်း၊ ခရီးသွားပြည်သူများနှင့် ၎င်းတို့၏ပစ္စည်းများကို ရွှေ့ပြောင်းပို့ဆောင်ပေးခြင်း၊ ရေတိုက်စားမှုကြောင့် လဲကျသော သစ်ပင်သစ်ကိုင်း ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မြေသားများ ဖယ်ရှားရှင်းလင်းခြင်း စသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြိတ်မြို့နယ်၊ အရှေ့မင်းသန်းကျေးရွာနှင့် အနောက်မင်းသန်း ကျေးရွာ၊ တနင်္သာရီမြို့နယ်၊လယ်တောင်ယာရွာ၊ အောက်တင်းကျေးရွာ၊ ညောင်ပင်ကွင်းကျေးရွာ၊ ထုံတော်ကျေးရွာနှင့် မြေမအုံကျေးရွာ တို့တွင် နယ်မြေခံ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ရေဘေးသင့်ပြည်သူများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အလားတူ လောင်းလုံးမြို့နယ်၊ ရှင်မော်သွား ကားလမ်းနှင့် ရှင်မော်စေတီဝင်းတို့၌ မြေသားများပြိုကျမှုအား နယ်မြေခံ တပ်မတော်သားများက မြေသားများ ဖယ်ရှား ရှင်းလင်းပေးခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးပြု လုပ်ခြင်းတို့ကို ဆောင်ရွက်ပေးသည်။

ထို့အတူ ထားဝယ်ခရိုင် ရေး-ထားဝယ်သွား  ကားလမ်းမိုင်တိုင်အမှတ် ၇၆ အနီး နှင့် ၇၉ အနီးတို့၌ မြေသားပြိုကျ၍ လမ်းပြုပြင်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများကို နယ်မြေခံ တပ်မတော်သားများက ကလိန်အောင်မြို့သို့ တပ်မတော် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ လမ်းစတင်ပျက်စီးခဲ့သည့် သြဂုတ် ၁ဝ ရက်မှစ၍ ယနေ့အထိ ခရီးသွားပြည်သူ ၃၆၅ ဦးကို တပ်မတော် မော်တော်ယာဉ်များဖြင့် ၁၆ ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News