မေကြးတုိင္းေဒသႀကီး၊ စကုၿမိဳ႔နယ္၌ တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖြဲ႔က က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္

မေကြးတုိင္းေဒသႀကီး၊ စကုၿမိဳ႔နယ္၌ တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖြဲ႔က က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၄

မေကြးတိုင္း ေဒသႀကီးအတြင္း ေရာက္ရွိေနေသာ တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရး အဖဲြ႕သည္  ယေန႔တြင္  မင္းဘူးခ႐ိုင္၊ စကုၿမိဳ႕၊ ကန္ဦးရတနာ သဘာဝတရားရိပ္သာ၌ အေျချပဳ၍ လည္းေကာင္း၊ နယ္လွည့္ေဆး ကုသေရး အဖြဲ႕သည္ စကုၿမိဳ႕နယ္၊ ေပကုန္းေက်းရြာ၊    ရတနာဘံုပ်ံ ေက်ာင္းတိုက္၌ လည္းေကာင္း ပတ္ဝန္းက်င္ ေက်းရြာမ်ားမွ ေဒသခံျပည္သူ စုစုေပါင္း  ၁၃၄၁   ဦးကို က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသမႈဆုိင္ရာ ေရာဂါ ၃၆၃ ဦး၊ ခြဲစိတ္ေရာဂါ ၁၂၄ ဦး၊ ကေလးေရာဂါ ၇၂ ဦး၊ သားဖြား/ မီးယပ္ေရာဂါ ၄၅ ဦး၊ အ႐ိုးေရာဂါ ၂၁၉ ဦး၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ ၆၈ ဦး၊ မ်က္စိေရာဂါ ၂၅၁ ဦး၊ သြားေရာဂါ ၆၃ ဦးႏွင့္ အေထြေထြေရာဂါ ၁၃၆ ဦးတို႔ကို လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ၎တို႔အနက္မွ မ်က္စိခြဲစိတ္လူနာ ၁၂ ဦးႏွင့္ အေထြေထြ  ခြဲစိတ္လူနာ ၁၁ ဦးတို႔ကို ေရြ႕လ်ားခြဲစိတ္ယာဥ္ျဖင့္ ခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးသည္။ ထို႔ျပင္ ဓာတ္မွန္႐ိုက္ လူနာ ၄ဝ ဦး၊ တယ္လီေဗးရွင္း ဓာတ္မွန္႐ိုက္ လူနာ ၄၄ ဦး၊ ECG စက္ျဖင့္ ႏွလံုးစမ္းသပ္ လူနာ ၁ဝ ဦးႏွင့္  ဓာတ္ခြဲစမ္းသပ္လူနာ ၆ဝ ဦးတို႔ကို ေရာဂါရွာေဖြ စမ္းသပ္စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ထို႔ျပင္ ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူ ႏွစ္ဦးကိုလည္း သက္ဆိုင္ရာ တပ္မေတာ္ေဆး႐ံုသို႔   တက္ေရာက္ ကုသႏုိင္ေရး  စီစဥ္ ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးမႈမ်ားကို အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္  တိုင္းမွဴး  ဗိုလ္ခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ အဖဲြ႕ဝင္မ်ားက သြားေရာက္ ၾကည့္႐ႈ အားေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မကွေးတိုင်းဒေသကြီး၊ စကုမြို့နယ်၌ တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၄

မကွေးတိုင်း ဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည်  ယနေ့တွင်  မင်းဘူးခရိုင်၊ စကုမြို့၊ ကန်ဦးရတနာ သဘာဝတရားရိပ်သာ၌ အခြေပြု၍ လည်းကောင်း၊ နယ်လှည့်ဆေး ကုသရေး အဖွဲ့သည် စကုမြို့နယ်၊ ပေကုန်းကျေးရွာ၊    ရတနာဘုံပျံ ကျောင်းတိုက်၌ လည်းကောင်း ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း  ၁၃၄၁   ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၆၃ ဦး၊ ခွဲစိတ်ရောဂါ ၁၂၄ ဦး၊ ကလေးရောဂါ ၇၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၅ ဦး၊ အရိုးရောဂါ ၂၁၉ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၆၈ ဦး၊ မျက်စိရောဂါ ၂၅၁ ဦး၊ သွားရောဂါ ၆၃ ဦးနှင့် အထွေထွေရောဂါ ၁၃၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၁၂ ဦးနှင့် အထွေထွေ  ခွဲစိတ်လူနာ ၁၁ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၄ဝ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၄၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၁ဝ ဦးနှင့်  ဓာတ်ခွဲစမ်းသပ်လူနာ ၆ဝ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူ နှစ်ဦးကိုလည်း သက်ဆိုင်ရာ တပ်မတော်ဆေးရုံသို့   တက်ရောက် ကုသနိုင်ရေး  စီစဉ် ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News