မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္ အတြင္းရွိ ေရဝင္ေရာက္မႈ ျဖစ္ေပၚခဲ႕ေသာ ေနရာမ်ား၌ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္ အတြင္းရွိ ေရဝင္ေရာက္မႈ ျဖစ္ေပၚခဲ႕ေသာ ေနရာမ်ား၌ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္   ၾသဂုတ္   ၁၄

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္အတြင္း မုိးအဆက္မျပတ္ ရြာသြန္းမႈေၾကာင့္ ေရႀကီး၊ ေရလွ်ံမႈ ျဖစ္ေပၚခဲ့ၿပီး ေရျပန္လည္က်ဆင္းခ်ိန္တြင္ တင္က်န္ခဲ့ေသာ ရႊံ႕ႏုန္းမ်ားႏွင့္ သန္႔ရွင္းေရး ျပဳလုပ္ျခင္းတုိ႔ကို ယေန႔နံနက္ပိုင္းတြင္ အေရွ႕ေတာင္တုိင္း စစ္ဌာနခ်ဳပ္မွ နယ္ေျမခံ တပ္မေတာ္သားမ်ားက စုေပါင္း ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္   ေရဝင္ေရာက္မႈ ျဖစ္ေပၚခဲ့ေသာ ေရးၿမိဳ႕၊ေအာင္ မဂၤလာရပ္ကြက္၊  ကြၽန္းေတာင္ဘုန္းႀကီးေက်ာင္းရွိ   ဗုဒၶ႐ုပ္ပြားေတာ္ျမတ္မ်ားကို သန္႔ရွင္းေဆးေၾကာ ေရသပၸာယ္ေပးျခင္း၊ ေက်ာင္းတိုက္ႏွင့္ ဓမၼာ႐ံု တုိ႔၌ ရႊံ႕ႏုန္းမ်ား ဖယ္ရွားရွင္းလင္းျခင္း၊ အမွတ္(၂)အေျခခံပညာ အထက္တန္းေက်ာင္း၊ အမွတ္(၅) အေျခခံပညာ မူလတန္းလြန္ေက်ာင္းႏွင့္ အမွတ္(၉)အေျခခံပညာ မူလတန္းလြန္ေက်ာင္း တုိ႔တြင္ ရႊံ႕ႏုန္းမ်ား ဖယ္ရွား ရွင္းလင္းျခင္း၊   စာသင္ခံုမ်ားႏွင့္  ေက်ာင္းအသံုးအေဆာင္ ပစၥည္းမ်ား  သန္႔ရွင္းေရး ျပဳလုပ္ေပးျခင္း၊ ေက်ာင္းဝင္းအတြင္း တင္က်န္ခဲ့ေသာ ရႊံ႕ႏုန္းမ်ား ဖယ္ရွားရွင္းလင္းေပးျခင္း မ်ားကို စုေပါင္း ေဆာင္ရြက္ေပးသည္။

အလားတူ မာန္ေအာင္ေက်းရြာအနီးရွိ မာန္ေအာင္ေခ်ာင္းေရလွ်ံၿပီး ေက်းရြာအတြင္း ေရဝင္ေရာက္မႈ မရွိေစေရးအတြက္ ေက်ာက္စရစ္အိတ္မ်ား၊ သဲအိတ္မ်ား ေရတာတမံ ျပဳလုပ္ေပးျခင္းတုိ႔ကို နယ္ေျမခံ တပ္မေတာ္သားမ်ားက စုေပါင္း ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ အေျခခံပညာ အထက္တန္းေက်ာင္းခြဲရွိ ေရေဘးသင့္ျပည္သူမ်ားကို နယ္ေျမခံ တပ္မေတာ္သားမ်ားႏွင့္ မိသားစုမ်ားက စားေသာက္ဖြယ္ရာမ်ား ေပးအပ္ လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သော နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   သြဂုတ်   ၁၄

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရေပြန်လည်ကျဆင်းချိန်တွင် တင်ကျန်ခဲ့သော ရွှံ့နုန်းများနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက စုပေါင်း ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်   ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သော ရေးမြို့၊အောင် မင်္ဂလာရပ်ကွက်၊  ကျွန်းတောင်ဘုန်းကြီးကျောင်းရှိ   ဗုဒ္ဓရုပ်ပွားတော်မြတ်များကို သန့်ရှင်းဆေးကြော ရေသပ္ပာယ်ပေးခြင်း၊ ကျောင်းတိုက်နှင့် ဓမ္မာရုံ တို့၌ ရွှံ့နုန်းများ ဖယ်ရှားရှင်းလင်းခြင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် အမှတ်(၉)အခြေခံပညာ မူလတန်းလွန်ကျောင်း တို့တွင် ရွှံ့နုန်းများ ဖယ်ရှား ရှင်းလင်းခြင်း၊   စာသင်ခုံများနှင့်  ကျောင်းအသုံးအဆောင် ပစ္စည်းများ  သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ကျောင်းဝင်းအတွင်း တင်ကျန်ခဲ့သော ရွှံ့နုန်းများ ဖယ်ရှားရှင်းလင်းပေးခြင်း များကို စုပေါင်း ဆောင်ရွက်ပေးသည်။

အလားတူ မာန်အောင်ကျေးရွာအနီးရှိ မာန်အောင်ချောင်းရေလျှံပြီး ကျေးရွာအတွင်း ရေဝင်ရောက်မှု မရှိစေရေးအတွက် ကျောက်စရစ်အိတ်များ၊ သဲအိတ်များ ရေတာတမံ ပြုလုပ်ပေးခြင်းတို့ကို နယ်မြေခံ တပ်မတော်သားများက စုပေါင်း ဆောင်ရွက်ပေးသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ ရေဘေးသင့်ပြည်သူများကို နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုများက စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News