

နေပြည်တော်  သြဂုတ်  ၁၅



(Unicode Version)

တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူပွဲပြုလုပ်

နေပြည်တော်  သြဂုတ်  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် မုခ်ဦးရှေ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ပြုလုပ်ရာ တောင်ကြီးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၁ဝ ကျောင်းမှ သံဃာတော်များ ကြွရောက်တော်မူကြသည်။

အဆိုပါ စုပေါင်းဆွမ်းလောင်းလှူပွဲတွင် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင် အလှူ ရှင်များ တက်ရောက်ကြပြီး သံဃာတော် အပါး ၅ဝဝ တို့အား အရုဏ်ဆွမ်း ဆက်ကပ် လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။      

Recent News