မတူပီၿမိဳ႔နယ္၊ ဖႏုိင္ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ)၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

မတူပီၿမိဳ႔နယ္၊ ဖႏုိင္ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ)၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  ၾသဂုတ္  ၁၅

ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕နယ္၊ ဖႏုိင္ေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္း(ခြဲ)မွ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္  ေဒသခံျပည္သူမ်ားအား ယေန႔ နံနက္ပုိင္းတြင္   အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရး အဖြဲ႕က ဆရာ၊ ဆရာမ ၂၄ ဦး၊ ေက်ာင္း သား၊ ေက်ာင္းသူ ၂ဝဝ ဦးႏွင့္ ေဒသခံ ျပည္သူ ၂ဝ ဦးကို အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ တစ္ကုိယ္ေရ သန္႔ရွင္းေရး စစ္ေဆးေပးျခင္း၊ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ၊ အေရျပားေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားကို နယ္ေျမခံ တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ားက တစ္ပုိင္တစ္ႏုိင္ စုိက္ပ်ဳိးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိေသာ ၾကက္ဥႏွင့္  အသီးအရြက္မ်ားကုိ  ျပင္ပေပါက္ေစ်းထက္ သက္သာေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၁၅

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်  ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင်   အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဆရာ၊ ဆရာမ ၂၄ ဦး၊ ကျောင်း သား၊ ကျောင်းသူ ၂ဝဝ ဦးနှင့် ဒေသခံ ပြည်သူ ၂ဝ ဦးကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရေပြားရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆရာ၊ ဆရာမများနှင့် ဒေသခံ ပြည်သူများကို နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များက တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသော ကြက်ဥနှင့်  အသီးအရွက်များကို  ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News