ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၊ တုိင္းမွဴးဒိုင္း ျမန္မာ့သိုင္းၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္၊ တုိင္းမွဴးဒိုင္း ျမန္မာ့သိုင္းၿပိဳင္ပြဲ ဖြင္႕ပြဲျပဳလုပ္

ေနျပည္ေတာ္  ၾသဂုတ္  ၁၅

ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္၏ ၂ဝ၁၉ ခုႏွစ္၊ တုိင္းမွဴးဒိုင္း ျမန္မာ့သိုင္းၿပိဳင္ပြဲ ဖြင့္ပြဲကို ယေန႔နံနက္ပိုင္းတြင္ တုိင္းစစ္ဌာနခ်ဳပ္၊ အားကစားခန္းမ၌ ျပဳလုပ္ရာ တုိင္းမွဴး ဗိုလ္ခ်ဳပ္သက္ပံုႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ၿပိဳင္ပြဲဝင္ အားကစားသမားမ်ားႏွင့္ ဒိုင္အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားသည္။  ထုိ႔ေနာက္ တိုင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူမ်ားက ၿပိဳင္ပြဲဝင္ အားကစားသမားမ်ား၏ အဖြင့္ပြဲစဥ္ ယွဥ္ၿပိဳင္မႈမ်ားကို ၾကည့္႐ႈ အားေပးၾကသည္။

အဆိုပါ ျမန္မာ့သိုင္းၿပိဳင္ပြဲတြင္ ဗန္တိုအတိုက္၊ ပန္ၾကပ္ဆီလပ္အတိုက္၊ ဓားတစ္လက္ အတိုက္ႏွင့္ ဓားႏွစ္လက္ အတိုက္ၿပိဳင္ပြဲမ်ား ပါဝင္ၿပီး ၿပိဳင္ပြဲဝင္အသင္း ၁၈ သင္းျဖင့္ ၾသဂုတ္ ၁၉ ရက္အထိ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်  သြဂုတ်  ၁၅

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ပြိုင်ပွဲဝင် အားကစားသမားများ၏ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေးကြသည်။

အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲတွင် ဗန်တိုအတိုက်၊ ပန်ကြပ်ဆီလပ်အတိုက်၊ ဓားတစ်လက် အတိုက်နှင့် ဓားနှစ်လက် အတိုက်ပြိုင်ပွဲများ ပါဝင်ပြီး ပြိုင်ပွဲဝင်အသင်း ၁၈ သင်းဖြင့် သြဂုတ် ၁၉ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News