

နေပြည်တော်  သြဂုတ်  ၁၅



(Unicode Version)

ကျိုင်းတုံမြို့၌ ဝါတွင်းကာလ စုပေါင်း ဆွမ်းလောင်းလှူပွဲ ပြုလုပ်

နေပြည်တော်  သြဂုတ်  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဝါတွင်းကာလ စုပေါင်း ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး၌ပြုလုပ်ရာ ကျိုင်းတုံမြို့ပေါ် ကျောင်းတိုက် ၂ဝ တိုက်မှ သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင် သီလရှင်များ ကြွရောက်တော်မူကြသည်။

အဆိုပါ  စုပေါင်း ဆွမ်းလောင်းလှူပွဲတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြပြီး သံဃာတော် ၂၃၃ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် ၁၅ ပါးတို့အား စုပေါင်း ဆွမ်းလောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။

Recent News